education

ပညာပိုင်းဆိုင်ရာ အတွက်
ကိုယ့်အတွက်တော့ အသက်ပဲ။

ကိုယ်လုပ်တဲ့အလုပ်မှာ အစားထိုးလို့မရတဲ့သူဖြစ်အောင် နေ့တိုင်းလုပ်တယ်။ ကိုယ်ဖြေရှင်းနေတဲ့ပြဿနာမှာ ကိုယ်က အတော်ဆုံးဖြစ်ရမယ်။ အထူးချွန်ဆုံးဖြစ်ရမယ်။အဲ့လို စိတ်ပဲထားတယ်။ အဲ့နေရာမှာတော့ ပြိုင်ဆိုင်မှုပြင်းတယ်။ Competitive ဖြစ်တယ်။ ကျန်တဲ့ ဂုဏ်ရှိန်ဝါထက်ပညာပိုင်းဆိုင်ရာ အတွက်ကိုယ့်အတွက်တော့ အသက်ပဲ။ Phyo Paing @ Derek

ပညာပိုင်းဆိုင်ရာ အတွက်
ကိုယ့်အတွက်တော့ အသက်ပဲ။
Read More »

ပညာရေး

ဘဝမှာ ကိုယ်ဖြေရှင်းချင်တဲ့ အရေးကြီးတဲ့ ပြဿနာတွေရှိတယ်။ ဒါကတော့ “ပညာရေး”ပဲ။ ပညာရေးက ဘဝတွေကို အပြောင်းအလဲ လုပ်ပေးနိုင်တယ်။ လူမှုဘဝ လှေကားထစ်တစ်ဆင့်ချင်းတက်ဖို့ “ပညာရေး” က ကူညီပေးတယ်။ ကျွန်တော့်ဘဝကို ပြောင်းလဲစေတာလဲ“ပညာရေး” ပဲ။ ကျွန်တော် တကယ်ယုံကြည်တဲ့ပညာရေးကတော့“ကိုယ်တိုင်လေ့လာ အဖြေရှာတဲ့ ပညာရေး”။ ဘာကြောင့်လဲဆိုတော့ တိုးတက်မှုဆိုတာ ဘယ်သူ့မှလာလုပ်ပေးလို့မလွယ်ဘူး။ကိုယ်တိုင်လုပ်ဆောင်ရတဲ့ ကိုယ်တိုင်လုပ် “Do it Yourself – DIY” ဖြစ်ပါတယ်။ ဒါကြောင့် ဘဝတစ်ခုလုံးကို ဒီတိုးတက်ဖို့ “ပညာရေး” မှာ ရင်းနှီးမြုပ်နှံထားတယ်။ ကိုယ့်ဘဝရဲ့ သမိုင်းပေးအလုပ်life’s task က ကိုယ့်ကိုခွင့်ပေးတဲ့သူတွေရဲ့ဘဝကိုအကောင်းဆုံး ဗားရှင်းဖြစ်အောင်ပညာရေး၊ နည်းစနစ်နဲ့ နည်းပညာအသုံးပြုပြီးကူညီပေးဖို့ပဲ။ Phyo Paing @ Derek

ပညာရေး Read More »

ပညာဆိုတာ အရသာခံဖို့

ပညာဆိုတာ အရသာခံဖို့ ပညာမတတ်ရင် အရသာမခံတတ်ဘူး။ ပညာမတတ်ရင် မမြင်တတ်ဘူး။ ပညာမတတ်ရင် မကြားတတ်ဘူး။ ဂီတပညာကောင်းကောင်းတတ်တဲ့သူနဲ့သာမာန်သူနဲ့ ဂီတခံစားရတဲ့အာရုံအတိမ်အနက်မတူသလိုပဲ။ ပညာဆိုတာ အင်္ဂလိပ်လို knowledge တဲ့။ အကြောင်းအရာတစ်ခုနဲ့ ရင်းနှီးမှုတဲ့။နည်းပညာအကြောင်း မရင်းနှီးရင်နည်းပညာအရသာခံဖို့မလွယ်ဘူး။ စိတ်ပညာအကြောင်းမသိရင်လူတွေကို နားလည်ဖို့ မလွယ်ဘူး။ Phyo Paing @ Derek

