my philosophy

“စံနှုန်း”

ဥာဏ်ကောင်းတဲ့သူတိုင်း စာမတော်ဘူး။အဆိုကောင်းတဲ့သူတိုင်း နိုင်ငံကျော် အဆိုတော်မဖြစ်ဘူး။ပညာတတ်တိုင်းလဲ မချမ်းသာဘူး။ အကုန်လုံးက ကိုယ်သတ်မှတ်ထားတဲ့“စံနှုန်း” ပေါ်မှာ မူတည်တယ်။ Phyo Paing @ Derek

“စံနှုန်း” Read More »

စွန့်လွတ်ခြင်း အနုပညာ

နေရာဟောင်းမှာ အိမ်သစ်ဆောက်ဖို့အိမ်ဟောင်းကို ဖြိုဖို့လိုတယ်။ ပိုကောင်းတဲ့အနာဂတ်အတွက်အတိတ်က အတွေးအခေါ်အယူအဆဟောင်းတွေကို စွန့်လွတ်ရတဲ့ အချိန်တွေရှိတယ်။ သမီးရည်းစားကွဲသွားတဲ့အခါလူအများသိထားတဲ့ ပေါင်းစည်းထားတဲ့identity ကို စွန့်လွတ်ဖို့ကြိုးစားရတယ်။ အစွဲတွေ ချွတ်ဖို့ အရင်အတွေးအခေါ်အယူအဆတွေကို စွန့်လွတ်ရတယ်။ ဘောင်အပြင်ဖက်ကနေတွေးနိုင်ဖို့ ဘောင်ကို စွန့်လွတ်ရတယ်။ စွန့်လွတ်နိုင်တဲ့ သတ္တိရှိသွားရင်လောကဓံကို ရင်ဆိုင်တဲ့နေရာတော်တော်လေး အထာကျသွားပြီ။ Phyo Paing @ Derek

စွန့်လွတ်ခြင်း အနုပညာ Read More »

စိတ်၏ဆင်းရဲခြင်း၊
ကိုယ်၏ဆင်းရဲခြင်းကို
ဒုက္ခလို့ခေါ်တယ်။

စိတ်ဆိုတာ အတွေး၊ အမြင်၊ ခံစားချက်၊စေတသိတ် တွေကိုပေါင်းထည့်ထားတဲ့ ကော်ဖီခွက်နဲ့တူတယ်။ နောက်ပြီး စေတသိတ်ဆိုတာ အတွေးပိတ်ဆကို အရောင်ခြယ်ပေးတဲ့ မှင်နဲ့တူတယ်။ ကိုယ်ဆိုတာ ဦးနှောက်၊ အသည်း၊ ကျောက်ကပ်၊ ကလီစာ အစရှိတဲ့ ဆဲလ်တွေနဲ့ဖွဲ့စည်းထားတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ။ ဒီစိတ်နဲ့ ကိုယ်ကချိပ်ဆက်နေတယ်။စိတ်က ဒေါသထွက်ရင်ခန္ဓာကိုယ်မှာ အသက်ရှူတာမြန်လာမယ်။လေသံတွေမာလာမယ်။အသားတွေ တဆက်ဆက်တုန်လာမယ်။ ခန္ဓာကိုယ်နေမကောင်း၊ မကျန်းမာရင်စိတ်လဲထိုင်းမှိုင်းမယ်။ ဒီစိတ်နဲ့ ခန္ဓာက ချိပ်ဆက်နေတယ်။ ဒုက္ခဆိုတာ မအီမသာဖြစ်တဲ့ခံစားချက်၊နာကျင်မှု၊ မနှစ်မြိုမှု။ ခန္ဓာကိုယ်ကြီးက အိမ်ဆိုစိတ်က အိမ်ပိုင်ရှင်။ အိမ်ပိုင်ရှင်က အိမ်ဆိုတဲ့ခန္ဓာကိုယ်ကြီးကို ထားထားပြီးအတွေးတွေနဲ့ ခရီးတွေလွန်နေတတ်တယ်။ အိမ်မီးလောင်တဲ့အခါမှအိမ်ပြန်လာတတ်တာမျိုး။ အဲ့လို စိတ်နဲ့ ခန္ဓာက မီးလောင်တဲ့အခါဝေဒနာပေါ်တယ်။ ဝေဒနာပေါ်တော့ သတိက မကပ်လို့ မရတော့ဘူး။ သာမာန်အချိန်အများစုမှာလူအများစုက အိမ်ကြီးကိုထားပြီးအတွေးနယ်ချဲ့နေတဲ့အတွက်ကိုယ်အသက်ရှူတာ၊ ခြေလှမ်းလှမ်းတာ၊ စကားပြောတော့ ပါးစပ်လုပ်တာခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေကိုသတိမပြုမိဘူးဖြစ်နေတယ်။ ဒုက္ခရဲ့

