အမြင်ရှိမှ အမြင့်ရောက်မယ်။
Plan မရှိက ပက်လက်လန်နိုင်ပေမယ့် Plan ရှိပေမယ့်လည်း အခြေအနေပေါ်မူတည်ပြီး အမြဲအပြောင်းအလဲဖြစ်နိုင်တယ်။ ဒါကြောင့် အမြော်အမြင် Vision နဲ့ ဘ၀ရဲ့ရည်ရွယ်ချက် Purpose လိုအပ်တယ်။ Phyo Paing @ Derek
Plan မရှိက ပက်လက်လန်နိုင်ပေမယ့် Plan ရှိပေမယ့်လည်း အခြေအနေပေါ်မူတည်ပြီး အမြဲအပြောင်းအလဲဖြစ်နိုင်တယ်။ ဒါကြောင့် အမြော်အမြင် Vision နဲ့ ဘ၀ရဲ့ရည်ရွယ်ချက် Purpose လိုအပ်တယ်။ Phyo Paing @ Derek
သေသောငါးတွေသာ ရေစီးနဲ့အတူမျောပါတယ်။ အပင်တို့သည် မြေကြီးကိုဖောက်ထွက် ရှင်သန်ကြတယ်။ ဥကိုဖောက်ထွက်မှ အကောင်ဖြစ်လာသလို လူတစ်ယောက်ဖြစ်လာဖို့ အချင်းကိုဖယ်ပြီးမှ လူလောကထဲရောက်လာတယ်။ ပြဿနာ၊ အခက်ခဲဆိုတာ စိတ်ဓာတ်ကျစရာထက် စိန်ခေါ်မှုဖြစ်တယ်။ ဒီစိန်ခေါ်မှုတွေကို ဖြတ်ကျော်နိုင်ရင် အတိတ်ရဲ့အချင်းကို ချန်ထားခဲ့ပြီး လူသစ်စိတ်သစ် အတွေးသစ်နဲ့ နောက်တဆင့်ကို တက်ရောက်နိုင်တယ်။ Phyo Paing @ Derek
တွက်နည်းမှန်ပြီး အဖြေမှားတာတွေရှိသလို တွက်နည်းမှားပြီး အဖြေမှန်သွားတာလည်းရှိတယ်။ တွက်နည်းမျိုးစုံနဲ့ အဖြေမှန်ရနိုင်သလို ကိုယ့်တွက်နည်းနဲ့မတူလို့ အပစ်ဝိုင်းရှာတာလည်း ခံရနိုင်တယ်။ တချို့ကတော့ တိုက်ရိုက် ကော်ပီကူးချသလို တချို့ကလည်း ကိုယ်ပိုင်တွက်နည်းနဲ့ တွက်ကြတယ်။ တချို့ကျတော့လည်း ဘ၀ကို ဒီပုစ္ဆာတစ်ပုဒ်တည်းနဲ့ အမှတ်ပေးမယ်ထင်တယ်။ အမှန်တော့ ဘ၀မှာ သင်္ချာပုစ္ဆာ အခန်းရှည်ကြီးဖြစ်တယ်။ ကိုယ်ကြိုက်တဲ့ မေးခွန်းကိုရွေးပြီး ဖြေရှင်းနေဖို့ အရေးကြီးတယ်။ အဖြေမှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ အချိန်တန်ခေါင်းလောင်းထိုးချိန်တွင် အိမ်ပြန်ရမှာဖြစ်တယ်။ ကိုယ်ကြိုက်တဲ့ သင်္ချာပုစ္ဆာကို ဖြေရှင်းရင်း ခေါင်းလောင်းထိုးချိန်ကို စောင့်ကြတာပေါ့။ Phyo Paing @ Derek
အခု Singapore မှာ ကျင်းပတဲ့ Tony Robbins ရဲ့ သင်တန်းတစ်ခုကိုတက်ရောက်နေပါတယ်။ ဒီမှာ ကိုနိုင်ဝင်းအောင်နဲ့ ပြန်ဆုံကြတယ်။ 2015 Nov မှာ Bangkok က Training တစ်ခုမှာဆုံကြရင်း ညီအစ်ကိုလိုရင်းနှီးလာခဲ့ကြတယ်။ မိဘနှစ်ပါး ကျွန်တော့်ရဲ့ အမေဟာ မြန်မာကျောင်းဆရာမတစ်ယောက်ဖြစ်ပြီး၊ အဖေကတော့ စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး အဖေကတော့ငယ်ကတည်းကဆုံးပါးသွားခဲ့သည်။ နှစ်ဖက်သွေးပါတဲ့ ကျွန်တော့်အနေနဲ့ စီးပွားရေးကို စိတ်ဝင်စားသလို၊ စာသင်တာကိုလည်းစိတ်ဝင်စားပါတယ်။ ပညာရေး ကျွန်တော့်အဖေနဲ့အဒေါ်ဟာ အရင်ခေတ်က FRC ဖြစ်တဲ့အတွက် ဆေးကျောင်းတက်ဖို့အမှတ်မှီခဲ့ပေမည့် တက်ခွင့်မရခဲ့ပါဘူး။ သူတို့တက်ခွင့်မရခဲ့တဲ့ ဆေးကျောင်းကို ညီအစ်ကိုနှစ်ရောက်တက်ရောက်ခဲ့ပါတယ်။ ရင်ဆိုင်မှုများ ဆေးကျောင်းတက်နေရင်းဖြင့် ကုန်သည်လုပ်ဖြစ်သလို 2011 မှာ mebook ဆိုတဲ့ iPad ပုံစံ tablet များကို ပြည်တွင်းသို့တင်သွင်းလာပြီး စျေးကွက်ဖြန့်တဲ့အခါ ပြဿနာစတင်ကြုံရပါတယ်။
သူတပါးကို ဝေဖန်နေတာနဲ့တင် အချိန်တွေကုန်နေပြီ။ ကိုယ့်အတွက် ကိုယ်ကို ဘယ်အချိန် အလုပ်သွားလုပ်မလည်း။ သုများသွားထိုင်ဝေဖန်နေလို့ ဘာရမလည်း။ လူတိုင်းကိုလည်း အလွယ်တကူ အထင်မသေးသင့်သလို အလွယ်တကူလည်း အထင်ကြီးစရာမလိုဘူး။ Phyo Paing @ Derek
လူတွေမှာ အခက်ခဲဆုံးက ပထမဆုံးအောင်မြင်မှုဖြစ်တယ်။ ပထမဆုံး အောင်မြင်မှုကို ကြုံပြီးနောက် မိမိကိုယ်ကို ပိုယုံကြည်မှုရှိလာတယ်။ နည်းနည်း လူရိုသေရှင်ရိုသေ ဖြစ်လာမယ်။ စိတ်မများပါနဲ့။ ပထမလုပ်ငန်းတစ်ခုကိုစတင်ပြီး အောင်မြင်အောင်လုပ်ပါ။ နှင်းဘောလုံးလို ကြာလေပိုအောင်မြင်လေ ဖြစ်လာပါလိမ့်မယ်။ Phyo Paing @ Derek
ပထမသားလေးက အမြဲတမ်းဘောင်အပြင်ဘက်ကတွေးလေ့ရှိတယ်။ ဟိတ်ကြီးဟန်ကြီးမရှိပေမယ့် ပညာရေးကို ရူးသွပ်တယ်။အသစ်တွေ တီထွင်လေ့ရှိတယ်။ လူတွေကို အလိုက်အထိုက်ဆက်ဆံတတ်ပေမယ့် တကယ်တော့သူ လူတွေကို ချစ်တယ်။ လူတွေ လိုအပ်မယ်ထင်တာကို ကြိုတင်ပြင်ဆင်လုပ်ဆောင်ထားလေ့ရှိတယ်။ ငွေရေးကြေးရေးထက် ပညာရေးကို အဓိကထား လေ့ရှိတယ်။ သူ့နာမည်က Y.E.C Learning Center လို့ခေါ်တယ်။ သူ့မှာ ညီတစ်ယောက်ရှိတယ်။ သူကတော့ နည်းပညာကို ရူးသွပ်တယ်။နည်းပညာနဲ့ပညာရေးကို ပေါင်းပြီး အပြောင်းအလဲ လုပ်လိုတယ်။ ထင်ရာကို စလုပ်တယ်။ သူ့နာမည်ကတော့ Y.E.C Online Learning ဖြစ်တယ်။ တတိယသားကေတာ့ စီးပွားရေး ကို စိတ်ဝင်စားတယ်။ လောကမှာ ဖြစ်နေတဲ့ ပြသနာတွေကို ဖြေရှင်းဖို့စွန့်ဦးတီထွင်တွေလိုတယ်လို့သူအလွန်အမင်းယုံကြည်ထားတယ်။ဒီသူတွေကို သူ့အတွေ့အကြုံတွေ ဝေမျှရှင်းပူးပေါင်းလုပ်ဆောင်ဖို့ စိတ်ဆန္ဒပြင်းပြတယ်။သူ့နာမည် Dream Lab လို့ခေါ်တယ်။ အငယ်ဆုံးတစ်ယောက်ကတော့လူတွေကို ကြိုစားစေချင်တယ်။ အကြီးကြီးတွေစဉ်းစားပြီး
