education

အမြင့်မတူရင် အမြင်တွေမတူသလို၊
အမြင်မတူရင်လဲ အမြင့်တွေမတူတော့ဘူး။

သင်ဖူးတဲ့ပညာအရည်အချင်း၊ သွားဖူးတဲ့နေရာ၊ တွေ့ဖူးတဲ့သူ၊ ကျော်လွှားဖူးတဲ့အခက်အခဲ၊ရဖူးတဲ့အတွေ့အကြုံ၊ ဆွတ်ခူးဖူးတဲ့ရလဒ်မတူရင်အမြင်တွေလဲမတူနိုင်ဘူး။ အမြင့်မတူရင် အမြင်တွေမတူသလို၊အမြင်မတူရင်လဲ အမြင့်တွေမတူတော့ဘူး။ တချို့ နယ်ပယ်တစ်ခုမှာထိပ်ဆုံးရောက်နေသူတွေရဲ့စကားတချို့ကို ကိုယ်က “ငပိန်း” လို့ကောက်ချက်ချချင်ပြီဆို “ငါမမြင်တာ သူဘာမြင်လို့လဲ၊ဘာတွေ ဆက်လေ့လာဖို့လိုမလဲ” ဒီမေးခွန်းမေးကြည့်လိုက်။ ကိုယ်လဲ ပိုတိုးတက်လာလိမ့်မယ်။ ကျွန်တော်ကတော့ အဲ့လိုပဲကျင့်သုံးတယ်။ Phyo Paing @ Derek

အမြင့်မတူရင် အမြင်တွေမတူသလို၊
အမြင်မတူရင်လဲ အမြင့်တွေမတူတော့ဘူး။
Read More »

ဘွဲ့ရ ပညာမတတ်

တချို့ လိုင်စင်လိုတဲ့အလုပ်တွေကလွဲရင်ဒီနေ့ခေတ်က ပညာတတ်ဖို့ ဘွဲ့ရစရာမလိုဘူး။ ဘွဲ့ရလဲ ပညာမတတ်တဲ့သူအများကြီး။ ပညာသင်ဖို့မဟုတ်ဘဲဘွဲ့ယူဖို့ပဲကျောင်းတက်တာကအချိန်နဲ့ငွေကို မလကားဖြုန်းတီးတာပဲ။ ဒီနေ့ခေတ် ကျွန်တော်မြင်ဖူးတဲ့တကယ့်ထူးချွန်သူအများစုကကိုယ်လေ့လာချင်တဲ့ပညာရပ်ကိုကျောင်းကသင်ပေးလိုက်လို့မဟုတ်ဘူးကိုယ်တိုင်လေ့လာပြီး self-education နဲ့ထူးချွန်လာကြတာများတယ်။ ကျောင်းတွေ၊ သင်တန်းတွေကguideline ပေးနိုင်လိမ့်မယ်။ထူးချွန်ပြောင်မြောက်ဖို့ကကိုယ်တိုင်လုပ်မှ။ ဘယ်သင်တန်းကြောင့်ဘယ်လိုအပြောင်းအလဲဖြစ်သွားတယ်ဆိုတာသင်တန်းတွေကြော်ငြာရင်တော့အလုပ်ဖြစ် သင်တန်းသားတွေရတယ်။ တကယ်တန်း ဒီလိုဆာလောင်ကြိုးစားနေတဲ့သူကဘယ်သူ့ဆီတက်တက်အောင်မြင်မှာပဲ။ဘာကြောင့်လဲဆို သူက အစဉ်တစိုက်ကြိုးစားရှာဖွေပြီး အောင်မြင်အောင်လုပ်နေတာကိုး။ ပညာတတ်ဖို့ ဘွဲ့ရစရာမလို၊ဘွဲ့ရတိုင်းလဲ ပညာမတတ်။ပညာကိုဆာလောင်ဖို့လိုတယ်။ Phyo Paing @ Derek

ဘွဲ့ရ ပညာမတတ် Read More »

