my philosophy

စိတ်မညစ်ချင်ရင်
“ပိုက်ဆံကို ပိုးစိုးပက်စက်ရှာ”

ပိုက်ဆံကို ပိုးစိုးပက်စက်ရှာ။ လူတွေကို စိတ်ညစ်စေတဲ့အရာတစ်ခုကပိုက်ဆံမရှိတာ။ ရှိတဲ့ပိုက်ဆံ လျော့သွားတာ။ အနာဂတ်မှာ ပိုက်ဆံမဝင်မှာကြောက်တာ။ ဝင်ငွေနည်းသွားမှာကြောက်တာ။ ဒီတော့ ဥပဒေတစ်ခုထားထားတာက“ပိုက်ဆံကို ပိုးစိုးပက်စက်ရှာ”။ နေ့တိုင်း ၂၄ နာရီမှာ ဒီနေ့အတွက် ပိုက်ဆံဘယ်လောက်ရှာလိုက်သလဲ။အနာဂတ်မှာ ပိုက်ဆံရှာဖို့ အချိန်ဘယ်လောက်ပေးလိုက်သလဲ။ ဒီအချက်တွေနဲ့ နေ့တိုင်းတိုင်းတာတယ်။ အမှတ်တံဆိပ်တည်ဆောက်တာ။ နေ့တိုင်း content တွေဖန်တီးတာ။ စာတွေဖတ်တာ။ စမ်းသပ်မှုတွေ လုပ်တာ။ ဒါတွေအကုန်လုံးက အနာဂတ်ပိုက်ဆံရှာဖို့ပဲ။ ဒါကြောင့် စိတ်မညစ်ချင်ရင်“ပိုက်ဆံကို ပိုးစိုးပက်စက်ရှာ”တနည်းအားဖြင့် “ပိုက်ဆံပိုးစိုးပက်စက် လာအောင်လုပ်”။ Phyo Paing @ Derek

စိတ်မညစ်ချင်ရင်
“ပိုက်ဆံကို ပိုးစိုးပက်စက်ရှာ”
Read More »

ငွေကြေးဖောင်းပွမှုကို
ကိုယ်မထိန်းနိုင်ဘူး။

ဒေါ်လာစျေးကို ကိုယ်မထိန်းနိုင်ဘူး။ စီးပွားရေး ပျက်ကပ်ဖြစ်တာကိုယ်မထိန်းနိုင်ဘူး။ ပိုက်ဆံဘယ်လိုရှာမလဲ ကိုယ်ထိန်းနိုင်တယ်။ နောက် ပိုက်ဆံကိုဘယ်မှာရင်းနှီးမြုပ်နှံမလဲထိန်းနိုင်တယ်။ ဘယ်လိုပွားမလဲ ထိန်းနိုင်တယ်။ မထိန်းနိုင်တာကို ဘေးလူတွေပြောတာတွေးပူနေရင် ဖေးကူနိုင်မည့်သူမရှိဘူး။ ထိန်းနိုင်တာနဲ့ gain နိုင်တာပဲ စဥ်းစားတာ စိတ်သက်သာရာရတယ်။ Phyo Paing @ Derek

ငွေကြေးဖောင်းပွမှုကို
ကိုယ်မထိန်းနိုင်ဘူး။
Read More »

လူတွေရဲ့ ဦးနှောက်မှာ
focus mode နဲ့ diffuse mode ရှိတယ်။

ပြဿနာတစ်ခုကို အာရုံစိုက်ပြီး အဖြေရှာတာကဦးနှောက်ရဲ့ focus mode ကိုသုံးတာ။ တစ်ခုတည်းကိုအာရုံစိုက်နိုင်တာသမာဓိကောင်းတာဆို စဥ်းစားမှုဥာဏ်ရည်ကတိုးတက်တယ်။ ရေချိုးတဲ့အချိန် အိုင်ဒီယာပေါ်တာ။နောက် ညနေပိုင်းအနားယူတဲ့အချိန်၊ဝိုင်သောက်တဲ့အချိန်၊ သူငယ်ချင်းတွေနဲ့ စကားပြောအာလာဘ သလာဘ ပြောတဲ့အချိန်ဦးနှောက်ရဲ့ ရောက်တတ်ရာရာတွေးတဲ့diffuse mode က အလုပ်လုပ်တယ်။ ဒီနှစ်ခုကို သေချာအသုံးပြုနိုင်ရင်ဦးနှောက်စဥ်းစားနိုင်စွမ်းကတော်တော်လေးကြီးသွားတယ်။ နောက်တစ်ခုက ဘာမှမစဥ်းစားတာ။ ဒါကကျတော့ မသိစိတ်ရဲ့intuition ရဲ့စွမ်းအားကိုယူတာ။ သူကလဲ တော်တော်လေး ပါဝါကြီးတယ်။ Phyo Paing @ Derek

လူတွေရဲ့ ဦးနှောက်မှာ
focus mode နဲ့ diffuse mode ရှိတယ်။
Read More »

