education

မှန်ကန်တဲ့အမြင်ရှိဖို့
ပညာသင်ကြတယ်။

ပြဿနာအကုန်လုံးရဲ့အရင်းအမြစ်က မှန်ကန်တဲ့အမြင်မရှိလို့။ သမ္မာဒိဋ္ဌိ မရှိလို့။ ဗုဒ္ဓက မဂ္ဂင်ရှစ်ပါးမှာလဲနိဗ္ဗာန်ရောက်ဖို့ ပထမဆုံးတစ်ပါး သမ္မာဒိဋ္ဌိရှိဖို့ဟောကြားခဲ့တယ်။ လောကီမှာလဲအလားတူပဲပြဿနာအရင်းခံကအရှိကိုအရှိအတိုင်း အမှန်မမြင်နိုင်တာ။ အမှန်မမြင်ရင် နားမလည်နိုင်ဘူး။နားမလည်ရင် မှားမယ်။ အမှန်မြင်ဖို့ ပညာဆိုတာသင်တယ်။ပညာတကယ်သင်လို့တတ်ရင် မြင်မယ်။တကယ်မြင်ရင် တကယ်ပြင်မယ်။ဒါကြောင့် “သင်”၊ “မြင်”၊ “ပြင်” လို့ခေါ်တယ်။ ဘဝမှာဒီလိုကြုံဖူးလားမသိဘူး။အရင်ကမသိခဲ့တဲ့အရာတစ်ခုကဝုန်းကနဲ အလင်းပွင်းသွားတာမျိုး။ ဒါက “မြင်” သွားတာ။ မြင်မှ ပြင်တယ်။ မှန်ကန်တဲ့အမြင်ရှိဖို့ ပညာသင်ကြတယ်။ Phyo Paing @ Derek

မှန်ကန်တဲ့အမြင်ရှိဖို့
ပညာသင်ကြတယ်။
Read More »

ဥာဏ်နည်းလေ
အဖြေရှာဖို့ထက်
အပြစ်တင်တတ်လေပဲ။

မွဲတယ်ဆိုတာအတိတ်ဘဝ ကံနည်းတာ ပါရင်လဲပါမယ်။အဓိက မွဲစေတာကဥာဏ်နည်းတာ။ ဥာဏ်နည်းရင် ပြလဲမမြင်ဘူး။ဥာဏ်နည်းအောင်စာမဖတ်ခိုင်းနဲ့။ပညာမတတ်တာကို ဘွဲ့ပေး။ဘွဲ့ရပညာမတတ်ကဘွဲ့မရတာထက် ပိုဆိုးတယ်။ အလကားဘွဲ့ပေးလိုက်တာကိုပညာတတ်တယ်လို့ ထင်သွားတာ။ ပညာမတတ်ရင်မတွေးတတ်ဘူး။မတွေးရင် မမြင်ဘူး။ဒါကြောင့် အတွေးအမြင်လို့ခေါ်တာ။ မတွေးမမြင်တော့ဦးနှောက်နဲ့မဆုံးဖြတ်တတ်ဘူး။မျက်စိနဲ့မြင်တာကိုခံစားပြီးခံစားချက်နဲ့ပဲ ဆုံးဖြတ်တတ်မယ်။ ခံစားချက်နဲ့ဆုံးဖြတ်တော့အဖြေမရှာတတ်ဘူး။ခံစားချက်များလေ ဥာဏ်နည်းလေ။ ဒါကြောင့် ဥာဏ်နည်းလေအဖြေရှာဖို့ထက်အပြစ်တင်တတ်လေပဲ။ ကိုယ့်ကိုကိုယ်ဆုံးမရင်းရေးမိတာ။ Phyo Paing @ Derek

ဥာဏ်နည်းလေ
အဖြေရှာဖို့ထက်
အပြစ်တင်တတ်လေပဲ။
Read More »

