ရထားတာလိုချင်ဖို့
စိတ်ထားတတ်ဖို့လိုတယ်။
လိုချင်တာရအောင်ယူဖို့ဆာလောင်မှုပြင်းပြဖို့လိုတယ်။ရထားတာလိုချင်ဖို့ စိတ်ထားတတ်ဖို့လိုတယ်။ Phyo Paing @ Derek
လိုချင်တာရအောင်ယူဖို့ဆာလောင်မှုပြင်းပြဖို့လိုတယ်။ရထားတာလိုချင်ဖို့ စိတ်ထားတတ်ဖို့လိုတယ်။ Phyo Paing @ Derek
အလွယ်တကူ အရသာမခံပါနဲ့။ ဦးနှောက်မှာ ဆုပေးတဲ့ရသာခံအာရုံတွေရှိတယ်။တနည်းအားဖြင့်ဦးနှောက်ဆဲလ်အချင်းချင်းစကားပြောဆက်သွယ်သလိုဖြစ်တဲ့neurotransmitter တွေပေါ့။ လုပ်ရပ်တွေနဲ့ဆက်စပ်ပြီးဒီ ဦးနှောက်ဆက်သွယ်ရေးမက်ဆန်ဂျာတွေထွက်တယ်။ ရည်မှန်းချက်ပန်းတိုင်အပေါ်အာရုံစူးစိုက်တဲ့အခါ၊နားလည်မှုတစ်ခုကြောင့်သဘောပေါက်တဲ့အခါဒိုပါမင်း Dopamine ထွက်တယ်။လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ၊အန်ဒေါ်ဖင် Endorphins ထွက်တယ်။ပေါင်းသင်းဆက်ဆံရေးလုပ်တဲ့အခါသဘောကျကျေနပ်တဲ့အခါဆီလိုတိုနင် Serotonin ထွက်တယ်။ချစ်ကျွမ်းဝင်တဲ့အခါ၊ ချစ်ခြင်းမေတ္တာအတွက်အောက်ဆီဒိုစင် Oxytocin ထွက်တယ်။ တရားစထိုင်တဲ့အခါ အာရုံစူးစိုက်မှုဖြစ်ပြီးဒိုပါမင်းအဓိက dopamine-driven ကနေပီတိကိုဖြစ်စေတဲ့serotonin, GABA, melatonin, and anandamideထွက်ပေါ်စေပြီး အေးချမ်းစေတယ်။ ဒီ neurotransmitter တွေကကောင်းမွန်တဲ့လုပ်ရပ်တွေအတွက်ဆုပေးတဲ့ ဖြစ်စဥ်တွေဖြစ်တယ်။ ဒါတွေကို မကောင်းတဲ့လုပ်ရပ်နဲ့သွားချိပ်ဆက်မိတဲ့အခါဘဝရဲ့ ပြဿနာတွေဖြစ်နိုင်တယ်။ ဥပမာ လူမှုကွန်ယက်ကိုစွဲလမ်းတာcheap dopamine နဲ့လဲလိုက်မိတာမျိုး။ဆေးဝါးသုံးစွဲပြီးကိုယ့်ဦးနှောက်ရဲ့ reward mechanismဆုချတဲ့စနစ်ကို ဖျက်စီးလိုက်တာမျိုး။ တချို့ ပြင်ပလှုံ့ဆော်မှုတွေကအားပျော့တယ်။တချို့က နောက်ဆက်တွဲခံစားရတယ်။ ဥပမာ ကော်ဖီဆိုရင်ညနေစွမ်းအင်ကို ကြိုသုံးပြီးလေးနာရီ ခွန်အားကိုမြန်မြန်ယူထားတယ်။တချို့ဆေးဝါးတွေကနောက်တစ်နေ့မှာ ပြန်ပေးဆပ်ရတယ်။တချို့က အနာဂတ်မှာ ပြန်ပေးဆပ်ရတယ်။ တချို့ cheap dopamineTik Tok တို့၊