လူတွေက ကိုယ့်ကိုကိုယ်
အချိန်မရွေး
သေတတ်တယ်ဆိုတာ
မေ့နေတတ်ကြတယ်။

တချို့ဆေးရုံမှာ တစ်လပဲနေရတော့မယ့်လူနာတွေ၊တချို့ ကင်ဆာကြောင့်တစ်နှစ်၊ နှစ်နှစ်ပဲနေရတော့မယ့်သူတွေအများကြီးရှိတယ်။ ကိုယ့်ဘဝ ကျန်းကျန်းမာမာအသက်ရှင်နေနိုင်တာကောင်းတဲ့အချက်တစ်ခုလို့ပြောရင်ရနိုင်တယ်။ Phyo Paing @ Derek

လူတွေက ကိုယ့်ကိုကိုယ်
အချိန်မရွေး
သေတတ်တယ်ဆိုတာ
မေ့နေတတ်ကြတယ်။
Read More »

မနက်ဖြန်သာ ရုတ်တရက်
သေသွားမယ်ဆိုရင် လူဖြစ်ရတာတန်ပြီလား?

တကယ်လို့ တစ်နှစ်သာတစ်မိနစ်ဖြစ်မယ်ဆိုရင်သင်က ဘဝဆိုတဲ့ ကစားကွင်းမှာမိနစ် ၈၀ ပတ်ခြာလည်အချိန်ရမယ်။ တချို့တွေကလဲ မိနစ် ၂၀၊တချို့ ၃၀၊ တချို့ ၄၀ သုံးပြီးကြပြီ။ ကျန်တဲ့ မိနစ် ၄၀၊ ၅၀၊ ၆၀ ကိုဘယ်လို အသုံးပြုကြမလဲ? လူသားအတွေ့အကြုံတွေကို အကောင်းဆုံးရယူဖူးပြီးပြီလား။ ကိုယ်သွားချင်တဲ့ နိုင်ငံတွေ သွားဖူးပြီးပြီလား။ ကိုယ်လုပ်ချင်တဲ့ အလုပ်တွေ လုပ်ဖူးပြီးပြီလား။ ကိုယ်ဖြစ်ချင်တဲ့ အချစ်ရေးပုံစံ၊ကိုယ်ဖန်တီးချင်တဲ့ အရာတွေ၊ ကိုယ်လုပ်ချင်တယ်လို့ စိတ်ကူးထားတဲ့အရာတွေအကုန်လုပ်ပြီးပြီလား?ကိုယ်ရှာချင်တဲ့တရား ရှာနေပြီလား? မနက်ဖြန်သာ ရုတ်တရက် သေသွားမယ်ဆိုရင် လူဖြစ်ရတာတန်ပြီလား? Phyo Paing @ Derek

မနက်ဖြန်သာ ရုတ်တရက်
သေသွားမယ်ဆိုရင် လူဖြစ်ရတာတန်ပြီလား?
Read More »

Peak Productivity တည်ဆောက်လို့ရတယ်။

ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်မြင့်ဖော်မြူလာကတော့ ရှင်းရှင်းလေး။ Physiology + Psychology + Philosophy = Productivity စားချင်တာတွေစားသောက်ချင်တာသောက်ပြီးဇီဝကမ္မဖြစ်စဥ် ကို ဂရုမစိုက်ပဲ စွမ်းဆောင်ရည်မြင့်အောင်လုပ်လို့မလွယ်ဘူး။ အားကစားသမားတွေ ကြည့်ကြည့်။ သူတို့ရဲ့ ဇီဝကမ္မဖြစ်စဥ်ဖြစ်တဲ့ physiology ကို ဘယ်လောက်အရေးထားလဲ။ အစား၊ အသောက်၊ အအိမ်၊ ကျန်းမာရေးကိုဂရုအထူး စိုက်ကြတယ်။ စိတ်ပညာမသိပဲ အမူအကျင့်တည်ဆောက်ဖို့ မလွယ်ဘူး။ ဘူကောင်တွေနဲ့ တွေ့တဲ့အခါကိုယ့်ကိုကိုယ် မဘူအောင်လုပ်တတ်ကိုင်တတ်တွေ့တတ်ဖို့က စိတ်ပညာသိဖို့လိုတယ်။ ဒေါသဖြေနည်း၊ အဆိပ်အတောက်အတွေးအခေါ်တွေကိုအာပတ်ဖြေနည်း၊ လူတွေရဲ့စိတ်အလုပ်လုပ်ပုံဒါတွေသိထားမယ်ဆိုရင် ကိုယ့်ရဲ့ စွမ်းဆောင်ရည်တိုးတက်အောင်အများကြီး ကူညီပေးနိုင်တယ်။ အတွေးအခေါ် ဘေးချော်ရင်အရေးပေါ်ပြင်ဖို့လိုတယ်။ဒါက Philosophy ပဲ။ ဥာဏ်ပညာကို ချစ်မြတ်နိုးတာကိုအတွေးအခေါ် ပညာလို့ခေါ်တယ်။ ကိုယ့်ရဲ့ အတွေးအခေါ်က ကိုယ့်ရဲ့ ခံစားမှုနဲ့ လုပ်ရပ်အပေါ်သက်ရောက်မှုရှိတယ်။ ဒီသုံးခုကို သေချာဒီဇိုင်းလုပ်အသုံးပြုနိုင်ရင်စွမ်းဆောင်ရည်မြင့် နောက်တစ်ဆင့်အတွက်Peak Productivity

