Dr. Phyo Paing

https://yec.company

အလုပ်ဖြစ်တာကို ချဲ့ထွင်တာက
အနိုင်ရဖို့ နည်းလမ်းတစ်ခု ဖြစ်လာပြီ။

ရှုံးသွားရင်တောင် နိုင်နေမယ့်အလုပ်လုပ်ပါ။ လုပ်ငန်းမှာ အများစုက… နိုင်ရင် အများကြီးနိုင်မယ်။ရှုံးရင် အကုန်ရှုံးမယ်။ ဆိုတဲ့ လောင်းကစားမျိုးကို လုပ်နေကြတယ်။ ဒါပေမယ့် ကမ္ဘာ့အောင်မြင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ လုပ်ငန်းရှင်တချို့ကတော့… Asymmetric Bets ကို ရွေးတယ်။ အဓိပ္ပာယ်က—ရှုံးရင် ဆုံးရှုံးမှု နည်းနည်းပဲရှိမယ်။နိုင်ရင် ရလဒ်က အဆပေါင်းများစွာ ရနိုင်မယ်။ ဥပမာ…Content တစ်ပုဒ်ရေးတာက အချိန်နည်းနည်းပဲကုန်တယ်။ ဒါပေမယ့် Client အသစ်တွေ ရနိုင်တယ်။Product Prototype တစ်ခု စမ်းသပ်တာက ကုန်ကျစရိတ်နည်းတယ်။ ဒါပေမယ့် အောင်မြင်ရင် လုပ်ငန်းတစ်ခုလုံး ပြောင်းသွားနိုင်တယ်။AI ကို လေ့လာဖို့ အချိန်နည်းနည်း ရင်းနှီးမြှုပ်နှံတာက ရှုံးစရာ မရှိသလောက်ပဲ။ ဒါပေမယ့် အလုပ်လုပ်ပုံတစ်ခုလုံး ပြောင်းသွားနိုင်တယ်။ ဒီနေ့ခေတ်မှာ… သေးသေးလေး စမ်းသပ်၊မြန်မြန်တိုင်းတာ၊အလုပ်ဖြစ်တာကို ချဲ့ထွင်တာကအနိုင်ရဖို့ နည်းလမ်းတစ်ခု ဖြစ်လာပြီ။ အလုပ်တစ်ခု

အလုပ်ဖြစ်တာကို ချဲ့ထွင်တာက
အနိုင်ရဖို့ နည်းလမ်းတစ်ခု ဖြစ်လာပြီ။
Read More »

အရင်အထာနဲ့ အရာမထင်တော့ဘူး။

မနေ့ကပဲ AI မှာ သြဇာတိက္ကမကြီးမားတဲ့Andrew Ng ကတက္ကသိုလ်တွေက ၂၀၂၂ အလုပ်တွေအတွက်ပြင်ဆင်ပေးနေတာတဲ့။ တက္ကသိုလ်တွေက ၂၀၂၆ အလုပ်ကိုပြင်ပေးရမှာမဟုတ်ဘူး။ ၂၀၃၀ နဲ့အလွန်အလုပ်တွေ အတွက်ပြင်ပေးရမှာတဲ့။ ပိုက်ဆံရှိမိဘတွေက သားသမီးတွေပညာရေးကိုတချို့ ချမ်းသာပြီးတော်တဲ့ မိသားစုကတော့ဟားဘတ်တို့၊ Yale တို့လို Ivy league တွေသွားစေချင်တယ်။တချို့က အနောက်တိုင်းတက္ကသိုလ်မှာ တက်စေချင်တယ်။ ဒီ တက္ကသိုလ်တွေ ကိုယ်တိုင်ရင်ဆိုင်နေရာကအေအိုင်ရဲ့တိုးတက်မှုက တစ်ပတ်နဲ့ တစ်ပတ်ကို မတူတော့၂၀၃၀ မှာ ဘာဖြစ်မလဲ ခန့်မှန်းဖို့မလွယ်ဘူး။ ဒါကို သုံးနှစ်အတွင်း curriculum ဆွဲ ကြိုတင်ဖို့မလွယ်ဘူး။ ပညာရေးအပြောင်းအလဲမှာဆို Education 1.0 → အချက်အလက်များကို အလွတ်ကျက်မှတ်ခြင်းEducation 2.0 → သဘောတရားကို နားလည်ခြင်းEducation 3.0 → ပြဿနာများကို ဖြေရှင်းခြင်းEducation 4.0 →

အရင်အထာနဲ့ အရာမထင်တော့ဘူး။ Read More »