ပညာဆိုတာ အရသာခံဖို့ Read More »

Higher education က အချိန်နဲ့ငွေပိုကုန်တယ်။

အသက်မွေးဝမ်းကြောင်းပညာရေးသင်ပေးတဲ့ Trade skills နဲ့ အဆင့်မြင့်ပညာရေး Higher education မှာဝင်ငွေမြန်မြန်ရချင်ရင် သင်ရမည့်အလုပ်က trade skill ပဲ။ အဲကွန်းပြင်တာ၊ လက်သမား။ သုံးလေးငါးလ၊ တစ်နှစ်နဲ့ ကျွမ်းကျင်ပြီးဝင်ငွေရှာလို့ရမည့်အရာ။ Higher education က အချိန်နဲ့ငွေပိုကုန်တယ်။ Phyo Paing @ Derek

Higher education က အချိန်နဲ့ငွေပိုကုန်တယ်။ Read More »

ပညာရွှေအိုး လူမခိုး။
ကိုယ့်ကိုယ်ကို ရင်းနှီးမြုပ်နှံဖို့လိုတယ်။

ပညာသင်တယ်ဆိုတာ အမြင်ရှိဖို့။ မြင်ပြီးရင် နားလည်ဖို့။နားလည်ပြီးရင် အသုံးပြုတတ်ဖို့။ အသုံးပြုတတ်ပြီးရင် အသစ်ဖန်တီးဖို့။ ဘွဲ့တွေအိမ်မှာ ချိပ်ထားဖို့ထက်အများကြီးပိုတယ်။ Leonardo Da Vinci ဆို ရေးတတ်၊ ဖတ်တတ်တာအပြင်ကျောင်းတက်ခွင့်မရခဲ့ရှာဘူး။ ဒါပေမယ့် ကမ္ဘာ့ကျော် polymath ဖြစ်တယ်။ Edison လဲ စာဖတ်နှေးလို့ကျောင်းကနေထုတ်ပြီး အမေက သင်ပေးခဲ့တယ်။ Einstein က The only thing that interferes with my learning is my education တဲ့။ ပညာဆိုတာ ကျောင်းမှာတစ်ခုတည်းသင်ရတာမဟုတ်ဘူး။ ဒီနေ့ခေတ်လို့ MOOC (Massive Open Online Course)တွေဖြစ်တဲ့ cousera တို့online learning platform တွေအများကြီးပေါ်လာပြီး သင်ယူမှုကို ကန့်သတ်ထားတာကိုယ်ကိုယ်တိုင်ဖြစ်သွားပြီ။ AI တစ်ခေတ်ရောက်လာတော့ပိုတောင်ကြမ်းလာပြီ။

ပညာရွှေအိုး လူမခိုး။
ကိုယ့်ကိုယ်ကို ရင်းနှီးမြုပ်နှံဖို့လိုတယ်။
Read More »