Peak Productivity တည်ဆောက်လို့ရတယ်။ Read More »

လိုချင်တာ ရအောင်လုပ်။

ဖြစ်ချင်တာဖြစ်အောင်လုပ်။အိညောင်အိညောင် မလုပ်နဲ့အားတီလေး။ အားမေလေးတွေလုပ်ရင်လိုက်လျောမယ့်သူရှိတယ်။ အားတီလေးမှာ ဘယ်သူရှိလဲ?ကိုယ့်အတွက် ကိုယ်ပဲရှိတယ်။ Phyo Paing @ Derek

လိုချင်တာ ရအောင်လုပ်။ Read More »

ကမ္ဘာပေါ်မှာ အရေးအကြီးဆုံးထဲက စွမ်းရည်နှစ်ခု

ကမ္ဘာပေါ်မှာ အရေးအကြီးဆုံးထဲက စွမ်းရည်နှစ်ခုကတော့ ၁။ သင်ယူခြင်းနဲ့ ၂။ သင်ကြားပေးခြင်းပဲ။ မသိတဲ့အရာကို သိအောင်သင်ယူလို့ရတယ်။သိထား၊ တတ်ထားတဲ့အရာကို ပြန်လည်သင်ကြားပေးလို့ရတယ်။ လူတိုင်းသင်ယူရတယ်။လူတိိုင်း ပြန်လည်သင်ကြားပေးရတယ်။ ဒါပေမယ့် လူတိုင်းဘယ်လိုသင်ယူရမလဲlearning technologies နဲ့ techniques ကိုသေချာလေ့လာမှုမပြုကြဘူး။ ကိုယ့်ဝန်ထမ်း၊ သူငယ်ချင်း၊ ကလေးငယ်နဲ့တခြားသူတွေကို ပြန်လည်ရှင်းပြမျှဝေသင်ကြားပြောဆိုကြရပေမယ့်လူတိုင်း ကိုယ်နားလည်ထားတာကိုတခြားသူနားလည်အောင်ဘယ်လိုရှင်းပြမယ်ဆိုတဲ့နည်းလမ်းတွေလေ့လာဖို့ မေ့နေတတ်ကြတယ်။ 10X your the power of learning & teaching Phyo Paing @ Derek

ကမ္ဘာပေါ်မှာ အရေးအကြီးဆုံးထဲက စွမ်းရည်နှစ်ခု Read More »

ဘောင်ခတ်မခံနဲ့။

ဘာလုပ်မှာလဲ သေချာရွေး။ ဆရာဝန်လုပ်မှာလား၊ မလုပ်ဘူးလား။မားကတ်တင်းသမားလုပ်မှာလား။စာရေးဆရာလုပ်မှာလား။ စီးပွားရေးသမားလုပ်မှာလား။ စီးပွားရေးအတိုင်ပင်ခံလုပ်မှာလား။ နည်းပညာကုမ္ပဏီလုပ်မယ်ဆို။ ဘာလုပ်မှာလဲ သေချာရွေး။ ဘဝကို ဘောင်ခတ်ဖို့ ကြိုးစားတဲ့သူတွေရှိတတ်တယ်။ ဘဝဆိုတာ နှစ်ခုထဲကတစ်ခုရွေးတဲ့ “Or” game မဟုတ်ဘူး။အားတီ၊ အားမေတို့။ဘဝက တစ်ခုထက်ပိုရွေးလို့ရတဲ့“And” game ပဲ။ Phyo Paing @ Derek

ဘောင်ခတ်မခံနဲ့။ Read More »

ဗုဒ္ဓကို အတုယူပြီး
ကျင့်သုံးလို့ရတဲ့အချက် ၅ ချက်

၁။ တိကျတဲ့ရည်မှန်းချက်ပန်းတိုင်ရှိတယ်။၂။ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ စွန့်လွတ်သင့်တာကိုစွန့်လွတ်တယ်။ ၃။ အလုပ်မဖြစ်တာကိုထားခဲ့တယ်။အလုပ်ဖြစ်တဲ့နည်းလမ်းကို ရွေးချယ်တယ်။ ၄။ စိတ်ရှည်သည်းခံဇွဲသန်တယ်။ ၅။ လောကအတွက် ပြန်လည်မျှဝေမှုပြုတယ်။ Phyo Paing @ Derek

ဗုဒ္ဓကို အတုယူပြီး
ကျင့်သုံးလို့ရတဲ့အချက် ၅ ချက်
Read More »