ဘဝကို ပြောင်းတာက အပြင်က မစဘူး။

လူနှစ်ယောက်။တူညီတဲ့ ပြဿနာ။ တစ်ယောက်က အခွင့်အလမ်း မြင်တယ်။တစ်ယောက်က အဆုံးသတ် မြင်တယ်။ ဘာကြောင့်လဲ။ ဖြစ်ရပ်ကြောင့် မဟုတ်ဘူး။ဖြစ်ရပ်ကို အဓိပ္ပာယ်ဖွင့်ပုံကြောင့်ပါ။ Stoic ပညာရှိ Epictetus က ပြောခဲ့ဖူးတယ်။လူတွေကို ဒုက္ခပေးတာ ဖြစ်ရပ်တွေ မဟုတ်ဘူး။ဖြစ်ရပ်တွေအပေါ် သူတို့ရဲ့ အမြင်တွေ။ ဒီအမြင်ဆိုတာကလည်းရုတ်တရက် ပေါ်လာတာ မဟုတ်ဘူး။ မျိုးရိုးဗီဇ။ဦးနှောက်ရဲ့ ဓာတုဗေဒ။ဘဝအတွေ့အကြုံ။အသိပညာ။ယုံကြည်ချက်။ပတ်ဝန်းကျင်။စိတ်ခံစားချက်။အာရုံစိုက်နေတဲ့အရာ။ ဒါတွေအားလုံး ပေါင်းစပ်ပြီးဖြစ်ရပ်တစ်ခုကိုဘယ်လို အဓိပ္ပာယ်ဖွင့်မလဲဆိုတာကိုဆုံးဖြတ်ပေးနေတာ။ ဗုဒ္ဓက ဒါကို ပဋိစ္စသမုပ္ပါဒ်လို့ ခေါ်တယ်။ဘာမှ သူ့ဘာသာသူ မဖြစ်ဘူး။အကြောင်းတွေ စုပြီးမှ အကျိုးဖြစ်တယ်။ အတွေးလည်း ဒီသဘောပဲ။ အဓိပ္ပာယ်ဖွင့်ပုံက အတွေးကို ဖန်တီးတယ်။အတွေးက ဆုံးဖြတ်ချက်ကို ဖန်တီးတယ်။ဆုံးဖြတ်ချက်က လုပ်ရပ်ကို ဖန်တီးတယ်။လုပ်ရပ်က ရလဒ်ကို ဖန်တီးတယ်။ရလဒ်က ယုံကြည်ချက်အသစ်ကို ထပ်ဖန်တီးတယ်။ ယုံကြည်ချက်ကနေ ရလဒ်။ရလဒ်ကနေ ယုံကြည်ချက်။ ဒီစက်ဝိုင်းကနေ့တိုင်း လည်ပတ်နေတယ်။ကိုယ်သတိမထားမိဘဲနဲ့။

ဘဝကို ပြောင်းတာက အပြင်က မစဘူး။ Read More »

အရေးအကြီးဆုံးက အချစ်ရေးမှာ
value တန်ဖိုးထားမှုတူဖို့ထက်
တန််ဖိုးထားမှု compatible ဖြစ်ဖို့
ကိုက်ညီဖို့လိုတယ်။

အမျိုးသားတွေက ကိုယ့်စိတ်ကူးထဲမှာရှိတဲ့ အမေပုံစံအမျိုးသမီးတွေကိုချစ်တတ်ကြပြီး၊ အမျိုးသမီးတွေက စိတ်ကူးထဲမှာရှိတဲ့ အဖေပုံစံကို ချစ်တတ်ကြတယ်တဲ့။ နောက် ငယ်ငယ်က ကိုယ့်အချစ်ဆုံးမိဘအဖေသို့ အမေရဲ့အချစ်ကိုရဖို့ပြုမူနေထိုင်ခဲ့ရတဲ့ love strategy ရှိတယ်။ တချို့က သားလိမ္မာ၊ သမီးလိမ္မာပုံစံစကားနားထောင်တာ။ တချို့က ကလန်ကဆန်လုပ်တယ်။လိုအပ်တဲ့အချိန်ကူညီပေးတယ်။ တချို့က ဂရုစိုက်မှုကိုရဖို့ မသိချင်ယောင်ဆောင်တယ်။ တချို့က ထိုင်ငြီးတာမျိုး။ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာပရိုဂရမ်တွေက အသက်ကြီးတဲ့ထိပါလာတတ်ကြတယ်။ တချို့က coaching တို့၊ therapy တို့၊ တရားထိုင်ခြင်းတို့နဲ့ ပိုကောင်းအောင်အားထုတ်ကြတယ်။ တချို့ကျတော့ မှန်ကန်တဲ့သူကိုမှန်ကန်တဲ့အချိန်right person, right time မှာတွေ့လို့love strategy ပြန်တည့်အဆင်ပြေသွားတယ်။ အရေးအကြီးဆုံးက အချစ်ရေးမှာvalue တန်ဖိုးထားမှုတူဖို့ထက်တန််ဖိုးထားမှု compatible ဖြစ်ဖို့ ကိုက်ညီဖို့လိုတယ်။ပါတနာတစ်ယောက်က ထိန်းချုပ်ချင်တဲ့သူဆို ကိုယ်က diplomatic ဖြစ်ရင်ကျန်တာအဆင်ပြေသွားရော။ လူတွေရဲ့ စိတ်ခံစားမှုတွေကရှုပ်ထွေးသလိုနဲ့ အင်မတန်ရိုးရှင်းတယ်။