လူတွေကို အပြောင်းအလဲလုပ်ပေးတာ

လူတွေကို အပြောင်းအလဲလုပ်ပေးတာ“ပညာရေး”။ ကျွန်တော်ကတော့ model နှစ်မျိုးနဲ့သွားတယ်။ ငွေကြေးမတတ်နိုင်တဲ့သူတွေအတွက်လေ့လာနိုင်ဖို့Youtube မှာ 380 ကျော်တင်ထားပေးတယ်။ နောက် drphyopaing .com မှာ စာအုပ်ထဲမှာ ရေးထားတဲ့ အကြောင်းအရာအကုန်လုံးအပြင်တစ်သက်လုံးရေးထားသမျှ အကုန်တင်ထားပေးတယ်။နောက် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ဆရာ၊ ဆရာမတွေအတွက် Modern Teaching Techniques (MTT) ကို၂၀၁၈ ကစတင်ပြီး Covid-19 မတိုင်ခင်တဲ့ပညာဒါန မျှဝေပေးခဲ့တယ်။ နောက်တစ်မျိုးကတော့ကုန်ပစ္စည်း၊ ဝန်ဆောင်မှုအသစ်တွေအတွက်လိုအပ်တဲ့ ငွေကြေးထပ်ရှာဖို့လုပ်ရတယ်။ဒီမှာ YEC ရဲ့ product တွေဖြစ်တဲ့Toe Tet, Dream Lab, Akyanpay,Insidernote App တွေကို အခပေးbusiness model နဲ့ တည်ဆောက်ထားတယ်။ ကိုယ်ဖန်တီးမှုတွေက လူအများကြီးအတွက်အကျိုးရှိစေနိုင်မှ ရှိစေလိမ့်မယ်။ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဖက်ကမျှဝေနေဖို့ပဲလိုတယ်လို့ထင်တယ်။ မြန်မာနိုင်ငံမှာဆို ဆရာကြီးပီမိုးနင်းတို့၊လူထုစိန်ဝင်းတို့လို ဆရာတွေဆိုရင်လဲအရမ်းလေးစားဖို့ကောင်းတယ်လို့ထင်တယ်။ Phyo Paing @

လူတွေကို အပြောင်းအလဲလုပ်ပေးတာ Read More »

ပညာရေးဆိုတာ ဖြတ်လမ်းပဲ။

တိရိစ္ဆာန်တွေမှာ ကိုယ့်အတွေ့အကြုံကိုပညာရေးအနေနဲ့ လက်ဆင့်ကမ်းဖို့အခက်အခဲရှိကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း 1910 ကျော်မှာ အရာရှိ Cai Lun က စက္ကူတီထွင်ပြီးနောက်ပညာရပ်တွေကို လွယ်လွယ်ကူကူလက်ဆင့်ကမ်းသင်ပေးလို့ရသွားတယ်။ အခုလို အင်တာနက်နဲ့ ဒီဂျစ်တယ်ခေတ်မှာပိုကြမ်းသွားတာပေါ့။ ပညာသင်တယ်၊ စာအုပ်ဖတ်တယ်ဆိုတာ ကိုယ့်ရှေ့ကလူတွေရဲ့ အတွေ့အကြုံတွေတွေ့ရှိချက်တွေ၊ လေ့လာမှုတွေ၊သီအိုရီတွေ၊ စည်းမျဥ်းတွေ၊လုပ်ပုံကိုင်ပုံတွေကို လေ့လာတာ။ ဖြတ်လမ်းတွေရှိတာကို ဘာကြောင့် ဥာဏ်တုံးပြီး အရေးမပါတာတွေအတွက် အချိန်ကုန်ခံနေမလဲ။ Phyo Paing @ Derek

ပညာရေးဆိုတာ ဖြတ်လမ်းပဲ။ Read More »

ပညာနဲ့ ဥစ္စာမရှိရင်
ဘဝခရီး ထင်သလောက်မလွယ်လှဘူး။

ကျွန်တော်ထင်တာနောက်နှစ်နှစ်အတွင်းကို English လိုမတတ်ထားရင် တော်တော်လေးနောက်ကျကျန်ခဲ့တော့မယ်။AI ခေတ်မှာ English လိုဖတ်တတ်တဲ့သူကလိုချင်တဲ့ သတင်းအချက်အလက်ရှာဖွေဖော်ထုတ် “အသုံးပြု”နိုင်တဲ့အချိန်မှာကိုယ်က ဘယ်ဆရာပြောတယ်ဆိုတဲ့လွန်ခဲ့တဲ့ နှစ်ဆယ်ရာစုအတိုင်းသွားနေသေးရင်ပိုပိုဝေးသွားလိမ့်မယ်။ တချို့က ပညာကို ဥစ္စာနဲ့လဲတယ်။တချို့က ဥစ္စာကို ပညာနဲ့လဲတယ်။တချို့က အချိန်ကို ဥစ္စာနဲ့လဲတယ်။ ပညာနဲ့ ဥစ္စာမရှိရင်ဘဝခရီး ထင်သလောက်မလွယ်လှဘူး။ Phyo Paing @ Derek