ကိုယ့်ဘဝကိုယ်စိတ်တိုင်းမကျတဲ့သူကတခြားသူရဲ့ဘဝကိုလဲ စိတ်တိုင်းကျလေ့မရှိဘူး။ ကြုံဖူးလားတော့မသိဘူး။ကိုယ်က အရမ်းချစ်ကျွမ်းဝင်ပြီးကြည်နူးနေတဲ့အချိန် လောကကြီးက သာမန်ထက်ကြည်လင်နေတာမျိုး။ ရှူရတဲ့လေတောင် အရသာရှိနေတာမျိုး။အသက်ရှင်ပြီးအသက်ဝင်နေတာ။ သူများကို စိတ်တိုင်းမကျတာလဲမစဥ်းစားမိဘူး။ ပိုက်ဆံမွဲနေတဲ့အချိန်ဆို တခြားသူတွေ အလုပ်ဖြစ်နေတယ်ဆိုတာ ဟန်ဆောင်နေသလိုမျိုး၊ ကြွားနေသလိုမျိုး၊ မကောင်းမှုပြုပြီးငွေဝင်နေသမလိုမျိုးခံစားရလိမ့်မယ်။ လူတွေက လောကကိုစိတ်တိုင်းမကျဘူးဆိုတာကိုယ့်ကိုကိုယ် စိတ်တိုင်းမကျလို့များတယ်။ အပြင်မှာမြင်နေရတဲ့ ကမ္ဘာလောကကိုအဓိပ္ပာယ်ဖွင့်ဆိုမှုကအတွင်းပိုင်းကလာတယ်။ Phyo Paing @ Derek
လူတွေက လောကကိုစိတ်တိုင်းမကျဘူးဆိုတာ
ကိုယ့်ကိုကိုယ် စိတ်တိုင်းမကျလို့များတယ်။ Read More »
ခေါင်းထဲထည့်ထားတဲ့အတွေးအခေါ်မတူတော့ဘဝအမြင်မတူကြဘူး။အမြင်မတူရင်ဘဝအမြင့်တွေလဲမတူကြဘူး။ ဒါကြောင့် တစ်ခုခုပြောင်းချင်ရင်ခေါင်းထဲကအတွေးအခေါ်ကိုအရင်ပြောင်းဖို့ ကြိုးစားကြရတယ်။ အခြေအနေအပေါ်မြင်တဲ့အမြင်မတူရင်တွေးတဲ့အတွေးမတူဘူး။တွေးတဲ့အတွေးမတူရင်ခံစားချက်မတူဘူး။ခံစားချက်မတူရင်လုပ်ရပ်တွေ မတူတော့ဘူး။လုပ်ရပ်မတူရင်ရလဒ်တွေ မတူတော့ဘူး။ Phyo Paing @ Derek
တစ်ခုခုပြောင်းချင်ရင်
ခေါင်းထဲကအတွေးအခေါ်ကို
အရင်ပြောင်း Read More »
ထားပြီးအဝေးကို ထွက်ပြေးသွားလို့မရတဲ့သူက“ကိုယ်” ပဲ။ အသက်ရှင်နေသမျှ ဒီခန္ဓာကိုယ်ကြီးကိုပိုင်ဆိုင်ချင်ချင်၊ မပိုင်ဆိုင်ချင်ချင်ပိုင်ဆိုင်နေရမယ်။ ဒီိခန္ဓာကိုယ်ကြီးနဲ့အတူ စဉ်းစားတဲ့ပုံစံကဖြတ်သန်းလာတဲ့ ဘဝ၊ ယုံကြည်မှု၊ တန်ဖိုးထားမှု၊သင်ယူလေ့လာခဲ့မှု၊ ဘိုးဘေးတွေရဲ့ ဒီအန်အေဒီကတစ်ဆင့်လက်ဆင့်ကမ်းလာတယ်။ ဒီခန္ဓာနဲ့ စိတ်ကို အသက်ရှင်နေသမျှပိုင်ဆိုင်နေရမှာဖြစ်တဲ့အတွက် ပြုစုပျိုးထောင်နေဖို့လိုတယ်။ ကိုယ့်ရဲ့အရေပြားအောက်မှာကိုယ့်ဘဝနေပျော်နေဖို့လိုတယ်။ ဒီလိုနေပျော်ဖို့ ကိုယ့်ရဲ့ hardware ဟတ်ဝဲဖြစ်တဲ့ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်အောင်၊ Software ဆော့ဝဲနဲ့တူတဲ့စိတ်ကို ဖြတ်လတ်နိုးကြားထက်မြက်ပြီးဗိုင်းရပ်ကပ်တာနည်းအောင်လေ့ကျင့်ပျိုးထောင်ဖို့လိုလာတယ်။ အသက်ရှင်နေသမျှကိုယ့်ကိုကိုယ်ဆီက ထွက်ပြေးသွားလို့မရဘူး။ ဒီတော့အကောင်းဆုံးနည်းကကိုယ့်ကိုကိုယ် ရန်မဖြစ်နဲ့။ အကောင်းဆုံးပြုစုပျိုးထောင်။ကိုယ့်အတွေး၊ အကြံအစီ၊ အလုပ်သုံးခုတစ်သားတည်းကျဖို့အလိုင်းမန့် alignment ချိန်နိုင်ဖို့လိုတယ်။ Phyo Paing @ Derek
