personal development

poor, average နဲ့ excellent ပြန်ခွဲလို့ရတယ်။

လူတိုင်းက မီးလောင်နေတယ်။ဆင်းရဲမွဲသေသူကစလို့ကမ္ဘာ့အချမ်းသာဆုံးသူအထိအကုန်မီးလောင်နေတယ်။ဒါကတော့ ကိလေသာမီးဖြစ်ပြီး လောဘ၊ ဒေါသ၊ မောဟနဲ့နေ့စဥ် လောင်မြိုက်နေကြတယ်။ လိုချင်တဲ့အရာတွေပြည့်ရင်ပျော်တယ်လို့ထင်တတ်ကြတယ်။နောက်သူ့ထက်ပိုလိုတတ်ကြတယ်။လိုချင်တဲ့အရာမရတဲ့အခါဒေါသတွေဖြစ်တတ်ကြတယ်။အမှန်ကိုမမြင်နိုင်တဲ့ မောဟတွေရှိတယ်။ ကိလေသာမီးလောင်တဲ့အခါအခိုးအငွေ့တွေကအာရုံခြောက်ပါးကညစ်ညမ်းမှုမီးခိုးတွေထွက်ပေါ်လာတယ်။မီးလောင်လို့ပူလောင်နေတာ သံသရာဝဋ်ဒုက္ခ။မီးငြိမ်းသွားတဲ့အချိန်နိဗ္ဗာန်ရောက်တယ်လို့ဗုဒ္ဓက ဆုံးမခဲ့တယ်။ တောတွေရှားပါးသွားတဲ့ခေတ်မှာ တောထွက်ရအောင်ကလဲမဟုတ်သေးဘူး။ လူတောထဲမှာဘဲဘဝကို အထာကျကျဖြတ်သန်းပြီးကိလေသာမီးငြိမ်းဖို့ကပါရမီဆယ်ပါး ဖြည့်ဆည်းဖို့ပဲရှိမယ်။ ပါရမီဆိုတာ နိဗ္ဗာန်ရောက်ကြောင်း ကောင်းမှုဆယ်ပါး ဖြစ်ပြီးပါရမီ ၁၀ ပါးရှိပါတယ်။ ၁။ ဒါနပါရမီ – စွန့်ကြဲခြင်း၂။ သီလပါရမီ – ကိုယ်၊ နှုတ်၊ စိတ် စင်ကြယ်စေခြင်း၃။ နိက္ခမပါရမီ – ကာမဂုဏ်တွေကနေ ထွက်ခွာခြင်း၄။ ပညာပါရမီ – အမှန်တရားကို သိမြင်ခြင်း၅။ ဝီရိယပါရမီ – ကြိုးစားအားထုတ်ခြင်း၆။ ခန္တီပါရမီ – သည်းခံခြင်း၇။ သစ္စာပါရမီ – မှန်ကန်ခြင်း၈။ အဓိဋ္ဌာနပါရမီ – ခိုင်မြဲစွာ ဆုံးဖြတ်ခြင်း၉။ မတ်ေတာပါရမီ […]

poor, average နဲ့ excellent ပြန်ခွဲလို့ရတယ်။ Read More »

လူတိုင်းက ကိုယ်နဲ့ထိုက်တန်တာကိုဘဲ
ရတတ်ကြတယ်။

အရမ်းတော်တဲ့ဝန်ထမ်းတစ်ယောက်ခပ်ညံ့ညံ့လုပ်ငန်းရှင်ဆီရောက်ရင်ကြာကြာခံမှာမဟုတ်ဘူး။ အရမ်းတော်တဲ့အမျိုးသား၊အမျိုးသမီးတစ်ယောက်ခပ်ခြာခြာပါတနာနဲ့နေတာများလာတဲ့အခါခြေကျင်းကြိုးနဲ့ ဒရွတ်တိုက်သွားနေရသလိုရှေ့ရောက်သင့်သလောက်မရောက်မောပန်းနေမှာပဲ။ အရမ်းစွမ်းတဲ့ အေအိုင်မတွေးတတ်တဲ့ ငတုံးနဲ့တွေ့တဲ့အခါငတုံးလိုဘဲ ဖြစ်နေမှာပဲ။​ လူတိုင်းက ကိုယ်နဲ့ထိုက်တန်တာကိုဘဲရတတ်ကြတယ်။ ကိုယ်နဲ့ထိုက်တန်တဲ့အရာတွေကပိုကောင်းလာလေလေကိုယ့်ကိုကိုယ် ပိုကောင်းအောင်လုပ်လာရလေပဲ။ Phyo Paing @ Derek