Rich kid မဟုတ်လေဘဝတစ်ဆစ်ချိုးဖြစ်ဖို့အတွက်မဟာဗျူဟာ လိုလေပဲ။

မဟာဗျူဟာဆိုတာအခုချက်ချင်းချအခုချက်ချင်းလုပ်ဆောင်လို့ရတဲ့အရာမဟုတ်ဘူး။တစ်ကွက်ချင်းရွေ့သွားရတဲ့အရာ။ ကိုယ်က တက္ကသိုလ်ကျောင်းတတ်တယ်။ကျောင်းမပြီးခင်ကတည်းကကျောင်းပြီးရင် ငါဘာလုပ်မယ်။ဘယ်ကိုသွားမယ်။​အနာဂတ်ဖြစ်နိုင်ခြေကိုအနာဂတ် A, B, C ကို ပုံဖော်တဲ့Scenario planning လိုတယ်။ ကျောင်းတတ်တုန်းမှာဘယ်သူတွေနဲ့ပေါင်းမယ်၊ဘာတွေကြိုလေ့လာထားမယ်၊ဘာအလုပ်တွေလုပ်မယ်၊ဘယ်သူတွေနဲ့တွေ့မယ်ကြိုတင်ပြင်ဆင်ထားလို့ရတယ်။ စစ်ဘုရင် နပိုလီယံလိုပေါ့။ကျောင်းသားဘဝကတည်းကသင်င်္ချာပညာ၊ ပထဝီ၊ စစ်ပညာနဲ့ရူပဗေဒတွေကို လေ့လာသလိုစစ်ဘုရင်တွေဖြစ်တဲ့Hannibal, Julius Caesar,Alexander the Great တို့ကိုလေ့လာတယ်။အနာဂတ်ပလန်အတွက်တစ်ဆင့်ချင်း အကောင်အထည်ဖော်သွားတယ်။ တရုတ်မှာဆို ဟန်မင်းဆက်ကိုတည်ထောင်တဲ့ရွာသားအသက်ကြီးမှဘုရင်ဖြစ်လာတဲ့ လုန်ပန်း Liu Bang (劉邦) ဆိုတာရှိတယ်။ရွာသားကနေ တရုတ်တစ်နိုင်ငံလုံးရဲ့ဘုရင်ဟန်မင်းဆက်ကို တည်ဆောက်ဖို့အတွက်လူတော်တွေလာအောင်၊​အကွက်ချတာ၊ ပြဿနာဖြေရှင်းတာ၊ပညာရှင်တွေနဲ့ ဝန်းရံတာ၊ပါဝါပလေးလာလုပ်တဲ့ စစ်သူကိုနှိမ်နင်းတာမဟာဗျူဟာ အကွက်ရွေ့မှုတွေအများကြီးလုပ်ရတယ်။ ကံကောင်းရုံနဲ့ ဘဝတစ်ဆစ်ချိုးဖြစ်ရင်တစ်ခါ၊ နှစ်ခါပဲဖြစ်မယ်။ဘဝမှာ အကြိမ်ကြိမ်ဖြစ်ဖို့ဥာဏ်ကောင်းဖို့လိုတယ်။အထူးသဖြင့် မဟာဗျူဟာဥာဏ်ရှိဖို့လိုတယ်။ Phyo Paing @ Derek

Rich kid မဟုတ်လေဘဝတစ်ဆစ်ချိုးဖြစ်ဖို့အတွက်မဟာဗျူဟာ လိုလေပဲ။ Read More »

ဘာပေါ်မူတည်လဲဆို “ဥာဏ်”ပေါ်မူတည်တယ်။

ပညာရှာတဲ့သူတိုင်းလဲ ပညာမရသွားဘူး။ငွေရှာတဲ့သူတိုင်းလဲ ငွေရမသွားဘူး။တရားရှာတဲ့သူတိုင်းလဲ တရားမရသွားဘူး။ ဥာဏ်ဆိုတာ“အမှားနဲ့ အမှန်၊အကျိုးနဲ့ အပြစ်ကို ခွဲခြားသိမြင်နိုင်စွမ်း”။ ပညာသင်ပေမယ့် ပညာဥာဏ်မပါလာရင်ပညာတတ်မှာမဟုတ်ဘူး။ငွေရှာတဲ့ဥာဏ်ပါမလာရင်အကောင်ပြလဲ အရိပ်မြင်ဖို့မလွယ်ဘူး။ဓမ္မနဲ့တွေ့ပေမယ့်ဓမ္မကိုနားလည်နိုင်တဲ့ဥာဏ်မပါလာရင်နှလုံးသွင်းနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ဥာဏ်မြင့်ဖို့နေ့စဉ် ပါရမီဖြည့်ဖို့လိုတယ်။ Phyo Paing @ Derek