အရေးအကြီးဆုံးက အချစ်ရေးမှာ
value တန်ဖိုးထားမှုတူဖို့ထက်
တန််ဖိုးထားမှု compatible ဖြစ်ဖို့
ကိုက်ညီဖို့လိုတယ်။
Read More »

သံသရာတစ်ကွေ့ ဒီတစ်နေ့က
အနာဂတ်ကိုသယ်သွားနိုင်တဲ့
ပါရမီတစ်ခုခုတော့ ဖြည့်ခဲ့ဖို့လိုနိုင်တယ်။

ဘဝဆိုတာ ၈၂ နှစ် ၁ လ ၁၉ ရက်နေရရင် ရက်ပေါင်း ၃၀၀၀၀ ပဲ။ ဒီနေ့ဆို ရက်ပေါင်း  ၁၃၇၁၂ ရက်နေပြီးပြီ။ ကျန်းမာရေးလိုက်စားလို့ အသက် ၇၀ ထိ ဒေါင်ဒေါင်မီနေနိုင်မယ်ဆို အင်အားပြည့်ပြည့်နဲ့ ၁၁၈၅၅ ရက်နေလို့ရသေးတယ်။ အသက် ၇၀ ကနေ ၈၂ နှစ်ကျော်ထိဆို ၄၄၃၃ ရက်ထပ်နေရလို့ရတယ်။ ၈၂ နှစ်ထက် အလွန်ကျန်တာ bonus ပဲ။ တကယ်လို့ ကြားထဲတစ်ခုခုကြောင့် မသေခဲ့ရင်ပေါ့။ 🌏 လက်ရှိပျမ်းမျှအသက်ရှည်နှုန်း (Life Expectancy) 🇲🇲 မြန်မာ – ၇၀.၆ နှစ်🇲🇾 မလေးရှား – ၇၉.၇ နှစ်🇹🇭 ထိုင်း – ၈၁.၂ နှစ်🇹🇼 ထိုင်ဝမ်

သံသရာတစ်ကွေ့ ဒီတစ်နေ့က
အနာဂတ်ကိုသယ်သွားနိုင်တဲ့
ပါရမီတစ်ခုခုတော့ ဖြည့်ခဲ့ဖို့လိုနိုင်တယ်။
Read More »

အေးချမ်းမှုရဲ့ ပထမအချက်က

လူတိုင်းကို ကိုယ့်စိတ်ကြိုက်ဖြစ်စေချင်စိတ်ကနာကျင်စေတတ်တယ်။ ဖြစ်နိုင်ရင် အလွန်အကျွံထိန်းချုပ်ချင်စိတ်ကိုလျော့ချနိုင်ဖို့လဲလိုတတ်တယ်။ အေးချမ်းမှုရဲ့ ပထမအချက်ကသူများတွေပေါ် မျှော်မှန်းချက်တွေလိုတာထက်ပိုထားတာလျော့။ Phyo Paing @ Derek

အေးချမ်းမှုရဲ့ ပထမအချက်က Read More »