လူတိုင်းက ကိုယ်နဲ့ထိုက်တန်တာကိုဘဲ
ရတတ်ကြတယ်။
Read More »

အလုပ်ဖြစ်တဲ့အချိန်ရောက်ရင်
အခွင့်အရေးကို မဖြုန်းတီးဖို့လိုတယ်။

တစ်ရက်ဝင်ငွေကတစ်လဝင်ငွေထက်ပိုများနိုင်တဲ့နေ့တွေရှိနိုင်တယ်။​ တစ်လဝင်ငွေက တစ်နှစ်ဝင်ငွေထက်ပိုများနိုင်တဲ့ လတွေရှိနိုင်တယ်။​ တစ်နှစ်ဝင်ငွေက တစ်သက်ဝင်ငွေထက်ပိုများနိုင်တဲ့ နှစ်တွေရှိနိုင်တယ်။​ နေ့ရက်တိုင်း၊ လတိုင်း၊နှစ်တိုင်းရဲ့ အလေးချိန်တွေကမတူတတ်ကြဘူး။ ဒါကြောင့် စိတ်ရှည်ဖို့လိုသလိုအမြဲအပြတ် အခွင့်အလမ်းကိုအနံ့ခံနေဖို့လိုတယ်။ အလုပ်ဖြစ်တဲ့အချိန်ရောက်ရင်အခွင့်အရေးကို မဖြုန်းတီးဖို့လိုတယ်။ လူတစ်ယောက်နဲ့တစ်ယောက်အလုပ်ဖြစ်တဲ့အချိန်မတူဘူး။ Phyo Paing @ Derek

အလုပ်ဖြစ်တဲ့အချိန်ရောက်ရင်
အခွင့်အရေးကို မဖြုန်းတီးဖို့လိုတယ်။
Read More »

နေ့စဥ်စွမ်းဆောင်ရည်မြင့်အောင်
တိုးတက်နေဖို့လိုတယ်။

အစွမ်းအစတွေမကြီးထွားလာဘဲရေမှန်းချက်တွေဇွတ်ကြီးနေလဲအလကားပဲ။ နေ့စဥ် အစွမ်းအစကြီးအောင်လုပ်။နေ့စဥ် လေ့ကျင့်။နေ့စဥ် လေ့လာ။ နေ့စဥ် လုပ်ဆောင်။နေ့စဥ် read စာဖတ်နေ့စဥ် reflect သုံးသပ်နေ့စဥ် record မှန်တမ်းတင်နေ့စဥ် review ပြန်လည်ဆန်းစစ်။ Ability နဲ့ Ambition မျှဖို့လိုတယ်။ရည်ရွယ်ချက်က ချက်ချင်းကြီးလို့ရတယ်။စွမ်းဆောင်ရည်က ချက်ချင်းကြီးလို့မရဘူး။ ဒါကြောင့် နေ့စဥ်စွမ်းဆောင်ရည်မြင့်အောင်တိုးတက်နေဖို့လိုတယ်။ Phyo Paing @ Derek

နေ့စဥ်စွမ်းဆောင်ရည်မြင့်အောင်
တိုးတက်နေဖို့လိုတယ်။
Read More »

