October 2026

ဒီသုံးခုက ကိုယ့်ကမ္ဘာမှာ အမုန်းဆုံးအလုပ်သုံးခု။

အောက်ကျနောက်ကျဖြစ်တာ၊ ရွေးချယ်စရာမရှိပိတ်မိနေတာ၊အချိန်တွေ အလဟသဖြုန်းမိတာဒီသုံးခုက ကိုယ့်ကမ္ဘာမှာ အမုန်းဆုံးအလုပ်သုံးခု။ ဒါကြောင့် ပညာရေးမှာလဲအောက်ကျနောက်ကျမဖြစ်အောင်အကောင်းဆုံးတော့လုပ်ခဲ့တယ်။ ကျန်းမာကြံ့ခိုင်ရေး၊ အလုပ်အကိုင်၊ ငွေရေးကြေးရေး၊ ချစ်သူရည်းစားလင်မယား၊ ကိုယ့်မိဘနဲ့ အမျိုးတွေအတွက်တာဝန်၊တိုးတက်ရေးနဲ့ စိတ်ငြိမ်းချမ်းရေးအောက်ကျနောက်ကျဖြစ်မနေအောင်အားထုတ်တယ်။ နောက်ရွေးချယ်စရာရှိတဲ့ဘဝလိုတယ်။ ဒီတစ်နေရာအဆင်မပြေရင်တစ်နေရာမှာ အသက်ဆက်ရှင်သန်နိုင်ဖို့။အသက်မွေးမှုတစ်ခု အဆင်မပြေရင်နောက်တစ်ခုအလွယ်တကူပြောင်းလို့ရအောင်backup professions တွေထားထားတယ်။ အချိန်တွေအလဟသမဖြုန်းဖြစ်အောင်နေ့စဉ် အကျိုးရှိအောင်အသုံးချတယ်။ ဘဝမှာ အလဟသ သုံးဖြုန်းလိုက်တဲ့အချိန်ဆိုတာမရှိသလောက်ရှားတယ်။ ဒါကြောင့် ဘဝမှာ ပြန်ပြင်ချင်တဲ့အရာနောင်တရတဲ့အရာဆို မရှိသလောက်ပဲ။ ကိုယ်မုန်းတဲ့အရာတွေ မရအောင်အားထုတ်ခြင်းကလဲကိုယ့်ကို အားအင်တွေပေးတယ်။ Phyo Paing @ Derek

ဒီသုံးခုက ကိုယ့်ကမ္ဘာမှာ အမုန်းဆုံးအလုပ်သုံးခု။ Read More »

ပညာက လမ်းမှန်ကို မြင်စေတယ်။
သီလက လုပ်ရပ်ကို ထိန်းညှိပေးတယ်။
သမာဓိက စိတ်ကို တည်ကြည်စေတယ်။