ဘဝဆိုတာ အပိုင်းအခြားပဲ။

ဟောင်ကောင်က ဇာတ်ကားတွေနဲ့ကြီးလာတော့မင်းသားမင်းသမီးတွေကြည့်။ ငယ်ရွယ်တုန်းအောင်မြင် အသက်ကြီးတိုင်ပတ်ရှိသလိုပိုက်ဆံတွေရှိ နောက်ဆုံးအကုန် ကုန် ရှိတယ်။တချို့ကျတော့ ဖြေးဖြေးတက်လာတယ်။အသက်ကြီးမှ ပိုအောင်မြင်တယ်။ တချို့ကျ ငယ်တုန်းအကုန်အောင်မြင်နေရင်းကိစ္စတစ်ခုကြောင့် အကုန်လုံးရပ်သွားရသူတွေ၊ အသစ်ပြန်စရသူတွေအချိန်မတိုင်ခင်ကြွေလွင့်သူတွေ၊အများကြီးပဲ။ ဘဝဆိုတာ အပိုင်းအခြားနဲ့။အခု ဒုက္ခရောက်နေလို့လဲ စိတ်မညစ်နဲ့။ အခု အောင်မြင်နေလို့လဲ စမာန်မတက်နဲ့။ လောကဓံရိုက်ချက်က တစ်ချက်တစ်ချက်ပြင်းတယ်။တခါတခါ ဘာမှမလုပ်လဲ ရွေးချယ်မှုတစ်ခုမှန်ကန်သွားရင်ဘဝက လုံးလုံးကောင်းသွားတာမျိုး။ ဒါကြောင့် သံသရာမှာ ရန်ပြန်ရှာမည့်အလုပ်တွေကို ဖြစ်နိုင်သမျှရှောင်တာမမှားဘူး။ Phyo Paing @ Derek

ဘဝဆိုတာ အပိုင်းအခြားပဲ။ Read More »

မကြိုးစားလို့ ခရီးမရောက်တာမဟုတ်၊
ရွေးချယ်မှုမှားလို့ ခရီးမရောက်ခြင်းဖြစ်တယ်။

တစ်နိုင်ငံကလူတွေကြိုးစားတိုင်းနိုင်ငံက တိုးတက်သွားတာမဟုတ်ဘူး။ လုပ်ငန်းတစ်ခု၊ လူတစ်ယောက်ကလဲအလားတူပဲ။ အလုပ်တွေ ဇွတ်လုပ်တိုင်း တိုးတက်တာတော့လဲ မဟုတ်ဘူး။ ပါးနပ်ဖို့လိုတယ်။ အမျှော်အမြင်ရှိဖို့လိုတယ်။ ရွေးချယ်မှုမှန်ဖို့လိုတယ်။ ဆုံးဖြတ်ချက်မှန်ဖို့လိုတယ်။ ဒါတွေလုပ်ဖို့ “မှန်ကန်တဲ့အမြင်” ရှိဖို့လိုတယ်။ မှန်ကန်တဲ့အမြင်ရှိဖို့ ပညာလိုတယ်။ ပညာက  အမှန်ကို အမှန်အတိုင်း မြင်နိုင်စေတယ်။ အကြောင်းအကျိုး (Cause & Effect) ကို နားလည်စေတယ်။လွဲမှားသော ယုံကြည်ချက်များကို စွန့်လွှတ်နိုင်စေတယ်။ ပညာရှိဖို့ ဥာဏ်ကိုသုံးဖို့လိုတယ်။ စူးစမ်း လေ့လာဖို့လိုတယ်။စမ်းသပ်ကြည့်ဖို့လိုတယ်။ကိုယ့်အယူအဆမှားနေတရင်ပြောင်းလဲရဲဖို့လိုတယ်။ လူတွေ မကြိုးစားလို့မအောင်မြင်တာမဟုတ်ဘူး။ ရွေးချယ်မှုတွေမှားနေလို့ ခရီးမရောက်ကြတာ။ အရှေ့အရပ်ကို သွားချင်ပြီးအနောက်အရပ်ကို ပြေးနေလို့မရဘူး။မဟုတ်ရင် ပြေးလေ ဝေးလေဖြစ်နေမယ်။ ရွေးချယ်မှုကောင်းတစ်ခုက ဘဝကို ပြောင်းလဲစေနိုင်သလိုရွေးချယ်မှုဆိုးကြီးတစ်ခုက ကြိုးစားထားသမျှကိုလဲ သဲထဲရေသွန်ဖြစ်အောင်လုပ်နိုင်တယ်။ ဒါကြောင့် အရေးကြီးတဲ့ရွေးချယ်မှုတွေကိုသေချာစဥ်းစား ဥာဏ်ပညာနဲ့ပြုလုပ်နိုင်ဖို့လိုတယ်။ ရွေးချယ်မှုမှားသွားတာသိရင်လဲမြန်မြန် ပြန်ပြင်နိုင်ဖို့လိုတယ်။ မကြိုးစားလို့ ခရီးမရောက်တာမဟုတ်၊ ရွေးချယ်မှုမှားလို့

