advice

ဆိုက္ကားဘဲ ပြိုင်နင်းလို့ ပထမဖြစ်ရင်

အနင်းအမြန်ဆုံး ဆိုက္ကားသမားဘဲဖြစ်လာမယ်။Operational effectivenessကိုဘဲအာရုံစိုက်နေရင်Nokiaလိုဖြစ်သွားမယ်။ Phyo Paing @ Derek

ဆိုက္ကားဘဲ ပြိုင်နင်းလို့ ပထမဖြစ်ရင် Read More »

သူများကိုဝေဖန်တာ သင့်အပြစ်မဟုတ်ဘူး။

သူများကိုသာ ဝေဖန်ပြီးသင် အဝေဖန်မခံရတာက သင့်အပြစ်ဖြစ်သွားပြီ။ဘာကြောင့်လဲဆိုတော့အပြစ်ပြောစရာရှိလောက်အောင်အဖြစ်ရှိအောင် မကြိုးစားသေးလို့။ Phyo Paing @ Derek

သူများကိုဝေဖန်တာ သင့်အပြစ်မဟုတ်ဘူး။ Read More »

လူတစ်ယောက်ရဲ့ သက်တမ်း

လူတစ်ယောက်ရဲ့ သက်တမ်းဟာအကြမ်းဖျင်း ရက်ပေါင်း ၃၀၀၀၀ ရှိတယ်။ဒါကြောင့် ကိုယ်စိတ်မဝင်စားတဲ့ အလုပ်တစ်ခုကိုလုပ်ပြီးအချိန်ဖြုန်းနေတာထက် စိတ်ဝင်စားပြီးPassionate ဖြစ်တဲ့ အလုပ်ကိုလုပ်တာဘဝက  ပိုအဓိပ္ပာယ်ရှိမယ်ထင်တယ်။Phyo Paing @ Derek

လူတစ်ယောက်ရဲ့ သက်တမ်း Read More »

Facebook မှာကြော်ငြာတဲ့အခါ သိသင့်တဲ့အချက် ကိုးချက်

၁. ကိုယ့်ကြော်ငြာရဲ့ အဓိကရည်ရွယ်ချက်ကဘာလဲ? လူသိဖို့လား၊ စုံစမ်းမေးမြန်းမှုတွေယူပြီး data ယူထားချင်တာလား၊ ရောင်းချင်တာလား? ၂. ကိုယ့်ရဲ့ target audience မှန်ရဲ့လား? Demographic အရ နေရာ၊ အသက်အရွယ်၊ ဝင်ငွေ၊ စိတ်ဝင်စားမှု အစရှိသည်။ အတိုကောက်အနေနဲ့ PUDOG – Psychographic, Usage, Demographic, Occassion အခါသမရ, Geographic နေရာကိုစဉ်းစားရမယ်။ ၃. Budget ဘယ်လောက်သုံးမှာလဲ? ဘယ်အချိန်တွေမှာကြော်ငြာမလဲ? ဘယ်လောက်ကြာကြာကြော်ငြာမလဲ? မကြော်ငြာခင် ဖောက်သည်တွေရဲ့ Customer Life-time Value (CLV) ကိုတစ်ချက်ချိန်ကြည့်ရမယ်။ =====================နံပတ် ၁ က Campaign Objective နံပတ် ၂ နဲ့ ၃ ကို Ads Set လို့ခေါ်ပါတယ်။

Facebook မှာကြော်ငြာတဲ့အခါ သိသင့်တဲ့အချက် ကိုးချက် Read More »

ဘာ့ကြောင့် Coach လိုသလဲ?

အခု Singapore မှာ ကျင်းပတဲ့ Tony Robbins ရဲ့ သင်တန်းတစ်ခုကိုတက်ရောက်နေပါတယ်။ ဒီမှာ ကိုနိုင်ဝင်းအောင်နဲ့ ပြန်ဆုံကြတယ်။ 2015 Nov မှာ Bangkok က Training တစ်ခုမှာဆုံကြရင်း ညီအစ်ကိုလိုရင်းနှီးလာခဲ့ကြတယ်။ မိဘနှစ်ပါး ကျွန်တော့်ရဲ့ အမေဟာ မြန်မာကျောင်းဆရာမတစ်ယောက်ဖြစ်ပြီး၊ အဖေကတော့ စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး အဖေကတော့ငယ်ကတည်းကဆုံးပါးသွားခဲ့သည်။ နှစ်ဖက်သွေးပါတဲ့ ကျွန်တော့်အနေနဲ့ စီးပွားရေးကို စိတ်ဝင်စားသလို၊ စာသင်တာကိုလည်းစိတ်ဝင်စားပါတယ်။ ပညာရေး ကျွန်တော့်အဖေနဲ့အဒေါ်ဟာ အရင်ခေတ်က FRC ဖြစ်တဲ့အတွက် ဆေးကျောင်းတက်ဖို့အမှတ်မှီခဲ့ပေမည့် တက်ခွင့်မရခဲ့ပါဘူး။ သူတို့တက်ခွင့်မရခဲ့တဲ့ ဆေးကျောင်းကို ညီအစ်ကိုနှစ်ရောက်တက်ရောက်ခဲ့ပါတယ်။ ရင်ဆိုင်မှုများ ဆေးကျောင်းတက်နေရင်းဖြင့် ကုန်သည်လုပ်ဖြစ်သလို 2011 မှာ mebook ဆိုတဲ့ iPad ပုံစံ tablet များကို ပြည်တွင်းသို့တင်သွင်းလာပြီး စျေးကွက်ဖြန့်တဲ့အခါ ပြဿနာစတင်ကြုံရပါတယ်။