အတွေးတွေမှာ စွမ်းအားတွေရှိတယ်။ဒီအတွေးတွေကို စုစည်းနိုင်ဖို့လိုတယ်။ဒီအတွေးတွေကို စုစည်းနိုင်တာကိုသမာဓိလို့ခေါ်တယ်။ အတွေးတွေ စုစည်းနိုင်ရင်လေဆာလို ကိုယ့်ဆန္ဒရှိတာကိုအာရုံပြုလို့ရတယ်။ဒီပုံစံနဲ့ မနောကံကို ပွားများလို့ရတယ်။ သာမန်လူအများစုရဲ့ အတွေးတွေကပြန့်ကျဲနေတယ်။ဗရမ်းဗတာဖြစ်နေတယ်။ လိုချင်တာတွေထက်မလိုချင်တာတွေ တွေးနေတယ်။အဖြေရှာစိတ်ထက်အပြစ်တင်လိုစိတ်တွေ များနေတယ်။ ကိုယ့်မှာရှိတဲ့ စိတ်စွမ်းအားတွေကိုအလဟဿ မသုံးမိဖို့ဗုဒ္ဓဟောကြားခဲ့တဲ့ မဂ္ဂင်ရှစ်ပါးနဲ့ချိတ်ဆက်ကြည့်လို့ရတယ်။ စိတ်ဝင်စားရင် ဆက်ဖတ်ကြည့်။သိပြီးသားဆို ဒီမှာရပ်လဲရပါတယ်။ ပထမဆုံး သမ္မာဒိဋ္ဌိ။မှန်ကန်တဲ့ အမြင်ရှိဖို့လိုတယ်။ အမြင်မှားနေရင်အတွေးတွေ ဘယ်လောက်စုစည်းစုစည်းဦးတည်ရာမှားနေနိုင်တယ်။ လေဆာတစ်ခုလိုပဲ။စွမ်းအားဘယ်လောက်ပြင်းပြင်းပစ်မှတ်မှားနေရင်လိုချင်တဲ့ရလဒ် မရနိုင်ဘူး။ ဒုတိယ သမ္မာသင်္ကပ္ပ။မှန်ကန်တဲ့ ကြံစည်တွေးတောမှု။ ကိုယ့်စိတ်ထဲမှာဘယ်လိုအတွေးတွေကို မွေးမြူနေလဲ။ သူတစ်ပါးကို အနိုင်ယူချင်တဲ့စိတ်လား။ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ချင်တဲ့စိတ်လား။ အတိတ်ကို နောင်တရနေတဲ့စိတ်လား။အနာဂတ်ကို ဖန်တီးချင်တဲ့စိတ်လား။ အတွေးတိုင်းဟာကိုယ့်ရဲ့ အာရုံစိုက်မှုကို အသုံးပြုနေတယ်။ အာရုံစိုက်မှုဟာ အကန့်အသတ်ရှိတယ်။မလိုအပ်တဲ့အတွေးတွေနဲ့ ပြည့်နေရင်အရေးကြီးတဲ့အရာတွေအတွက်အာရုံစိုက်ဖို့ ခက်ခဲလာတယ်။ တတိယ သမ္မာဝါစာ။မှန်ကန်တဲ့ စကားပြောခြင်း။ စိတ်ထဲမှာရှိတဲ့ အတွေးတွေဟာစကားလုံးတွေအဖြစ် ထွက်လာတတ်တယ်။ နေ့တိုင်း ညည်းညူနေတဲ့သူဟာပြဿနာတွေကိုပဲ ထပ်ခါထပ်ခါအာရုံစိုက်မိတတ်တယ်။

ပညာက လမ်းမှန်ကို မြင်စေတယ်။
သီလက လုပ်ရပ်ကို ထိန်းညှိပေးတယ်။
သမာဓိက စိတ်ကို တည်ကြည်စေတယ်။
Read More »

လူတကာကိုမြင်တယ်ဆိုတာ နှလုံးသွင်းတတ်ဖို့လိုတယ်။

လူတွေက အဆင်မပြေလေမကောင်းပိုမြင်လေ။ သူတပါးအပြစ်ပိုပြောလေ။ အပြစ်တွေအရမ်းတင်နေရင်ဖြစ်နိုင်တာ ၁။ အကြွေးတင်နေလို့၂။ အလုပ်အကိုင်မကောင်းလို့ ၃။ သမီးရည်းစား၊ လင်မယားအဆင်မပြေလို့၄။ သူ့ဘဝသူ စိတ်တိုင်းမကျနေလို့။ ချမ်းသာလွန်းပြီး အဆင်မပြေတာရှိနိုင်လားဆိုရှိနိုင်တယ်။ ရှိထားတာလေး ဆုံးရှုံးမှာ။ဒီလိုလူက သောကရောက်တယ်။ သူ့သောကသူဖြေရှင်းဖို့ပဲလိုက်ရှာတယ်။ ပထမတစ်ယောက်လိုတော့ အားပြီးအပြစ်တင်တာသိပ်မများဘူး။ အမှန်တော့ လူတွေအပြစ်မြင်တာများတာကမွဲနေလို့နဲ့ ဘဝအဆင်မပြေလို့ဖြစ်နိုင်တယ်။ ကိုယ်အဆင်မပြေရင်အဆင်ပြေသူနည်းနည်းတွေ့ရင်နံပတ်ဖိုးရောင်းသလား၊ ကျားဖြန့်လုပ်သလား၊ဂျင်းထည့်သလားအမြဲထင်တတ်တယ်။ တခါတလေ လူတွေကငွေရေးကြေးရေးအဆင်မပြေ၊ဘဝအဆင်မပြေရင်မကောင်းမြင်တတ်တယ်။ ဒါက ကိုယ့်ကိုအဆိုးမြင်တာပဲမဟုတ်ဘဲလူတကာကိုမြင်တယ်ဆိုတာ နှလုံးသွင်းတတ်ဖို့လိုတယ်။ Phyo Paing @ Derek