အသက်ရှင်နေသမျှ
ကိုယ့်ကိုကိုယ်ဆီက
ထွက်ပြေးသွားလို့မရဘူး။ Read More »
ဘဝရဲ့အသက် ၃၀ လောက်ထိကအကောင်းဆုံးသူ့အလိုလိုဖြစ်လာတာဆိုတာမရှိသလောက်ပဲ။ ၃၀ နောက်ပိုင်းမှာ တစ်နှစ်တစ်ခါကိုsurprise တိုက်တာမျိုးဖြစ်လာတယ်။မထင်မှတ်ထားတဲ့ ကြိုတင်မစီမံထားတဲ့လောကကြီးကပေးတဲ့လက်ဆောင်တွေတစ်ခုမဟုတ်တစ်ခု ရောက်လာတတ်တယ်။ ကိုယ်ဖက်က ယူဖို့ပဲမစဉ်းစားပဲပြန်ပေးဖို့ကို အသားပေးလုပ်ဆောင်ကြည့်တဲ့အခါတော်တော်လေးအပြောင်းအလဲဖြစ်လာတယ်။ စိတ်ထားကောင်းကောင်းထား။ မှန်မှန်ထား။လောကကြီးက ကိုယ်ယူတာထက်ပိုပေး။ ကျေးဇူးတင်စိတ်နဲ့နေ။ ကိုယ့်ကိုလုပ်တာ မကြိုက်တာကိုတပါးသူကိုမလုပ်နဲ့။ ကိုယ့်မှာပိုနေပြီး မပန်းမကြီးတာတွေကိုလိုအပ်နေသူတွေကို မျှဝေပေး။ အတိုကောက်ကတော့ “ကယ”ပေါ့။ က – ကျေးဇူးတင်စိတ်နဲ့နေယ – ယူတာထက်ပိုပေး။ ကိုယ့်ကိုမွေးဖွားခဲ့တဲ့မိဘကိုယ်က ယူတာထက်ပိုပေး။ ကိုယ်မွေးဖွားခဲ့တဲ့နေရာအတွက်ယူတာထက် ပိုပေး။ နေ့စဉ်နေထိုင်ရတာလိပ်ပြာလဲလုံတယ်။ Phyo Paing @ Derek
လောကကြီးက ကိုယ်ယူတာထက်
ပိုပေး။
ကျေးဇူးတင်စိတ်နဲ့နေ။ Read More »
လူတိုင်းက ကိုယ့်အတွေးအခေါ်နဲ့အဖြစ်အပျက်တွေကိုအဓိပ္ပာယ်ဖော်ကြတယ်။ တူညီတဲ့အဖြစ်အပျက်တစ်ခုကိုပဲမတူညီတဲ့အတွေးအခေါ်တွေနဲ့အဓိပ္ပာယ်ဖော်လို့ရတယ်။ အဓိပ္ပာယ်ဖော်ပုံမတူရင်ခံစားချက်တွေမတူတော့ဘူး၊လုပ်ရပ်တွေ မတူတော့ဘူး၊လုပ်ရပ်ကြောင့်ဖြစ်မည့် ရလဒ်မတူတော့ဘူး။ ကိုယ်အဓိပ္ပာယ်ဖော်တဲ့ပုံကကိုယ်လိုချင်တဲ့ရလဒ်ကိုရအောင်ကူညီပေးနိုင်ဖို့လဲလိုတယ်။ Phyo Paing @ Derek
ကိုယ်အဓိပ္ပာယ်ဖော်တဲ့ပုံက
ကိုယ်လိုချင်တဲ့ရလဒ်ကိုရအောင်
ကူညီပေးနိုင်ဖို့လဲလိုတယ်။ Read More »