စိတ်၏ဆင်းရဲခြင်း၊
ကိုယ်၏ဆင်းရဲခြင်းကို
ဒုက္ခလို့ခေါ်တယ်။
Read More »

Relationship အဆင်မပြေရင်
ဘဝလဲ အဆင်မပြေဘူး။

အဓိက Relationship ကတော့ကိုယ့်ကိုကိုယ်နဲ့ပဲ။ ကိုယ့်ကိုယ်ကိုနဲ့ ဆက်ဆံရေးအဆင်ပြေမှ တခြားသူနဲ့အဆင်ပြေမှာ။ ကိုယ့်ကိုကိုယ် ဆက်ဆံရေးအဆင်ပြေဖို့ကိုယ့်အတွေးတွေ၊ ယုံကြည်မှုတွေ၊လောကအမြင်တွေကို ပြန်ဆန်းစစ်ပြီးသတိနဲ့ ပြန်နေဖို့လိုလာတယ်။ If you don’t have a good relationship with yourself, it’s challenging to have a good relationship with the world. To achieve a positive connection with yourself, you need to mindfully watch your thoughts and beliefs. Phyo Paing @ Derek

Relationship အဆင်မပြေရင်
ဘဝလဲ အဆင်မပြေဘူး။
Read More »

ဒုက္ခဆိုတာဘာလဲ?

ဒုက္ခကို အင်္ဂလိပ််လို suffering တဲ့။ ဗုဒ္ဓက ဒုက္ခဆိုပြီး ဘဝကိုဟောကြားခဲ့တယ်။ ဒုက္ခဆိုတာ ကိုယ်၏ဆင်းရဲခြင်း၊စိတ်၏ဆင်းရဲခြင်းကိုဆိုတယ်။ ဗုဒ္ဓက ဘဝဆိုတာ ဒုက္ခဆိုတဲ့ဟောကြားမှုက ဘဝဆိုတာ ဒုက္ခတွေပဲရှိတယ်လို့ဟောကြားခဲ့တာမဟုတ်ဘူး။ အဓိပ္ပာယ်က ဘဝမှာကောင်းတဲ့အတွေ့အကြုံတွေဖြစ်တဲ့ဝမ်းမြောက်ဝမ်းသာခြင်း၊ပျော်ရွင်ခြင်း၊ တက်ကြွခြင်း၊ကာမဂုဏ်အာရုံတွေက အမြဲရှိနေမှာမဟုတ်ဘူး။ ခဏတာပဲ ခံတယ်။ ရေပွက်ပမာပဲလို့ဟောကြားခဲ့တာ။ ဒါကြောင့် ဗုဒ္ဓက equanimityဆိုတဲ့ အချက်ကို အဓိက ဟောကြားတယ်။မြန်မာလို တိုက်ရိုက်ပြန်တဲ့စကားလုံးတော့မတွေ့မိဘူး။ ယောနိသောမနသိကာရ ဆိုတဲ့ ပါဠိ စကားလုံးတော့ရှိတယ်။ အဓိပ္ပာယ်က ပြင်ပ ပယောဂဘယ်လောက်ဆိုးဆိုးတည််တည်ငြိမ်ငြိမ် အိန္ဒြေရှိရှိဖြတ်သန်းတာ။ အတွင်းပိုင်း စိတ်အခြေအနေဘယ်လိုရှိရှိ သတိ၊ အသိနဲ့ တည််တည်ငြိမ်ငြိမ် အိန္ဒြေရှိရှိဖြတ်သန်းတာ။ လူငယ်၊ လူလတ်ပိုင်းဆိုတော့ ဝုန်းတာတော့ ဝုန်းနေအုံးမယ်။တပြိုင်တည်းမှာပဲ ဗုဒ္ဓလမ်းပြတဲ့ equanimity နဲ့တည််တည်ငြိမ်ငြိမ် အိန္ဒြေရှိရှိဖြတ်သန်းဖို့ နှလုံးသွင်းတယ်။ ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေဖို့လမ်းပြတဲ့ ဆရာတွေအများကြီးရှိတယ်။ဗုဒ္ဓအနေနဲ့ ခန္ဓာကိုယ်နဲ့စိတ်တစ်သားတည်းဖြစ်နေဖို့