လူတကာကိုမြင်တယ်ဆိုတာ နှလုံးသွင်းတတ်ဖို့လိုတယ်။ Read More »

ဘာတွေ ရှုပ်ပြီးတွယ်တာခံစားနေမလဲ။
ဘဝအတွေ့အကြုံကို ကောင်းကောင်းယူ
Quality of life ကို မြင့်အောင်နေဖို့ပဲ။

အကြည်ဓာတ်အပြည့်နဲ့နေနိုင်တာ ၁။ ခေါင်းထဲမှာ ကိုယ်သွားချင်တဲ့ရည်မှန်းချက်ပန်းတိုင်တစ်ခုပဲရှိတယ်။ ဒီအတွက်ပဲ နေ့စဥ်ကြံဆတယ်။ ၂။ အကျိုးမရှိတဲ့သူနဲ့မပေါင်းဘူး။ အကျိုးမရှိတဲ့နေရာမသွားဘူး။ အကျိုးမရှိတဲ့ အတွေးမတွေးဘူး။ ၃။ တစ်မိနစ်ထက်ပို စိတ်ညစ်မခံဘူး။ တစ်မိနစ်အတွင်း မကောင်းတဲ့ခံစားချက်ကိုရှင်းတယ်။ ၄။ နေ့စဥ် တော်၊ ပျော်၊ ပွား၊ ပေးဖြစ်ရမယ်။တော်ရမယ်၊ ပျော်ရမယ်၊ ဝင်ငွေတိုးပွားရမယ်၊ကိုယ့်မှာရှိတာ ဥပမာ အသိပညာ မျှဝေပေးနိုင်ရမယ်။ ၅။ နေ့စဥ်လည်ပတ်မှု အမူအကျင့်ကောင်းပြုစုပျိုးထောင်ထားတယ်။ ၆။ ဘဝရဲ့အကောင်းဆုံးတစ်ရက်တာဘယ်လိုကုန်ဆုံးမလဲ ideal day ကိုကြိုစဥ်းစားထားတယ်။ ဘဝကိုလဲ နေ့စဥ် အဲ့လိုနေထိုင်နိုင်အောင်စီမံထားတယ်။ ၇။ ကိုယ့်မိသားစု၊ ကိုယ်နဲ့သက်ဆိုင်သူတွေအပေါ်တာဝန်ကျေအောင်နေတယ်။ ကျန်တာ တခြားသူတွေရဲ့တာဝန်ပဲ။ အားလုံးနောက် နှစ် ၇၀ လောက်ဆို သေကုန်ပြီ။ ဘာတွေ ရှုပ်ပြီးတွယ်တာခံစားနေမလဲ။ ဘဝအတွေ့အကြုံကို ကောင်းကောင်းယူQuality of life ကို

ဘာတွေ ရှုပ်ပြီးတွယ်တာခံစားနေမလဲ။
ဘဝအတွေ့အကြုံကို ကောင်းကောင်းယူ
Quality of life ကို မြင့်အောင်နေဖို့ပဲ။
Read More »

ကမ္ဘာလောကဆိုတာ ရွေးချယ်မှုပေါ်မူတည်ပြီး
ရလဒ်ရတဲ့ ဂိမ်းတစ်ခုပဲ။

ဟင်းချိုမှုန့်စားနေကျလူကျအရမ်းဟင်းချိုမှုန့်များတာသတိထားမိမှာ မဟုတ်ဘူး။ ဟင်းချိုမှုန့်ရှောင်တဲ့သူကဟာဒါဟင်းချိုမှုန့်များလိုက်တာဆိုတာသိတယ်။ အကုသိုလ်များ ပူလောင်နေတဲ့သူကလောကငရဲကျနေမှန်းမသိဘူး။သူနဲ့ထိတဲ့သူက သိတယ်။ ဒါကြောင့်လူတွေက ဓာတ်တူရာစုကြတယ်။ မွဲတဲ့သူအချင်းချင်း နှလုံးသားနီးတယ်။အဆင်ပြေတဲ့သူ အချင်းချင်း နှလုံးသားနီးတယ်။ဘူတဲ့သူအချင်းချင်း နှလုံးသားနီး ငြင်းခုံတယ်။ အဆင်ပြေနေတဲ့သူကအပူကိုသွားမယူတတ်ဘူး။လွတ်ချတတ်တယ်။ ကမ္ဘာလောကဆိုတာ ရွေးချယ်မှုပေါ်မူတည်ပြီးရလဒ်ရတဲ့ ဂိမ်းတစ်ခုပဲ။ တချို့ရွေးချယ်မှုတွေက အတိတ်ကြောင့်၊တချို့ရွေးချယ်မှုတွေက ပစ္စုပ္ပန်ကြောင့်။ Phyo Paing @ Derek