ဥာဏ်ရှိရင် ရှိသလို
အဖြေရှာနိုင်မယ်လို့ယူဆပါတယ်။

ဗုဒ္ဓဘာသာက သင်ပေးလိုက်တဲ့စိတ်ထားကတော့ကိုယ်ထူကိုယ်တဆိုတာပဲ။ ကိုယ့်ပြဿနာ ကိုယ်ဖြေရှင်းနိုင်ဖို့လိုတယ်။ ပြဿနာ စကားလုံးဟာ ပါဠိဘာသာက “ပဿနာ” ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာပါတယ်။ အဓိပ္ပါယ်က “မေးခွန်း” သို့မဟုတ် “စဉ်းစားစရာကိစ္စ” လို့ အဓိပ္ပါယ်ရပါတယ်။ မြန်မာဘာသာထဲကို ဝင်လာတဲ့အခါ “ပြဿနာ” လို့ ပြောင်းလဲသွားပြီး အဓိပ္ပါယ်ကလည်း “အခက်အခဲ”“ကိစ္စရပ်”၊ “ဖြေရှင်းရမယ့်အရာ” စတဲ့ အဓိပ္ပါယ်တွေနဲ့ သုံးစွဲလာကြတယ်။ လူတိုင်းမှာ ဆန္ဒတွေရှိတယ်။လိုအင်တွေရှိတယ်။ လိုအပ်ချက်တွေရှိတယ်။လိုချင်ပြီး မရသေးတဲ့အရာတွေကိုဖြေရှင်းဖို့ “ပြဿနာ အဖြေရှာတတ်ဖို့” လိုတယ်။ ဖျားနာရင်ကုဖို့ ဆေးပညာရှိတယ်။အိမ်တွေဆောက်၊ လျပ်စစ်မီးဖန်တီးစတာတွေလုပ်ဖို့ အင်္ဂျင်နီယာပညာ။ ကိုယ့်ပြဿနာကိုယ်အဖြေမရှာတတ်တော့ရင်အရင်းခံ အကြောင်းအရင်းတွေကိုပဲအပြစ်တင်နိုင်တတ်ကြတယ်။ အဖေကြောင့်၊ အမေကြောင့်၊သမီးရည်းစားလင်မယားကြောင့်၊ကြောင့်ပေါင်းများစွာနဲ့ပြဿနာကိုမီးပိုလောင်စေတယ်။ ဒါကြောင့် ပြဿနာဖြေရှင်းတဲ့အခါအချိန်ရဲ့ ၅% ကို ပြဿနာအရင်းခံကိုသိဖို့သုံး။ကျန်တဲ့အချိန်အာရုံကိုပြဿနာအဖြေရှာဖို့သုံးလို့ဆိုတယ်။ လူတစ်ယောက်ရဲ့ပြဿနာ။မိသားတစ်ခုရဲ့ပြဿနာ။ လူမျိုးတစ်မျိုးရဲ့ပြဿနာ။နိုင်ငံတစ်ခုရဲ့ပြဿနာ။ တစ်ကမ္ဘာလုံးရဲ့ပြဿနာ။ သံသရာတစ်ကွေ့ ဒီတစ်နေ့ကိုယ်တွေ့တဲ့သူတိုင်းရဲ့ပြဿနာကိုကူမဖြေရှင်းနိုင်ရင်တောင်ကိုယ့်ပြဿနာကိုယ်ဖြေရှင်းနိုင်ဖို့လိုတတ်တယ်။ လိုလျင်ကြံဆ နည်းလမ်းရဆိုတဲ့ဆိုရိုးစကားလဲရှိတာမဟုတ်လား။

ဥာဏ်ရှိရင် ရှိသလို
အဖြေရှာနိုင်မယ်လို့ယူဆပါတယ်။
Read More »

ခံယူချက်မတူရင် ခံစားချက်မတူဘူး။

အချစ်ရေးမှာဖြစ်ဖြစ်အလုပ်မျာဖြစ်ဖြစ်ကိုယ့်ရဲ့ပါတနာတိုင်းကခံယူချက်တူဖို့အရေးကြီးတယ်။ ခံယူချက်မတူရင်ခံစားချက်မတူဘူး။ ဥပမာတစ်ယောက်ကအလုပ်ကိုတန်ဖိုးထားတဲ့ခံယူချက်ရှိတယ်။အလုပ်ကိုဘဝလိုတန်ဖိုးထားတယ်။အလုပ်ဆိုတာ ကိုယ့်ဘဝရဲ့အရေးကြီးတဲ့အစိတ်အပိုင်းလို့ယူဆတယ်။ တစ်ယောက်ကအလုပ်ဆိုတာ မသေမချင်းလုပ်ရမှာပါကွာ။အေးဆေးပေါ့လို့စဥ်းစားမယ်။ ခံယူချက်မတူရင် ငြိယူဖို့ခက်တယ်။ ဘဝတစ်လျှောက်လုံးမှာတဖြည်းဖြည်းနားလည်လာတဲ့သင်ခန်းစာတစ်ခုပဲ။ ဒါကြောင့် အချစ်ရေး၊အလုပ်အကိုင် အကုန်လုံးမှာခံယူချက်တူတဲ့သူတွေနဲ့အလုပ်လုပ်ဖို့လိုတယ်။ အမြင်နဲ့ ခံယူချက်နဲ့မတူဘူး။ခံယူချက်က အတွင်းပိုင်းစိတ်ထား။အမြင်က အကြောင်းအရာတစ်ခုအပေါ်မြင်တဲ့အမြင်။အမြင်တွေကွဲလို့ရတယ်။ခံယူချက်တွေ မတူလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ခံယူချက်မတူရင်ခံစားချက်မတူဘူး။ Phyo Paing @ Derek