ဘာပေါ်မူတည်လဲဆို “ဥာဏ်”ပေါ်မူတည်တယ်။ Read More »

သာမန်တက္ကသိုလ်နဲ့ကျောင်းအများစုကဘွဲ့ရချင်လို့ လာတက်ကြတာများတယ်။

တော်တဲ့သူတွေနားရောက်ဖို့ထိပ်တန်းတက္ကသိုလ်တွေရောက်ရင်လဲတော်တဲ့သူတွေနဲ့ တွေ့ရတယ်။ ဒါကြောင့် တက္ကသိုလ်တက်တဲ့သူတိုင်းကဘဝပြောင်းလဲသွားတာမဟုတ်ဘူး။ကမ္ဘာ့၊ နိုင်ငံ့ထိပ်တန်းတက္ကသိုလ်တက်တဲ့သူတွေပဲအပြောင်းအလဲဖြစ်သွားတာများတယ်။ တချို့က တက္ကသိုလ်ကြောင့်မဟုတ်ဘဲဆရာကြောင့် အပြောင်းအလဲဖြစ်သွားတာများတယ်။ဥပမာ ဝါရင်ဘဖက်ဆိုရင်သူ့ဆရာ ဘန်ဂျမင် ဂရေဟန်ဆီကValue investing အတွေးအခေါ်တွေသင်ခဲ့တယ်။ ပညာရပ်တစ်ခုကို တကယ်ရူးသွပ်လို့၊လေ့လာချင်လို့၊ကိုယ့်လိုလူတွေနဲ့ထိတွေ့ဆွေးနွေးဖို့အဲ့လိုလူတွေနည်းတယ်။ ဒါကြောင့် အပြောင်းအလဲလုပ်နိုင်တဲ့သူအများစုက ကမ္ဘာ့ထိပ်တန်း၊နိုင်ငံထိပ်တန်းတက္ကသိုလ်ကလူတွေပိုများကြတာကိုတွေ့လိမ့်မယ်။ အပြောင်းအလဲလုပ်ချင်ရင်Commercial တက္ကသိုလ်တွေအစားအချိန်ပေးနိုင်ရင် ထိပ်တန်းတက္ကသိုလ်တွေဝင်အောင်လုပ်၊ဒါမှမဟုတ် ကိုယ်လေ့လာချင်တဲ့နယ်ပယ်ကဆရာကျတဲ့သူတွေကို follow လုပ်၊သူတို့ဆီကလေ့လာ။ Phyo Paing @ Derek

သာမန်တက္ကသိုလ်နဲ့ကျောင်းအများစုကဘွဲ့ရချင်လို့ လာတက်ကြတာများတယ်။ Read More »

နားလည်မှုက ပညာပဲ။

စနစ်တစ်ခုဘယ်လိုအလုပ်လုပ်လဲနားမလည်ဘဲစိတ်အထင်နဲ့ ရှိသမျှအားကုန်ထည့်ရင်ပင်ပန်းပြီး အရာမထင်တာပဲ အဖတ်တင်မယ်။ စာအကြိုးစားဆုံးသူကစာအတော်ဆုံးသူဖြစ်ချင်မှ ဖြစ်မယ်။အလုပ်အကြိုးစားဆုံးသူကအလုပ်အပြီးဆုံးသူဖြစ်ချင်မှ ဖြစ်မယ်။ နားလည်မှုက ပညာပဲ။ဒါကြောင့် ကျွမ်းကျင်တဲ့သူ၊ နေရာဆီကလေ့လာနိုင်မှုက စူပါပါဝါတစ်ခုပဲ။ Phyo Paing @ Derek

နားလည်မှုက ပညာပဲ။ Read More »