ကမ္ဘာလောကဆိုတာ ရွေးချယ်မှုပေါ်မူတည်ပြီး
ရလဒ်ရတဲ့ ဂိမ်းတစ်ခုပဲ။
Read More »

ဘဝမှာ အရေးကြီးတာ
Quality of life ပဲ။

ဘဝမှာ အရေးကြီးတာQuality of life ပဲ။ဘဝရဲ့အရည်အသွေးအတွက်က ၁။ ကျန်းမာရေး၂။ ပိုက်ဆံ၃။ အဓိပ္ပာယ်ရှိတဲ့အလုပ်အကိုင်၄။ ကိုယ်နဲ့နှလုံးသားချင်းနီးတဲ့အချစ်၊ မိသားစု၅။ ကိုယ်နဲ့နှလုံးသားချင်းနီးတဲ့အသိုင်းအဝိုင်း၆။ ဘဝရဲ့အေးချမ်းမှုနဲ့ တိုးတက်မှု ဒီအချက်တွေလိုတယ်။ အဓိပ္ပာယ်ရှိတဲ့အလုပ်အကိုင်ဆိုတာလူတွေကိုဒုက္ခပေးလို့ရတဲ့ပိုက်ဆံကိုဘုရားတည်ကျောင်းဆောက်အာပါတ်ဖြေတာမဟုတ်ဘူး။ အလုပ်ကကိုယ့်ကိုတော်၊ ပျော်၊ ပွါး၊ ပေးဖြစ်စေတာ။တော်စေတယ်။ပြဿနာဖြေရှင်းရင်းပျော်စေတယ်။ငွေပွါးစေတယ်။တခြားသူတွေကိုပြန်ပေးနိုင်တယ်။ ဘဝအရေအသွေးကောင်းဖို့တွေ့တဲ့လူ၊နေတဲ့နေရာ၊ခေါင်းထဲထည့်တဲ့အိုင်ဒီယာ အရေးကြီးတယ်။ Phyo Paing @ Derek

ဘဝမှာ အရေးကြီးတာ
Quality of life ပဲ။
Read More »

ကိုယ်ပိုင်အတွေးအခေါ်ရှိဖို့လိုတယ်။

ကိုယ်ပိုင်းဆိုင်ရာလွတ်မြောက်မှု၊ စိတ်ပိုင်းဆိုင်ရာလွတ်မြောက်မှုရှိတယ်။ လုပ်ချင်တာမလုပ်ရဖို့၊မဆက်ဆံချင်မတွေ့ရဖို့၊မနေချင်တဲ့နေရာမနေရဖို့ ငွေကြေးလွတ်မြောက်ဖို့လိုတယ်။ငွေကြေးလွတ်မြောက်မှုဆိုတာ ကိုယ်သုံးတာထက် ကိုယ့်အချိန်နဲ့တိုက်ရိုက်လဲစရာမလိုတဲ့ဝင်ငွေကပိုရရမယ်။ တချို့က ဒါကို passive income လို့ခေါ်တယ်။ စိတ်ပိုင်းဆိုင်ရာလွတ်မြောက်ဖို့ကအတွေးအခေါ်ပိုင်းဆိုင်ရာလွတ်မြောက်ဖို့လိုတယ်။ ဒီလိုလွတ်မြောက်ဖို့အတွက် လူတိုင်းရဲ့အမြင်နဲ့ ကိုယ့်ဘဝတည်ဆောက်တဲ့အစားကိုယ်ပိုင်အတွေးအခေါ်နဲ့ ဘဝတည်ဆောက်နိုင်ဖို့လိုတယ်။ ကိုယ့်ကိုကိုယ် သေချာနားလည်ဖို့လိုတယ်။ Personal Philosophy ကိုယ်ပိုင်အတွေးအခေါ်ရှိဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ်ပိုင်အတွေးအခေါ်ရှိဖို့လိုတယ်။ Read More »