ဒါမျိုးကြုံဖူးလားမသိဘူး။ တခါတလေ ငါဒါလုပ်လိုက်ရင်ကောင်းမယ်။အကြံက ကောင်းတယ်။လုပ်ကြည့်တဲ့အချိန်ကျတော့ကိုယ့်ခံစားချက်က ကောင်းမနေဘူး။ ဥပမာ တချို့လူတွေအတွက်ကိုယ့်မျက်နှာကြီးနဲ့ ဗီဒီယိုရိုက်ပြီးလုပ်ငန်းအကြောင်းသိအောင်လုပ်တာဖြစ်ရင်ဖြစ်မယ်။ တချို့အတွက်ကျတော့ နေရာအသစ်မှာ အေးဆေးလေးနေမယ်စဥ်းစားတယ်။ တကယ်တမ်းနေတော့လဲ စိတ်တိုင်းမကျနေပြန်သေးဘူး။ လေ့ကျင့်ခန်းလုပ်မယ်။ ပြီးရင် အပြောင်းအလဲဖြစ်မယ်ကောင်းတဲ့အကြံပဲ။ တကယ်သွားလုပ်တော့မောလိုက်၊ နာလိုက်နဲ့ကိုယ်နဲ့ တစ်သားတည်းမကျပြန်ဘူး။ ဒါက alignment သဟဇာတမဖြစ်တဲ့ သာဓကတစ်ခုဖြစ်ပါတယ်။ လူတစ်ချို့ကတော့ အခုပြောတာကိုဆက်စပ်ခံစားမိလိမ့်မယ်။ ဘာကြောင့် ဒီလိုဖြစ်နေသလဲဆိုရင် “ငါဘယ်သူလဲ” ဆိုတဲ့ခံယူထားတဲ့ identity ကိုတည်ဆောက်ထားတဲ့ အရာနဲ့“အတွေး”၊ “အကြံ”၊ “အလုပ်” တစ်သားတည်းမဖြစ်နေလို့ဖြစ်ပါတယ်။ ဥပမာ ငါက အားကစားသမားတစ်ယောက်လို့ခံယူထားတဲ့သူကအားကစားလုပ်တာကို တွေး၊ ကြံ၊ လုပ်တာ သူ့အတွက် သဟဇာတဖြစ်တယ်။ ငါက “အလုပ်ဖြစ်တာကို လုပ်တဲ့သူ”လို့စဥျးစားလိုကျတဲ့အခါအတွေး၊ အကြံ၊ အလုပ်ကpersonal brand တည်ဆောက်ရတာ မကြိုက်ဘူး။ဒါပေမယ့် လုပ်ငန်းအတွက်လိုလာရင်လုပ်လိုက်နိုင်တယ်။ အမြင်သာဆုံးကြည့်ရင်Elon Musk ကို
တစ်ကမ္ဘာတည်းနေမယ့်လူတွေရဲ့နေထိုင်နေတဲ့အလွှာတွေ မတူကြဘူး။ တချို့က အလွှာနိမ့်မှာနေတယ်။အမြဲ ဒေါသတွေများသောကတွေပွားနေတယ်။ဘဝကို ပေတေနေပြီး၊တခြားသူတွေကို သဝန်တိုမှုတွေနဲ့အမြဲအဆိုးမြင်၊အပြစ်တင် ဘူနေတတ်တယ်။ တချို့က အလယ်လွှာမှာနေတယ်။မျှော်လင့်ချက်တွေရှိတယ်။အမြင်ကျယ်ကျယ်ထားတယ်။စူးစမ်းလေ့လာလိုရှိတယ်။ရည်မှန်းချက်ပန်းတိုင်ကြီးတွေရှိသလိုစိတ်ပူပန်မှုလေးတွေလဲရှိတယ်။ကိုယ့်ဘဝရဲ့ ဒဏ်ရာတွေကိုကုစားရင်းလေ့လာလိုက် ရှေ့ဆက်လိုက်။ တချို့က အလွှာမြင့်မှာနေတယ်။အေးချမ်းမှု၊ ရက်ရောမှု၊မေတ္တာနဲ့ ကျေးဇူးတင်တရားတွေနဲ့ရှင်သန်တယ်။စျာန်ဝင်တဲ့ဖန်တီးမှုတွေနဲ့ဘဝကိုဖြတ်သန်းတယ်။ Phyo Paing @ Derek
တစ်ကမ္ဘာတည်းနေမယ့်
လူတွေရဲ့နေထိုင်နေတဲ့
အလွှာတွေ မတူကြဘူး။ Read More »
ခေါင်းထဲထည့်ထားတဲ့ အတွေးအခေါ်မတူရင် (Philosophy) အထင်အမြင်မတူဘူး။ (Perception) အထင်အမြင်မတူရင်အယူအဆမတူဘူး။ (Concept) အယူအဆမတူရင်လောကအမြင်မတူဘူး။ (View) လောကအမြင်မတူရင်လုပ်ရပ်တွေလဲမတူဘူး။ (Action) လုပ်ရပ်မတူရင်ရလဒ်တွေလဲမတူဘူး။ (Result) Phyo Paing @ Derek