ခံယူချက်မတူရင် ခံစားချက်မတူဘူး။ Read More »

ဘဝက Do-It-Yourself
ကိုယ်ကြိုက်သလိုပုံဖော်တဲ့ဂိမ်းတစ်ခုပဲ။

Laptop တစ်လုံးLuggage တစ်လုံးနဲ့နေရာအစုံလျှောက်သွားနေတာ။ ကိုယ့်ဘဝရဲ့ အကြိုက်ဆုံးဘဲကji gong ကျိကုန်း။ဝိုင်လဲသောက်တယ်။တရားလဲကျင့်တယ်။unorthodox သမရိုးမကျဘူး။ သမရိုးကျမဖြစ်တွယ်တာမှုအနည်းဆုံးနဲ့ဘဝမှာ ကိုယ်မလုပ်ဘဲမနေနိုင်တဲ့အလုပ်တွေလုပ်ရင်းအသက်မွေးမှုပြုချင်တယ်။ အလုပ်ဆိုတာ ငွေကြေးတစ်ခုတည်းထက်ပိုတယ်။ကိုယ်ဘယ်သူလဲဆိုတာကိုဖော်ပြတဲ့ self-expression တစ်ခုလဲဖြစ်တယ်။ကိုယ့် identity ငါဘယ်သူလဲဆိုတာနဲ့လဲဆက်စပ်နေတယ်။ ဘဝက Do-It-Yourselfကိုယ်ကြိုက်သလိုပုံဖော်တဲ့ဂိမ်းတစ်ခုပဲ။ အသက်အရွယ်အလိုက်ဟော်မုန်းတွေ အတက်အကျနဲ့အတူစိတ်အပြောင်းအလဲတွေဖြစ်နေတယ်။ လူတော်တော်များများကလူအများလိုချင်တာကိုလိုချင်ကြတယ်။သူတို့ဘာကိုလိုချင်လဲသေချာ မသိကြဘူးတဲ့။ ဖရက်ဒရစ် နီးရှား (Friedrich Nietzsche) က “Few people have the independence of mind to resist the instincts of the herd.”— Human, All Too Human (1878) တဲ့။ ကိုယ့်ရဲ့စိတ်ကို ချုပ်နှောင်ထားတဲ့လူအများစုရဲ့ယုံကြည်မှု၊ အခြေခံယူဆချက်၊လောကအမြင်တွေထဲကထောင်ဖောက်ပြီး လွတ်မြောက်မှုကိုဖန်တီးဖို့က တော်တော်လေးမလွယ်ဘူး။ တခြားလူတွေလိုချင်တဲ့ဘဝကိုကိုယ်မလိုချင်ဘူး။ကိုယ်လိုချင်တဲ့ဘဝကိုသံသရာတစ်ကွေ့ ဒီနေ့မှာမျက်မြင်ကိုယ်တွေ့တည်ဆောက်ပြီးဖြတ်သန်းနေတယ်။​ဘယ်အရာနဲ့မှ မလဲနိုင်ဘူး။

ဘဝက Do-It-Yourself
ကိုယ်ကြိုက်သလိုပုံဖော်တဲ့ဂိမ်းတစ်ခုပဲ။
Read More »