မှန်ကန်တဲ့အမြင်ရှိဖို့
ပညာသင်ကြတယ်။

ပြဿနာအကုန်လုံးရဲ့အရင်းအမြစ်က မှန်ကန်တဲ့အမြင်မရှိလို့။ သမ္မာဒိဋ္ဌိ မရှိလို့။ ဗုဒ္ဓက မဂ္ဂင်ရှစ်ပါးမှာလဲနိဗ္ဗာန်ရောက်ဖို့ ပထမဆုံးတစ်ပါး သမ္မာဒိဋ္ဌိရှိဖို့ဟောကြားခဲ့တယ်။ လောကီမှာလဲအလားတူပဲပြဿနာအရင်းခံကအရှိကိုအရှိအတိုင်း အမှန်မမြင်နိုင်တာ။ အမှန်မမြင်ရင် နားမလည်နိုင်ဘူး။နားမလည်ရင် မှားမယ်။ အမှန်မြင်ဖို့ ပညာဆိုတာသင်တယ်။ပညာတကယ်သင်လို့တတ်ရင် မြင်မယ်။တကယ်မြင်ရင် တကယ်ပြင်မယ်။ဒါကြောင့် “သင်”၊ “မြင်”၊ “ပြင်” လို့ခေါ်တယ်။ ဘဝမှာဒီလိုကြုံဖူးလားမသိဘူး။အရင်ကမသိခဲ့တဲ့အရာတစ်ခုကဝုန်းကနဲ အလင်းပွင်းသွားတာမျိုး။ ဒါက “မြင်” သွားတာ။ မြင်မှ ပြင်တယ်။ မှန်ကန်တဲ့အမြင်ရှိဖို့ ပညာသင်ကြတယ်။ Phyo Paing @ Derek

မှန်ကန်တဲ့အမြင်ရှိဖို့
ပညာသင်ကြတယ်။
Read More »

ဥာဏ်နည်းလေ
အဖြေရှာဖို့ထက်
အပြစ်တင်တတ်လေပဲ။

မွဲတယ်ဆိုတာအတိတ်ဘဝ ကံနည်းတာ ပါရင်လဲပါမယ်။အဓိက မွဲစေတာကဥာဏ်နည်းတာ။ ဥာဏ်နည်းရင် ပြလဲမမြင်ဘူး။ဥာဏ်နည်းအောင်စာမဖတ်ခိုင်းနဲ့။ပညာမတတ်တာကို ဘွဲ့ပေး။ဘွဲ့ရပညာမတတ်ကဘွဲ့မရတာထက် ပိုဆိုးတယ်။ အလကားဘွဲ့ပေးလိုက်တာကိုပညာတတ်တယ်လို့ ထင်သွားတာ။ ပညာမတတ်ရင်မတွေးတတ်ဘူး။မတွေးရင် မမြင်ဘူး။ဒါကြောင့် အတွေးအမြင်လို့ခေါ်တာ။ မတွေးမမြင်တော့ဦးနှောက်နဲ့မဆုံးဖြတ်တတ်ဘူး။မျက်စိနဲ့မြင်တာကိုခံစားပြီးခံစားချက်နဲ့ပဲ ဆုံးဖြတ်တတ်မယ်။ ခံစားချက်နဲ့ဆုံးဖြတ်တော့အဖြေမရှာတတ်ဘူး။ခံစားချက်များလေ ဥာဏ်နည်းလေ။ ဒါကြောင့် ဥာဏ်နည်းလေအဖြေရှာဖို့ထက်အပြစ်တင်တတ်လေပဲ။ ကိုယ့်ကိုကိုယ်ဆုံးမရင်းရေးမိတာ။ Phyo Paing @ Derek

ဥာဏ်နည်းလေ
အဖြေရှာဖို့ထက်
အပြစ်တင်တတ်လေပဲ။
Read More »