မကြိုးစားလို့ ခရီးမရောက်တာမဟုတ်၊
ရွေးချယ်မှုမှားလို့ ခရီးမရောက်ခြင်းဖြစ်တယ်။
Read More »

“ထိန်းချုပ်ချင်စိတ်လေးလျော့” ဖို့ဖြစ်နိုင်ပါတယ်။

တချို့မိဘတွေက သားသမီးတွေကိုမွေးပြီးရင်တစ်သက်လုံးရပိုင်ခွင့်လို့စဉ်းစားတတ်တယ်။ဥပမာ သားသမီးသုံးလေးယောက်မွေးတစ်ယောက်က အလုပ်လုပ်အောင်မြင်ရင်အကုန်တာဝန်ယူစေချင်တာကျွန်တော်တို့ ရပ်ကွက်အထာပဲ။ အဲ့လိုမိသားစုမှာမွေးဖွားလာရင်ပထမဆုံးထားရတာ စည်းပဲ။မဟုတ်ရင် တစ်သက်လုံးကြိုးစားလာသမျှလုံးပါးပါးတဲ့အပြင်ကျေးဇူးမတင် မလုပ်ပေးနိုင်တာကိုပဲ အပြစ်တင်တတ်တာ အကျင့်ဖြစ်နေတတ်တယ်။ တချို့မိသားစုတွေက မေတ္တာနဲ့ကြီးတတ်တယ်။မိဘက မရှိရင်တောင် လောဘမကြီးဘူး။ တချို့မိသားစုကျတော့ကိုယ်ကလဲမစွမ်း လောဘလဲကြီးဖြစ်စေချင်တာကိုသားသမီးတွေထဲက တစ်ယောက်ကိုတာဝန်ဇွတ်ယူခိုင်းတာကတော်တော်လေးမကောင်းဘူး။ မိဘတွေသားသမီးကိုချစ်တာထက်မပိုရင်တောင်သားသမီးတွေ မိဘကိုချစ်တာမလျော့ကြပါဘူး။ မိဘမေတ္တာရှိသလိုသားသမီးတွေကလဲ မိဘကိုပျော်စေချင်တဲ့အတွက်မိဘတွေရဲ့ဖြစ်စေချင်တာကိုလုပ်ပေးတတ်တယ်။ တချို့ဆို ဂျပန်မှာ ၁၀ နှစ်၊ နှစ် ၂၀ ငွေရှာမိဘက တခြားသားသမီးကိုထောက်ပံ့သုံးဖြုန်းငါ့သားသမီး သန်မာတယ်ဆိုသားသမီး ပြန်လာချိန်သူတို့စောင့်ကြိုနေတာ လက်ဗလာနဲ့ကြောင့်ကြေကွဲခံစားရတဲ့ အဖြစ်တွေ မနည်းလှဘူး။ ဒါကြောင့် တချို့လူတွေအတွက်မိဘကိုချစ်တာ၊ ပြုစုလုပ်ကိုင်ပေးတာပင်ပန်းလွန်း၊ တောင်းဆိုလွန်းလာရင်စည်းတစ်ခုထား boundary ရှိလို့ပညာရှင်တွေ ဆိုကြတယ်။ တချို့တွေအတွက် အောင်မြင်မှုသွားရာလမ်းမှာပထမဆုံးရုန်းထွက်ရခက်တာကမိသားစုဖြစ်နိုင်တယ်။ တချို့တွေအတွက် မိသားစုကအထောက်အပံ့ဖြစ်ပြီးသား။ ဒါတွေက လောကနိတ္တိမှာအများကြီး မရေးထားဘူး။ ကိုယ့်အလှည့်ကျရင်တော့ကိုယ့်သားသမီးအတွက် တစ်သက်လုံး ရုန်းကန်စရာမလိုအောင်ငွေကြေးရှာဖွေမှုနဲ့လစဉ်ထောက်ပံ့မှုကို သေတဲ့အထိစီစဉ်ပေးခဲ့မယ်။ပြီးရင် ကိုယ့်ပြဿနာကိုယ်ဖြေရှင်းနိုင်အောင်ပညာသင်ပေးမယ်။ကျန်တာတော့ မမျှော်မှန်းတော့ဘူး။ကိုယ့်ကြောင့်လူ့ဘဝထဲရောက်လာတာတာဝန်တွေအများကြီး

“ထိန်းချုပ်ချင်စိတ်လေးလျော့” ဖို့ဖြစ်နိုင်ပါတယ်။ Read More »