အပြောင်းအလဲတွေက
အရင်ခေတ်တွေထက်
အရမ်းမြန်လိမ့်မယ်။

မူလတန်းနဲ့ အလယ်တန်းမှာအေအိုင်ပညာရေးစသင်ဖို့တရုတ်မှာ စနေကြပြီ။ အေပရယ်ကစပြီးဂျပန်အစိုးရအလုပ်တွေမှာ တစ်ပတ်လေးရက်အလုပ်လုပ်ချိန်အဖြစ်စသတ်မှတ်ဖို့လုပ်နေပြီ။ အပြောင်းအလဲတွေက အရင်ခေတ်တွေထက်အရမ်းမြန်လိမ့်မယ်။ ခေတ်ရှေ့ပြေးရင်ပြေးခေတ်နဲ့လိုက်ရင်လိုက်ဒရွတ်တိုက်လိုက်ရင်လိုက်။နောက်ကျမကျန်ခဲ့ဖို့လိုတယ်။ Phyo Paing @ Derek

အပြောင်းအလဲတွေက
အရင်ခေတ်တွေထက်
အရမ်းမြန်လိမ့်မယ်။
Read More »

အရေးအကြီးဆုံးက
အယူမမှားဖို့
ပညာသင် လေ့လာနေဖို့လိုတယ်။

အယူမှားတာလောက်လူဖြစ်ရှုံးတာမရှိဘူး။ ဒါကြောင့်လဲ မဂ္ဂင်ရှစ်ပါးမှာ ဗုဒ္ဓက သမ္မာဒိဋ္ဌိ မှန်ကန်တဲ့ အယူအမြင်ရှိဖို့ဟောကြားခဲ့တယ်။ ဒါကြောင့်လဲ မိဘတွေလူတွေက မှန်ကန်တဲ့အယူအမြင်ရှိဖို့ငယ်ကတည်းက ပညာသင်ပေးခဲ့ကြတာဖြစ်တယ်။ ရုပ်ဝတ္ထုတွေရဲ့အကြောင်းသိဖို့ရူပဗေဒပညာသင်ယူခဲ့ကြတယ်။ ဒြပ်ဝတ္ထုတွေရဲ့သဘောတရားနားလည်ဖို့ဓာတုဗေဒသင်ယူခဲ့ကြတယ်။သက်ရှိတွေရဲ့ သဘောသဘာဝနားလည်ဖို့ဇီဝဗေဒသင်ယူခဲ့ကြတယ်။ ပြောဆိုဆက်ဆံနိုင်ဖို့ လူ့အသွားအလာနားလည်ဖို့ဘာသာစကားတွေ သင်ယူခဲ့ကြတယ်။ ပြဿနာတွေကို ယုတ္တိကျကျဖြေရှင်းနိုင်ဖို့ သင်္ချာပညာသင်ခဲ့ကြတယ်။ တခါတလေ ပညာသင်ပြီးပညာတတ်ချင်မှ တတ်တာ။ ဒါကြောင့် အိုင်စတိုင်းကThe only thing that interferes with my learning is my education.”  တဲ့။ငါ့သင်ယူမှုအတွက်အဟန့်အတားကပညာရေးတဲ့။ တချို့ သာမန်ထက်ကျော်သွားတဲ့လေ့လာသူတွေအတွက် ကျောင်းတွေက ပညာသင်ပေးတဲ့နေရာမဟုတ်ပဲပညာသင်ဖို့ ကန့်သတ်တဲ့နေရာဖြစ်နေတတ်တယ်။ စဥ်းစားကြည့်လေ။ ကျောင်းတွေ အများကြီးတက်ဘွဲ့တွေယူခဲ့ပြီး ပညာတွေတတ်ကြလား။ သာမန်တက္ကသိုလ်အများစုကတတ်ချင်မှ တတ်လိမ့်မယ်။ တတ်သလိုလိုပဲဖြစ်လိမ့်မယ်။ ဒါက ဘွဲ့ရပညာမတတ်ဖြစ်လာစေတဲ့အကြောင်းအရင်းတစ်ခုပဲ။ ဘဝမှာ အယူမမှားဖို့ပညာရှာဖို့လိုတယ်။ Certificate ရှာရမှာမဟုတ်ဘူးလို့ထင်တယ်။ တကယ်လို့