အပြောင်းအလဲတွေက
အရင်ခေတ်တွေထက်
အရမ်းမြန်လိမ့်မယ်။

မူလတန်းနဲ့ အလယ်တန်းမှာအေအိုင်ပညာရေးစသင်ဖို့တရုတ်မှာ စနေကြပြီ။ အေပရယ်ကစပြီးဂျပန်အစိုးရအလုပ်တွေမှာ တစ်ပတ်လေးရက်အလုပ်လုပ်ချိန်အဖြစ်စသတ်မှတ်ဖို့လုပ်နေပြီ။ အပြောင်းအလဲတွေက အရင်ခေတ်တွေထက်အရမ်းမြန်လိမ့်မယ်။ ခေတ်ရှေ့ပြေးရင်ပြေးခေတ်နဲ့လိုက်ရင်လိုက်ဒရွတ်တိုက်လိုက်ရင်လိုက်။နောက်ကျမကျန်ခဲ့ဖို့လိုတယ်။ Phyo Paing @ Derek

အပြောင်းအလဲတွေက
အရင်ခေတ်တွေထက်
အရမ်းမြန်လိမ့်မယ်။
Read More »

အရေးအကြီးဆုံးက
အယူမမှားဖို့
ပညာသင် လေ့လာနေဖို့လိုတယ်။

အယူမှားတာလောက်လူဖြစ်ရှုံးတာမရှိဘူး။ ဒါကြောင့်လဲ မဂ္ဂင်ရှစ်ပါးမှာ ဗုဒ္ဓက သမ္မာဒိဋ္ဌိ မှန်ကန်တဲ့ အယူအမြင်ရှိဖို့ဟောကြားခဲ့တယ်။ ဒါကြောင့်လဲ မိဘတွေလူတွေက မှန်ကန်တဲ့အယူအမြင်ရှိဖို့ငယ်ကတည်းက ပညာသင်ပေးခဲ့ကြတာဖြစ်တယ်။ ရုပ်ဝတ္ထုတွေရဲ့အကြောင်းသိဖို့ရူပဗေဒပညာသင်ယူခဲ့ကြတယ်။ ဒြပ်ဝတ္ထုတွေရဲ့သဘောတရားနားလည်ဖို့ဓာတုဗေဒသင်ယူခဲ့ကြတယ်။သက်ရှိတွေရဲ့ သဘောသဘာဝနားလည်ဖို့ဇီဝဗေဒသင်ယူခဲ့ကြတယ်။ ပြောဆိုဆက်ဆံနိုင်ဖို့ လူ့အသွားအလာနားလည်ဖို့ဘာသာစကားတွေ သင်ယူခဲ့ကြတယ်။ ပြဿနာတွေကို ယုတ္တိကျကျဖြေရှင်းနိုင်ဖို့ သင်္ချာပညာသင်ခဲ့ကြတယ်။ တခါတလေ ပညာသင်ပြီးပညာတတ်ချင်မှ တတ်တာ။ ဒါကြောင့် အိုင်စတိုင်းကThe only thing that interferes with my learning is my education.”  တဲ့။ငါ့သင်ယူမှုအတွက်အဟန့်အတားကပညာရေးတဲ့။ တချို့ သာမန်ထက်ကျော်သွားတဲ့လေ့လာသူတွေအတွက် ကျောင်းတွေက ပညာသင်ပေးတဲ့နေရာမဟုတ်ပဲပညာသင်ဖို့ ကန့်သတ်တဲ့နေရာဖြစ်နေတတ်တယ်။ စဥ်းစားကြည့်လေ။ ကျောင်းတွေ အများကြီးတက်ဘွဲ့တွေယူခဲ့ပြီး ပညာတွေတတ်ကြလား။ သာမန်တက္ကသိုလ်အများစုကတတ်ချင်မှ တတ်လိမ့်မယ်။ တတ်သလိုလိုပဲဖြစ်လိမ့်မယ်။ ဒါက ဘွဲ့ရပညာမတတ်ဖြစ်လာစေတဲ့အကြောင်းအရင်းတစ်ခုပဲ။ ဘဝမှာ အယူမမှားဖို့ပညာရှာဖို့လိုတယ်။ Certificate ရှာရမှာမဟုတ်ဘူးလို့ထင်တယ်။ တကယ်လို့

အရေးအကြီးဆုံးက
အယူမမှားဖို့
ပညာသင် လေ့လာနေဖို့လိုတယ်။
Read More »