လေယာဉ်မယ် အလုပ်လျှောက်တယ်။ မရခဲ့တော့ နောက်ဆုံးလေကြောင်းလိုင်းတစ်ခု ထောင်လိုက်တယ်။ Facebook မှာအလုပ်လျှောက်တယ်။ မရခဲ့တော့ Messaging App တစ်ခု ရေးပြီးနောက်ဆုံး 19 billion နဲ့ Facebook ကပေး၀ယ်ခဲ့တဲ့ Whatsapp လိုအဖြစ်တွေ မြင်နေကြားနေရလာတယ်။ ဒါကြောင့်လိုချင်တာ မရခဲ့ရင် ဒီထက်ပိုကောင်းတဲ့ အရာရမယ်လို့ အမြဲနှလုံးသွင်းပါလေ။ Phyo Paing @ Derek
Harvard Professor – Daniel Gilbert က လူတွေဟာ အနာဂတ်မှာ ဘယ်လိုခံစားရမလည်းဆိုတာ ခန့်မှန်းကြတယ်။ ဒါပေမယ့် မမှန်ကြဘူး။ အဆုံးမသတ် ကျောင်းစာမေးပွဲကြီးပြီးရင် ပျော်မယ်ထင်ခဲ့ကြတယ်။ အလုပ်ရှာဖို့ဖြစ်လာတယ်။ အလုပ်ရရင် ဘဝမှာအေးအေးဆေးဆေးဖြစ်ပြီစဉ်းစားတယ်။ ရုံးတွင်းပြိုင်ဆိုင်မှု Office Politics တွေနဲ့တွေ့တယ်။ ကိုယ်တိုင်စီးပွားရေး လုပ်ရင်တော့ Financial Freedom ရမယ်စဉ်းစားတယ်။ ဝန်ထမ်းစီမံခန့်ခွဲမှု Management ပြဿနာတွေကြုံတယ်။ ရည်မှန်းချက်ပန်းတိုင်ရောက်လို့လည်း ပြဿနာတွေ ၁၀၀% မရှိတော့မှာ မဟုတ်ဘူး။ သူ့ထက်ပိုကြီးတဲ့ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းရမှာ။ ရွေးချယ်မှု လူရှိရင် ပြဿနာရှိတယ်။ Game ကစားသလိုဘဲ။ Level မြင့်လေလေ ပြဿနာကြီးလာလေလေ။ ဒီတော့ ကိုယ် ကစားချင်တဲ့ Game ကိုရွေးချယ်ဖို့လိုတယ်။ လုပ်ဆောင်မှု နောက်ပြီး လူတိုင်းဟာ ကိုယ်လုပ်တာကိုသိတာထက် ကိုယ်သိတာကိုလုပ်နေကြတာဖြစ်တယ်။
သစ်ကြီးဘဲထိုင်ခုတ်နေတာထက် ပုဆိန်သွေးဖို့လိုပါတယ်။ Read More »
တရုတ်ပြည်မကြီးက ပေါချောင်မကောင်း ပစ္စည်းတွေထွက်တယ်။ လေကျင်း 雷军 ဆိုတဲ့လူက ဘေးထိုင်ဘုပြောမနေဘူး။ တန်ဖိုးနည်း အရေအသွေးမြင့် ကုန်ပစ္စည်းတွေထုတ်ရင်း Xiaomi (MI) ဖြစ်လာတယ်။ တရုတ်ပြည်မကြီးမှာ banking system နဲ့ သယ်ယူပို့ဆောင်ရေး အစအစအရာရာမှာ အားနည်းတယ်။ ဘေးထိုင်ဘုပြောမနေဘူး။ Jack MA ရဲ့ Alibaba နဲ့အတူ Alipay ဖြစ်လာတယ်။ AliExpress ဖြစ်လာတယ်။ အမေရိကန်တွေ နည်းပညာသာတာ ဘားမှလုပ်မရဘူး။ အစိုးရ အကာအကွယ်မပေးဘူး ဘေးထိုင်ဘုပြောမနေဘူး။ Uber မလာခင် DiDi Taxi ပြင်ဆင်ခဲ့တယ်။ Uber တရုတ်ကထွက်သွားရတယ်။ ရေမရှိဘူး။ လူမရှိဘူး။ မလေးရှားအနိုင်ကျင့်တယ်တစ်ခုတည်း ဘေးထိုင်ဘုပြောမနေဘူး။ Newater လုပ်တယ်။ ဒီနေ့ စလုံးဖြစ်လာတယ်။ ဘေးထိုင်ဘုပြောတာ လူငယ်တွေအလုပ်မဟုတ်ဘူး။ Energy ရှိတယ်။