Money Mindset သင့်ဘဝမှာ ချမ်းသာကြွယ်ဝဖို့ money abundance ဖြစ်ဖို့ဆိုရင် ပိုက်ဆံဆိုတဲ့အရာနဲ့ ကောင်းမွန်တဲ့ ဆက်စပ်မှု relationship တစ်ခုကို တည်ဆောက်ပြီး သင်ရဲ့ money mindset ကို ပြောင်းလဲလိုက်ပါ။ 1. Forgive your past ဒီနေ့ ကျွန်တော်တို့အားလုံးရဲ့ ပိုက်ဆံနဲ့ပတ်သတ်ပြီး ယုံကြည်မှုပုံစံတွေ သဘောထားတွေပေါ်မှာ ကျွန်တော်တို့ရဲ့ အတိတ်က ငယ်စဉ်ဘဝက အတွေ့အကြုံတွေ ခံစားချက်တွေက လွှမ်းမိုးနေပါတယ်။ ဥပမာအားဖြင့် သင်ငယ်ငယ်က သင့်အဖေနဲ့အမေ ပိုက်ဆံအလုံအလောက် မရှိတာနဲ့ပတ်သတ်ပြီး ရန်ဖြစ်ခဲ့တာကို သင်ကြုံတွေ့ခဲ့ရတယ်ဆိုရင် သင့်စိတ်ထဲမှာ ပိုက်ဆံနဲ့ပတ်သတ်ပြီး တစ်ခုခုကို ခံစားစွဲလမ်းနေမိမှာပါ။ ဥပမာ ဒီပိုက်ဆံဆိုတဲ့အရာကြောင့် ငါ့မိဘတွေ ရန်ဖြစ်ရတယ်ဆိုတာမျိုး။ ဒါက သင့်ရဲ့ subconscious mindထဲမှာ ရှိနေပြီး သင့်ဘဝတစ်လျောက်လုံးမှာ ပါလာပါလိမ့်မယ်။

Read More »