ပညာနဲ့ ဥစ္စာမရှိရင်
ဘဝခရီး ထင်သလောက်မလွယ်လှဘူး။
Read More »

Computer ဆိုတာ ငွေရိုက်စက်ပဲ။

ဒီ laptop တစ်လုံးကို Money-making machineငွေရိုက်စက်လို စမြင်တာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က။ တရုတ်ပြည်က ICBC bank ကိုသွားတယ်။ အကောင့်ဖွင့်တယ်။Post တင်ပြီး တရုတ်က ပစ္စည်းတွေ ဝယ်ပေးတယ်။ ၂၀၁၄ မှာ Redmi 1S တွေကို $13 Facebook က boost လုပ်ကြော်ငြာရင်တစ်ရက် အလုံး ၁၀၀ ကျော်ရောင်းရတယ်။တစ်လုံး ၁ သောင်းလောက်မြတ်တော့မားကတ်တင်းရဲ့ အစွမ်းအစကိုသိသွားတယ်။ နောက်ပိုင်းလူတွေအပြိုင်းစျေးလျော့တော့ကိုယ်တိုင် စိတ်ကြိုက်စျေးသတ်မှတ်လို့ရတဲ့ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေပဲဖန်တီးမယ်ဆိုပြီးသင်ကြားရေး လောကထဲ ခြေစုန်ပစ်ဝင်တယ်။ နောက်အကြံပေးတာ၊ Website, App ဖန်တီးတာ၊ Digital Transformation အပိုင်းကူညီပေးတာMarketing နဲ့ Strategy မဟာဗျူဟာချမှတ်တဲ့အပိုင်းကူညီပေးတဲ့အပိုင်းရောက်လာတယ်။ ကွန်ပြူတာကို ငွေရိုက်စက်ပြောင်းလို့ရတဲ့ယေဘူယျ အလုပ်နှစ်ခု ရှိတယ်။ တစ်ခုက Trading လုပ်တာ၊

Computer ဆိုတာ ငွေရိုက်စက်ပဲ။ Read More »

ဘယ်နေ့ဘာဖြစ်မလဲ
ဘယ်သူမှ မပြောနိုင်ဘူးလေ။

ကျွန်တော်သာဆို ဘာလုပ်မလဲခဏ ခဏ လာမေးကြတဲ့ မိတ်ဆွေတွေကိုကျွန်တော် ပွင့်ပွင့်လင်းလင်းပဲပြောပါ့မယ်။မှန်ရင်လဲ မှန်မယ်။မှားရင်လဲ မှားမယ်။တစ်ခုခုတော့ အကျိုးရှိစေလိမ့်မယ်။ ကျွန်တော်သာ ၂၁-၂၅ နှစ်အောက်ဘွဲ့ရပြီးသားဆို UK Ofqual အသိအမှတ်ပြု Level 6 Diploma တစ်ခုကိုအချိန်ခြောက်လလောက်အတွင်းယူမယ်။နောက် PR မခက်တဲ့နိုင်ငံ ဥပမာ Canda ဖက်က Master တစ်ခု သွားတက်မယ်။ နှစ်နှစ်တက်ပြီး သုံးနှစ်အလုပ်လုပ်ခွင့်ရ၊တစ်နှစ်ပြီးတာနဲ့ PR လျှောက်မယ်။ဟိုမှာအလုပ်လုပ်ရင်လုပ်ပြီးမှ မြန်မာပြည်ပြန်လာ စီးပွားရေးလုပ်။ ဘာကြောင့် Ofqual လဲဆိုတော့မြန်မာပြည်ဘွဲ့တချို့က Third party verification လုပ်တဲ့အခါသိပ်စိတ်မချရဘူး။ Third party verification ဆိုတာ ကိုယ့်ဘွဲ့လက်မှတ် ဘယ်လောက်အဆင့်ရှိလဲဆိုတာ ဆန်းစစ်တဲ့အဖွဲ့အစည်း ဥပမာ World Education Services (WES) တို့လို။ ကျွန်တော် ၂၅

ဘယ်နေ့ဘာဖြစ်မလဲ
ဘယ်သူမှ မပြောနိုင်ဘူးလေ။
Read More »