အရေးအကြီးဆုံးက
အယူမမှားဖို့
ပညာသင် လေ့လာနေဖို့လိုတယ်။
Read More »

စာမဖတ်ရင် သိပ္ပံပညာလဲမတတ်ဘူး။

တချို့သူတွေက စာဖတ်တာအလကား။Theory ကြီးထဲပဲမပိတ်မိစေနဲ့။ စာအုပ်ထဲအဖြေမရှိဘူး။ဘဝထဲမှာ အဖြေရှိတယ်ဆိုပြီးကိုယ့်ကိုဂျင်းထည့်လိမ့်မယ်။မယုံနဲ့။သူတို့ကျခိုးဖတ်ပြီးစာအုပ်ထဲမှာ အဖြေမရှိဘူးဖြစ်နိုင်မလား။ စာမဖတ်ရင် သိပ္ပံပညာလဲမတတ်ဘူး။မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့လဲမလွယ်ဘူး။လောကီပညာလဲမတတ်ဘူး။လောကုတ္တရာလဲသေချာနားမလည်နိုင်ဘူး။ သီအိုရီရဲ့အဓိပ်ပာယျကဘာလဲပြန်မေးကြည့်ရင်အင်းအင်းအဲအဲဖြစ်နေလိမ့်မယ်။ သီအိုရီဆိုတာအကြောင်းအရာတစ်ခုကို စနစ်တကျသိပ္ပံနည်းကျ အယူအဆနဲ့ ရှင်းလင်းချက်တွေပါ။ အခြေခံမူ၊ စည်းမျဥ်း။ ဥပမာဂီတသီအိုရီ၊ စီးပွားရေးသီအိုရီ။ ရူပဗေဒမှာကျတော့လက်တွေ့လုပ်ဆောင်ဖို့အစပိုင်းမှာအခက်အခဲရှိနေနိုင်သေးတယ်။သီအိုရီအရဖြစ်နိုင်ပြီ။ ဒါလေးကို ကြားဖူးနားဝဖြစ်ပြီးသီအိုရိတွေမပြောနဲ့ဆိုတာဖြစ်လာတာ။ ဂျင်းထည့်တာမယုံပါနဲ့။အတွေးအခေါ် အဆိပ်ခပ်တာမယုံပါနဲ့။ စဥ်းစားကြည့်ပါ။သုတေသနတွေကြည့်ပါ။ ဒီနေ့ခေတ် အေအိုင်ခေတ်မှာသုတေသနလုပ်ရတာလွယ်လွန်းလို့။ ဒီလို ဂျင်းကောင်တွေ ဟန်ရှိပြီး အဆံမရှိသူတွေကျဆုံးချိန်။ Phyo Paing @ Derek

စာမဖတ်ရင် သိပ္ပံပညာလဲမတတ်ဘူး။ Read More »