ဒုက္ခဆိုတာဘာလဲ? Read More »

နေ့တိုင်း ကိုယ့်ကိုကိုယ် train နေဖို့လိုတယ်

နေ့တိုင်း content marketingလုပ်နေတာမဟုတ်ဘူး။​နေ့တိုင်းကိုယ့်ကိုကိုယ် train နေတာ။ ကိုယ်တွေးတဲ့အတွေးတွေကိုချရေးတဲ့အခါ ဘယ်အပိုင်းကယုတ္တိအရ logic လွဲနေလဲပြန်ဆန်းစစ်လို့ရသလိုဘယ်အပိုင်းကို ပိုကောင်းတာလုပ်လို့ရမလဲ။တခြားသူတွေက ကိုယ့်ကိုဘာအမှားတွေပြင်ပေးမလဲ။ဒီရည်ရွယ်ချက်နဲ့ပဲ နေ့တိုင်းရေးနေတာ။ အတွေးကောင်းမှ အရေးကောင်းမယ်။The quality of your client isthe quality of your contents.The quality of your contents isthe quality of your thinking လို့ယုံကြည်ထားတယ်။ ရောမအင်ဘာယာဖြစ်တဲ့Marcus Aurelius တောင်သူ့အတွေး၊ သူ့သင်ခန်းစာတွေကိုနေ့တိုင်းချရေးပြီးခုလို နှစ်ပေါင်း ၂၀၀၀ ကျော်ထိနောင်လာနောက်သားတွေကိုအများကြီး အကျိုးပြုတဲ့Meditations ဆိုတဲ့ စာအုပ်ဖြစ်လာတယ်။ နေ့တိုင်း ကိုယ့်ကိုကိုယ် train နေဖို့လိုတယ်။ဒါမှ တိုးတက်မှာ။တိုးတက်မှုက ပျော်ရွင်မှုပဲ။ Phyo Paing @ Derek

နေ့တိုင်း ကိုယ့်ကိုကိုယ် train နေဖို့လိုတယ် Read More »

လူသုံးမျိုးခွဲကြည့်မယ်။

ပထမတစ်မျိုးကငါကတော့ ကုမ္ပဏီမှာတစ်လ သိန်းငါးဆယ်ရနေပြီ။တစ်လရောင်းအားဘယ်လောက်ရှိပြီးဘယ်လောက်မြတ်တယ်။တစ်လဝင်ငွေဘယ်လောက်ရနေပြီ။ဝင်ငွေကို အဓိကစဥ်းစားတာ။ ဒုတိယတစ်မျိုးကပိုင်ဆိုင်မှုကို စဥ်းစားတာ။ငါဝယ်ထားတဲ့ မြေက အခုရောင်းရင်ဘယ်လောက်ရပြီ။ငါမြေ၊ အိမ်၊ ကား၊ ရွှေကဘယ်လောက်ရှိပြီ။​ပိုင်ဆိုင်မှုပေါ်မူတည်ပြီးစဥ်းစားတာ။​ တတိယတစ်မျိုးကတစ်လဝင်ငွေဘယ်လောက်ရှိပြီ၊ဒီဝင်ငွေကို ဘယ်လိုပိုင်ဆိုင်မှုတွေမှာရင်းနှီးမြုပ်နှံထားပြီးဒီပိုင်ဆိုင်မှုတွေကိုထိန်းသိမ်းပြီး၊ တိုးပွားအောင်ဘယ်လိုလုပ်မလဲ။ဝင်ငွေအပေါ် အချိန်ပေးသလို၊ပိုင်ဆိုင်မှုတွေတိုးပွားမှုအပေါ်လဲအချိန်ပေးတယ်။​ ဘယ်တစ်မျိုးထဲပါပါကိုယ့်ကိုကိုယ် တိုးတက်အောင်လုပ်နေရမှာပဲ။ Phyo Paing @ Derek

လူသုံးမျိုးခွဲကြည့်မယ်။ Read More »