Change your story,
change your life.
ဘဝတစ်ခုမှာဇာတ်ကောင်တစ်ခုရမယ်။ခန္ဓာတစ်ခု၊မိဘ၊ ဆွေမျိုး၊ လူမျိုး၊ နိုင်ငံနောက်ခံသမိုင်းကျောင်းတစ်ခုရမယ်။ ဒီဇာတ်ကောင်ကို ထိန်းချုပ်လို့ရတဲ့အသိဥာဏ်တစ်ခုရမယ်။ အတိတ်ကိုပြောင်းလို့မရပေမယ့်အနာဂတ်ကိုပြောင်းလဲလို့ရမယ်။ အနာဂတ်ကိုပြောင်းဖို့ပုံပြင်အသစ်လိုတယ်။အတိတ်ကပြောနေကျပုံပြင်တွေကစွန့်ခွာနိုင်ဖို့လိုတယ်။ ကိုယ့်ကိုကိုယ်ပြောနေတဲ့ပုံပြင်တွေပြောင်းလဲနိုင်တဲ့အခါဇာတ်ကောင်ရဲ့ရပ်တည်မှုကိုအဓိပ္ပာယ်ဖွင့်တဲ့ပုံစံပြောင်းသွားလိမ့်မယ်။ လူအများစုက အတိတ်၊ဟိုဟောင်းနေတဲ့ယဥ်ကျေးမှု၊ ထုံးတမ်းစဥ်လာ၊အမြင်ဟောင်းကြီးထဲကထွက်ဖို့ ရုန်းကန်နေကြရတယ်။ Change your story,change your life ဆိုတာလဲကြားဖူးလိမ့်မယ်။ ဦးနှောက်ထဲမှာ Reticular activating system (RAS)ဆိုတာရှိတယ်။အရေးကြီးတာ၊ အရေးမကြီးတာကိုဇကာစစ်ပေးတယ်။ကိုယ်ယုံကြည်တဲ့အတိုင်းအရေးကြီးတာကိုတွေ့စေတယ်။ ဘဝကြီးက ခက်ခဲတယ်ဆိုခက်ခဲတဲ့အရာတွေကိုပဲပြေတယ်။ဘဝမှာ အခွင့်အလမ်းတွေရှိတယ်။ငွေဆိုတာရှာရလွယ်တယ်ဆိုအရမ်းခက်ခဲတဲ့နေရာမှာတောင်အခွင့်အလမ်းတွေတွေ့နိုင်တယ်။ရှင်းပြတာ မော်တီဗေးရှင်းနယ်စပီကာများဆန်သွားသလား။အဲ့လိုပဲ။ ကိုယ့်ဘဝကို ဂိမ်းကစားနေသလိုစဥ်းစားကြည့်။ဇာတ်ကောင်ရဲ့ပုံစံပြောင်းချင်ရင်ကိုယ့်ကိုကိုယ်ပြောနေတဲ့ပုံပြင်ပြော။ Phyo Paing @ Derek
Change your story,
change your life. Read More »