လူတွေဘာကြောင့် ဘွဲ့ယူချင်လဲစဉ်းစားကြည့်တယ်။

လူတွေဘာကြောင့်ဘွဲ့ယူချင်လဲစဥ်းစားကြည့်တယ်။ လူရာဝင်ချင်လို့လို့ကောက်ချက်ချမိတယ်။ လူတွေက ပညာတတ်တယ်ဆိုတာကိုဘွဲ့ရတာနဲ့ ကြည့်တယ်လို့အကြမ်းယူဆလိုက်ကြတယ်။ သာမန်လူအများစုအတွက်လူရာဝင်ဖို့ ဘွဲ့ယူဖို့လိုတယ်လို့လူတွေက သတ်မှတ်ထားကြတယ်။ ဘွဲ့ရဖို့ သတ်မှတ်စာမေးပွဲအောင်ရတယ်။စာမေးပွဲအောင်ဖို့ စာလုပ်ရတယ်။ ဘယ်နေရာမှာနေလဲပေါ်မူတည်ပြီးလူရာဝင်တဲ့ပုံကလဲ မတူဘူး။ အသိုင်းအဝိုင်းပေါ်မူတည်ပြီးလဲလူရာဝင်တဲ့ပုံမတူဘူး။ ကိုယ့်အနေနဲ့လဲ လူရာဝင်ဖို့ပထမဘွဲ့ယူတယ်။နောက်လိုအပ်လာတော့ဒုတိယဘွဲ့ပြန်ယူပြန်တယ်။ နောက်ပိုင်းကျတော့ပညာတတ်ချင်တာလားလူရာဝင်ချင်တာလားပြန်စဥ်းစားမိတယ်။ ကျောင်းတွေကတတ်သိပညာတွေသင်တဲ့နေရာကစာမေးပွဲတွေစစ်ဆေးနေရာဖြစ်လာတယ်။ သင်ယူချင်တဲ့ စူးစမ်းလိုစိတ်ကိုကျောင်းအများစုက သတ်လိုက်တယ်။ ဘွဲ့ရပြီး ပညာမတတ်တွေအများကြီးခေတ်မှာဘွဲ့ရတိုင်းလဲပညာတတ်ဖြစ်တာမဟုတ်တော့ဘူး. ဒါကြောင့်ဘာဘွဲ့ရလဲဆိုတာထက်ဘယ်ကဘွဲ့ရလဲက ပိုအရေးကြီးလာတာဖြစ်တယ်။ Phyo Paing @ Derek

လူတွေဘာကြောင့် ဘွဲ့ယူချင်လဲစဉ်းစားကြည့်တယ်။ Read More »

ပညာတတ်ပြီး ဘာလို့
ရှာရခက်တတ်သလဲ။

အကြော်ရောင်းပြီးတောင်သိန်း ၂၀၀၀ ကျော်ရှာလို့ရတယ်။ပညာတတ်ပြီး ဘာလို့ရှာရခက်တတ်သလဲ။ ဒါနဲ့ပတ်သက်လို့ ယူကျု့မှာတင်ထားပေးပါတယ်။ 👇 Phyo Paing @ Derek

ပညာတတ်ပြီး ဘာလို့
ရှာရခက်တတ်သလဲ။
Read More »

ပညာသင်တဲ့ ရည်ရွယ်ချက်တွေ
အများကြီးရှိတယ်။

ပညာသင်တဲ့ ရည်ရွယ်ချက်တွေအများကြီးရှိတယ်။ အဲ့ထဲက တစ်ခုကတော့ လူဝင်ဆံ့အောင် သင်တာပဲ။ ကိုယ်မွေးခဲ့တဲ့နေရာလေးမှာ သေတဖန် သက်တဆုံးကျောချမယ်ဆို ပညာတွေ အများကြီးသင်ဖို့လိုချင်မှလိုမယ်။ ဒါမှမဟုတ် ကိုယ်မွေးတဲ့နေရာကပညာရေးနဲ့ လူမှုဖွံ့ဖြိုးမှုအားကောင်းရင်ပညာတတ်ဖို့ အရမ်းအားထုတ်ရဖို့ လိုချင်မှလဲလိုမယ်။ ကလေးတွေကို လူဝင်ဆံ့ဖို့ပညာသင်ပေးကြတယ်။ Phyo Paing @ Derek

ပညာသင်တဲ့ ရည်ရွယ်ချက်တွေ
အများကြီးရှိတယ်။
Read More »

