ကိုယ့်ကို ဘယ်လိုပုံစံတွေက
တွန်းအားပေးလဲသိရမယ်။
ဆုပေးတာကို ကြိုက်လို့၊ဒဏ်ပေးတာကို ကြောက်လို့နိုးကြားပြီးလုပ်တဲ့ မော်တီဗေးရှင်းရှိတယ်။စာကျက်လို့ရရင် မုန့်ကျွေးမယ်။ အရောင်းတားဂတ်ထိရင် ဘောနပ်ရမယ်။ နောက် ကိုယ်လုပ်တဲ့အလုပ်ကိုကြိုက်တဲ့အတွက်ချစ်တဲ့အတွက်၊ မျက်နိုးတဲ့အတွက်၊စိတ်ဝင်စားတဲ့အတွက်၊ ရူးသွပ်တဲ့အတွက်၊စိတ်ကျေနပ်မှုရစေတဲ့အတွက်နိုးကြားတက်ကြွစွာလုပ်ဆောင်တဲ့ မော်တီဗေးရှင်းရှိတယ်။ အဖွဲ့အစည်းတစ်ခုနဲ့ ဆက်စပ်ရတဲ့အတွက်ဂုဏ်ယူမှု၊ တက်ကြွမှုဖြစ်တဲ့မော်တီဗေးရှင်းရှိတယ်။ ရည်မှန်းချက်ပန်းတိုင်ချလိုက်ဖြစ်အောင်လုပ်လိုက် ဒီခံစားချက်ကို ကြိုက်တဲ့အတွက်ဖြစ်တဲ့မော်တီဗေးရှင်းရှိတယ်။ အာဏာပါဝါရချင်တာ၊ကိုယ့်ကို နှိမ်ခဲ့သူတွေကို ပညာပြန်ပြချင်တဲ့အတွက်ငါဘာကွဆိုတာ ပြချင်တဲ့အတွက်အလုပ်တွေကြိုးစား၊ ပိုက်ဆံတွေရှာဒီလိုမော်တီဗေးရှင်းရှိတယ်။ ကြောက်စိတ်ကြောင့်၊ အကျပ်ကိုင်ခံရလို့ မလုပ်ချင်ပဲလုပ်ရတဲ့ မော်တီဗေးရှင်းရှိတယ်။ မော်တီဗေးရှင်းဆိုတာ ရည်မှန်းချက်တစ်ခုရောက်ဖို့စတင်လုပ်ဆောင်ဖို့ဖြစ်ဖြစ် လုပ်ရပ်တစ်ခုကို ရေရှည်ထိန်းသိမ်းထားနိုင်ဖို့ဖြစ်ဖြစ်လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာလှုံဆောင်မှုတစ်ခုဖြစ်တယ်။ ကိုယ့်ကို ဘယ်လိုပုံစံတွေကတွန်းအားပေးလဲသိရမယ်။ “There are motivations that arise from liking to be rewarded and fearing to be punished. For instance, promising a treat if