ကိုယ့်ကံကိုယ်သိ။
ပါရမီဖြည့်။
ကုသိုလ်ကံကိုမဖြုန်းနဲ့။

တချို့လူတွေက အကုသိုလ်ကံကြီးတယ်။ဘဝမှာ ဖြစ်ချင်တာ မဖြစ်ကြဘူး။တချို့ကျ ဖြစ်ချင်တာကိုခက်ခက်ခဲခဲကြိုးစားရတယ်။နောက်ဆုံးတော့ဖြစ်လာတယ်။တချို့က ဖြစ်ချင်တာတစ်ခါတည်းနဲ့တော့မရဘူး။နှစ်ခါလောက်ကြိုးစားလိုက်ရမှ။တချို့က ဖြစ်ချင်တာလုပ်တစ်ကြိမ်နဲ့ဖြစ်တတ်တယ်။တချို့က ဖြစ်ချင်စိတ်ကြီးကြီးမားမားတော့မရှိဘူး။ဖြစ်လာတယ်။ကြာရှည်မခံဘူး။တချို့က တောင့်တတာနဲ့ဖြစ်လာတတ်တယ်။တချို့က တောင့်တစရာမလိုဘူး။အေးဆေးလေးပဲဘဝက သေတဲ့အထိ။ အကုသိုလ်ကံကြီးလွန်းရင်ဘုရားနဲ့စကားပြောလဲ ဘုရားကမကြားဘူး။ဖြစ်ချင်စိတ်ကလဲများသေးဥာဏ်ကလဲမကောင်း၊ ကံကလဲမကောင်းရင်ဘဝက တိုင်ပတ်မှုအပေါင်းသရဖူဆောင်း။ ကိုယ့်ကံကိုယ်သိ။ပါရမီဖြည့်။ကုသိုလ်ကံကိုမဖြုန်းနဲ့။ Phyo Paing @ Derek

ကိုယ့်ကံကိုယ်သိ။
ပါရမီဖြည့်။
ကုသိုလ်ကံကိုမဖြုန်းနဲ့။
Read More »

ငတုံး လက္ခဏာ

သင်ပေးလဲမတတ်၊ ပြင်ပေးလဲမမှတ်၊ ပြလဲမမြင်မြင်လဲ မပြင်။ ပြဿနာ အဖြေမရှာ။မေးမြန်းမှုအစား နှုတ်ဆိတ်။ ကိုယ်ထင်ထားတာ အမြဲအမှန်ထင်။ ဦးနှောက်မသုံးတာကြာတော့ခေါင်းစားတာကို မခံနိုင်။ ဦးနှောက်အလုပ်လုပ် ခရုထက်နှေး။ တစ်ခုခုဆို မစမ်းရဲ။ ကျွန်တော်၊ ကျွန်မကတော့ ဘာအားနည်းတယ်၊ ညာအားနည်းတယ်တစ်သက်လုံးပြော။ အကြည်ဓာတ်နဲ့နေချင်ရင်ငတုံးတွေနဲ့ အလုပ်မလုပ်နဲ့။ Phyo Paing @ Derek

ငတုံး လက္ခဏာ Read More »

ကိုယ်ဆက်သွယ်မည့်သူကို
ဘယ်အတိုင်းအတာထိလဲဆိုတာ
သိဖို့လိုတယ်။

ဦးနှောက် လယ်ဗယ်မတူရင်စကားပြောလို့မရဘူး။ စာလဲ သွားသင်ပေးလို့မရဘူး။ သွားရှင်းပြနေလဲ ဘာတွေ ပြောမှန်းသိမှာမဟုတ်ဘူး။ ချစ်သူရည်းစား လင်မယားဆိုလဲပင်လယ်ထဲ ရေဆာသလို စကားပြောလဲ မပေါက်၊ ရှင်းပြတော့လဲ မရောက်ဖြစ်နေနိုင်တယ်။ အသိတွေကြား မေးထူးခေါ်ပြောကရှင်းပြရတော့လဲ အဲ့လိုဖြစ်တတ်တယ်။ တခါတလေ ကိုယ်က ဘယ်နေရာမှာရပ်ရမလဲ သိဖို့လိုတယ်။ ကိုယ်ဆက်သွယ်မည့်သူကို ဘယ်အတိုင်းအတာထိလဲဆိုတာ သိဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ်ဆက်သွယ်မည့်သူကို
ဘယ်အတိုင်းအတာထိလဲဆိုတာ
သိဖို့လိုတယ်။
Read More »