ဘာ့ကြောင့် Coach လိုသလဲ? Read More »

လူတွေကို ကြင်နာပေးပါ။

စား၀တ်နေရေးအတွက် ရုန်းကန်ရတဲ့သူ။ အကြွေးတွေတင်နေသူ။ ဘ၀လုံခြုံမှုအတွက် ခိုးကိုးရာရှာဖွေနေသူ။ အထီးကျန်စိတ်ပျက်အားငယ်နေသူ။ လူတွေအသိအမှတ်ပြုခံလိုနေသူ။ အောင်မြင်မှုကို ဆာလောင်နေသူ။ ဘ၀ရဲ့ အနှစ်သာရကို ရှာဖွေနေသူ။ လူတိုင်းလူတိုင်းဟာ လိုအပ်ချက်တိုင်းကို ရှာဖွေဖြည့်ဆည်းနေရင်း တခါတခါ အတ္တချင်း ခလုတ်တိုက်မိကြတယ်။ စာနာပေးလိုက်ပါ။ နားလည်ပေးလိုက်ပါ။ ခွင့်လွှတ်ပေးလိုက်ပါ။ Phyo Paing @ Derek

လူတွေကို ကြင်နာပေးပါ။ Read More »

Power Law နှစ်ခုကိုပြောပြမယ်။

Never Outshine Your Masterကိုယ့်ရဲ့ဆရာကို ဆရာသွားမလုပ်နဲ့။ သိနေရင်တောင် သူတို့လောက်မသိကြောင်းပြပါ။ ပေါင်းသင်းဆက်ဆံရေးမှာလည်း တူတူပဲ။ ကိုယ့်ရဲ့မိတ်ဆွေထက် လည်ကြောင်း တတ်ကြောင်းပြတဲ့အခါ ကိုယ့်ကို threat တစ်ခုလို့မြင်လာပြီး အခွင့်အလမ်းတွေ ဆုံးရှုံးတတ်တယ်။ Let’s keep it secret between you and meဘယ်သူ့မှ မပြောနဲ့နော် ဒါ ငါတို့နှစ်ယောက်ကြားပဲ သိတာ။ လူနှစ်ယောက်ရင်းနှီးမှုကိုပိုစေတယ်။ များများသုံးပေးပါ။ Robert Greene ရဲ့48 Laws of Power Phyo Paing @ Derek

Power Law နှစ်ခုကိုပြောပြမယ်။ Read More »

စိတ်ညစ်နေမည့်အစား

လူတိုင်းအားနည်းချက်ရှိတယ်။ ဒါကို စိတ်ညစ်နေမည့်အစား ကိုယ့်ရဲ့ အားသာချက်ကိုရှာ ပိုကောင်းအောင်လုပ်။ လူကောင်းသေးပေမယ့် ဘောလုံးမှာ ကြိုးစားမှုကြောင့် Messi ဖြစ်လာတယ်။ လူမည်းပေမယ့် သီချင်းအဆိုတော်တဲ့အခါ မိုက်ကယ်ဂျယ်ဆင်ဖြစ်လာတယ်။ Phyo Paing @ Derek

စိတ်ညစ်နေမည့်အစား Read More »

လိုချင်တာမရခဲ့ရင် ဒီထက်ပိုကောင်းတာရလိမ့်မယ်။

လေယာဉ်မယ် အလုပ်လျှောက်တယ်။ မရခဲ့တော့ နောက်ဆုံးလေကြောင်းလိုင်းတစ်ခု ထောင်လိုက်တယ်။ Facebook မှာအလုပ်လျှောက်တယ်။ မရခဲ့တော့ Messaging App တစ်ခု ရေးပြီးနောက်ဆုံး 19 billion နဲ့ Facebook ကပေး၀ယ်ခဲ့တဲ့ Whatsapp လိုအဖြစ်တွေ မြင်နေကြားနေရလာတယ်။ ဒါကြောင့်လိုချင်တာ မရခဲ့ရင် ဒီထက်ပိုကောင်းတဲ့ အရာရမယ်လို့ အမြဲနှလုံးသွင်းပါလေ။ Phyo Paing @ Derek

လိုချင်တာမရခဲ့ရင် ဒီထက်ပိုကောင်းတာရလိမ့်မယ်။ Read More »

SPEED OF IMPLEMENTATION

သိပြီးတဲ့အရာကို ပြန်လည်အသုံးချတဲ့အချိန် ဘယ်လောက်ကြာသလည်း? ဒါဟာလူအများကို သင်တန်းတတ်တာ၊ TRAINING တတ်တာချင်း အတူတူကွာခြားစေတဲ့ အချက်ဖြစ်တယ်။ Phyo Paing @ Derek

SPEED OF IMPLEMENTATION Read More »