လူတိုင်းမှာ မွေးရာပါ ပါရမီရှိတယ်။

လူတိုင်းမှာ မွေးရာပါ ပါရမီရှိတယ်။တချို့တွေက စကားပြောကောင်းတယ်။တချို့တွေက ဥာဏ်အထူးကောင်းတယ်။တချို့က စျေးရောင်းတော်တယ်။တချို့က အတွက်အချက်ကျွမ်းတယ်။တချို့က လူတွေကို ဦးဆောင်တတ်တယ်။တချို့က နားထောင်ပေးတတ်တယ်။တချို့က ဖန်တီးနိုင်တယ်။တချို့က ထိန်းချုပ်နိုင်တယ်။ လူတိုင်းမှာ ပျိုးထောင်လို့ရတဲ့ကျွမ်းကျင်မှုတွေရှိတယ်။​စာရေးတာ။လူရှေ့သူရှေ့စကားထွက်ပြောတာ။ကိုယ့်အတွေးအခေါ်ကို ဗီဒီယိုရိုက်တာ။ဦးဆောင်တာ။ပေါင်းသင်းဆက်ဆံတာ။ မွေးရာပါ အားသာချက်တွေနဲ့ပြုစုပျိုးထောင်တဲ့ကျွမ်းကျင်မှုတွေnature နဲ့ nurture ပေါင်းစပ်ပြီးဘဝရဲ့ အောင်နိုင်ရေးဖော်မြူလာwinning formula တည်ဆောက်လို့ရနိုင်တယ်။ Phyo Paing @ Derek

လူတိုင်းမှာ မွေးရာပါ ပါရမီရှိတယ်။ Read More »

ခေတ်၊ စနစ်နဲ့စကေး

ကိုယ့်ဘဝမှာ ပြိုင်ဆိုင်ဖို့စိတ်မဝင်စားဘူး။အဲ့လောက်လဲ မတုံးအဘူး။ကိုယ်စိတ်ဝင်စားတာခေတ်၊ စနစ်နဲ့ စကေးပဲ။ ဘယ်ခေတ်မှာဘယ်စနစ်ဖြစ်မလဲ။ကိုယ့်မှာ ဘာစကေးရှိရမလဲ။ အရင်က လူမှုကွန်ယက်ခေတ်မှာလူမှုကွန်ယက်စကေး။App ခေတ်မှာApp က စီးပွါးရှာစကေး။အခု အေအိုင်ခေတ်အေအိုင်အသုံးချစကေး။ ခေါင်းထဲမှာ အရမ်းရှင်းတယ်။ ဘယ်သူ့ဘဝမှလဲ စိတ်မဝင်စားဘူး။ကိုယ့်ဘဝပဲ ကိုယ်စိတ်ဝင်စားတာများတယ်။ Phyo Paing @ Derek

ခေတ်၊ စနစ်နဲ့စကေး Read More »

အမြင်ကျယ်ဖို့

အမြင်မကျယ်ရင်အကျယ်မမြင်ဘူး။အကျယ်မမြင်ရင်ရွေးချယ်လို့ရတဲ့လမ်းတွေမမြင်ဘူး။ ရွေးချယ်စရာများမှန်းမသိရင်ဘဝမှာ ကျဥ်းထဲကြပ်ထဲရောက်နေတယ်လို့မြင်တတ်တယ်။ပြဿနာတွေကို အထိရောက်ဆုံးအဖြေရှင်းတတ်ဘူး။ အမြင်ကျယ်ဖို့ ၁။ စာကောင်းပေကောင်းနေစဥ်ဖတ်ဖို့လိုတယ်။ ၂။ တခြားနိုင်ငံနဲ့လူမျိုးတွေဆီ ခရီးသွားကြည့်ဖို့လိုတယ်။ ၃။ အသစ်ဖြစ်ပေါ်နေတဲ့ နည်းပညာနဲ့သတင်းတွေကိုလေ့လာနေဖို့လိုတယ် ၄။ ဘာသာစကားနှစ်ခုလောက်တော့ကောင်းကောင်းတတ်ဖို့လိုတယ်။​(အထူးသဖြင့် အင်္ဂလိပ်လိုပါဝင်တယ်။) ၅။ ကိုယ့်အထင်အမြင်တိုင်းအမှန်မဟုတ်ဘူးဆိုတဲ့open-minded ဖြစ်ဖို့ လိုတယ်။ Phyo Paing @ Derek

အမြင်ကျယ်ဖို့ Read More »