ပညာသင်တဲ့ ရည်ရွယ်ချက်က
မှန်ကန်တဲ့ အမြင်ရှိဖို့။

လူတွေ ဘာကြောင့်လိုတာထက်ပိုစိတ်ဆင်းရဲကြရသလဲ။ မှန်ကန်တဲ့အမြင်မရှိလို့ပါ။ ဒါကြောင့် မဂ္ဂင်ရှစ်ပါးမှာ ပထဆုံးတစ်ပါးက သမ္မာဒိဋ္ဌိ မှန်သော အယူအမြင်ရှိရမယ်တဲ့။ ယုံကြည်မှုတစ်ခုတည်းနဲ့မရဘူး။ မှန်ကန်တဲ့အမြင်လိုပါတယ်။ တိုက် ၁၂ ပေါ်က ခုန်ချရင်မသေဘူးလို့ ယုံကြည်ပြီးသမန်သလင်းပေါ်ခုန်ချမသေရင်တောင် ခြေကျိုးလက်ကျိုးဖြစ်မှာပဲ။ ပညာသင်တယ်ဆိုတာ မှန်ကန်တဲ့အမြင်ရှိဖို့။ လောကသဘာဝအကြောင်းသိဖို့ ရူပဗေဒကိုသင်တယ်။ရေခဲတုန်းကို ပူနေတဲ့ရေထဲထည့်အရေပျော်သွားတဲ့ အစရှိတဲ့ဓာတ်ပြုမှုတွေကိုစနစ်တကျသိဖို့ ဓာတုဗေဒသင်တယ်။ လူတွေရဲ့ခန္ဓာဖွဲ့စည်းပုံသိဖို့ ခန္ဓာဗေဒ anatomy သင်တယ်။ နိုင်ငံ့စီးပွားရေး၊ ကမ္ဘာ့စီးပွားနားလည်ဖို့ဘောဂဗေဒ ပညာသင်တယ်။ အစရှိတဲ့ ပညာရပ်တွေကို “သေချာ”“ထဲထဲဝင်ဝင်” သိလေလေ မှန်ကန်တဲ့အမြင်ရှိလေလေ။ လီကွန်းယူက သူ့နိုင်ငံတည်ဆောက်တော့သူ့ဦးဆောင်သူတွေနဲ့ ဒါတွေကို မလေ့လာပဲ စလုံးကိုတည်ဆောက်လို့ ရမယ်ထင်သလား။မရနိုင်ဘူး။ ပညာသင်တဲ့ ရည်ရွယ်ချက်က မှန်ကန်တဲ့ အမြင်ရှိဖို့။ မှန်ကန်တဲ့ အမြင်ရှိရင်တွေးတတ်ကြံတတ် သမ္မာသင်္ကပ္ပ ရှိမယ်။ပြောဆိုတတ် သမ္မာဝါစာ ရှိမယ်။ လုပ်ကိုင်တတ် သမ္မာကမ္မန္တ ရှိမယ်။

ပညာသင်တဲ့ ရည်ရွယ်ချက်က
မှန်ကန်တဲ့ အမြင်ရှိဖို့။
Read More »

လူအများစုက
လောကကို အဓိပ္ပာယ်ဖွင့်တာ
ခက်ခဲကြရတယ်။

ကျွန်တော်တို့ကြီးပြင်းလာတဲ့ပညာရေးစနစ်က “အဖြူ” နဲ့ “အမဲ”၊“အကောင်း”နဲ့ “အဆိုး”၊“လူဆိုး” နဲ့ “လူကောင်း”ဒီနှစ်ခုပဲ သင်ပေးလိုက်တယ်။ ဘဝမှာ ကျတော့ အဖြူစစ်စစ် မရှိသလို၊ အမဲစစ်စစ်လဲ မရှိပြန်ဘူး။အကုန်လုံးက ကြားကာလာတွေ။နည်းတာနဲ့ များတာပဲ ကွာတယ်။ ဒီတော့ လူအများစုက လောကကို အဓိပ္ပာယ်ဖွင့်တာ ခက်ခဲကြရတယ်။ Phyo Paing @ Derek

လူအများစုက
လောကကို အဓိပ္ပာယ်ဖွင့်တာ
ခက်ခဲကြရတယ်။
Read More »