Dr. Phyo Paing

https://yec.company

နယ်ပယ်တစ်ခုမှာ အချိန်ကြာလာမှ
အတိမ်အနက်တွေသိလာမှာ။

အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်က“Compounding” တိုးရင်းပေါင်းပဲ။ ဒါကြောင့် ကောက်ရိုးမီးနဲ့ နယ်ပယ်တစ်ခု ထိပ်ဆုံးကိုရောက်ဖို့မလွယ်ဘူး။ ဟိုခုန်ဒီခုန် မရဘူး။ ကိုယ်ကျင်လည်မည့်နယ်ပယ်ကိုယ်ကစားမည့် ဂိမ်းကို အသက် ၂၅ မတိုင်ခင် commit လုပ်သင့်ပြီ။ ပြီးရင် အားကုန်ထည့်ဒီနယ်ပယ်မှာ ရင်းနှီးမြုပ်နှံမှုလုပ်။ ၂၅ မတိုင်ခင် များများသာစမ်းကြည့်။ မတူညီတဲ့သင်တန်းတက်၊ မတူညီတဲ့အသိုင်းအဝိုင်းတွေသွား၊ မတူညီတဲ့အလုပ်တွေလုပ်ကြည့်၊ မတူညီတဲ့ စမ်းသပ်မှုတွေလုပ်ကြည့်။ အသက် ၂၅ ကျော်ပြီဆို အချိန်သိပ်မရှိတော့ဘူး။ ၂၅ ကနေ ၄၀ က ၁၅ နှစ်ပဲရှိတယ်။ အသက် ၄၀ မှ ဘဝပြန်စရင်အလုပ်သစ်မှာ သူများလဲ ကိုယ့်ကိုအလုပ်မခန့်ချင်ဘူး။ တခြားလူငယ်တွေနဲ့လဲ စွမ်းအင်ပိုင်းမှာ ပြိုင်နိုင်ဖို့မလွယ်ဘူး။ နယ်ပယ်တစ်ခုမှာ အချိန်ကြာလာမှအတိမ်အနက်တွေသိလာမှာ။ ပြီးရင် ဒီနယ်ပယ်တစ်ခုပဲနားလည်တာမျိုးမဟုတ်ဘဲသူနဲ့ ဆက်စပ်တဲ့ နယ်ပယ်တွေကိုလဲ ယေဘူယျသိဖို့လိုတယ်။ ကိုယ်က မြေပွဲစားပဲလုပ်လုပ်၊

နယ်ပယ်တစ်ခုမှာ အချိန်ကြာလာမှ
အတိမ်အနက်တွေသိလာမှာ။
Read More »

အကြည်ဓာတ်များလာလေ
ဘူဓာတ်နဲ့ ဝေးလာလေ။

အကြည်ဓာတ်ရှိလွန်းတဲ့အတွက်ဘူဓာတ်ရှိသူတွေကိုယ့်နားမှာ မရှိနိုင်တဲ့အထိဖြစ်သွားနိုင်တယ်။ ကိုယ်က လူတွေကိုမောင်းထုတ်နေတာမဟုတ်ဘူး။ ကိုယ့်အတွေး၊ကိုယ့်အပြော၊ကိုယ့်အလုပ်၊ကိုယ့်နေထိုင်ပုံတွေ ပြောင်းလာတဲ့အခါကိုယ်နဲ့ မကိုက်တော့တဲ့သူတွေအလိုလို ဝေးသွားတာ။ အမြဲအပြစ်တင်နေသူ၊အမြဲမကျေနပ်နေသူ၊အမြဲသူများမကောင်းကြောင်းပြောနေသူ၊ကိုယ်တိုင်မပြောင်းဘဲလောကကြီးကိုပဲ ပြောင်းစေချင်နေသူတွေကြားမှာကြာကြာနေလို့ မရတော့ဘူး။ လူတစ်ယောက်ရဲ့ ဓာတ်ဆိုတာသူ့အတွေးတွေ၊သူပြောတဲ့စကားတွေ၊သူအာရုံထားတဲ့အရာတွေနဲ့နေ့စဉ် တည်ဆောက်နေတာ။ ကိုယ်က အကြည်ဓာတ်ကိုနေ့တိုင်းတည်ဆောက်နေမယ်ဆိုရင်ဘူဓာတ်တွေနဲ့အကွာအဝေးတစ်ခုအလိုလို ဖြစ်လာလိမ့်မယ်။ ဒါ လူတွေကိုမုန်းလို့ မဟုတ်ဘူး။ ကိုယ့်စိတ်ကိုကိုယ်ကာကွယ်တတ်လာလို့။ ကိုယ် ဘယ်သူနဲ့နေမလဲ၊ဘာတွေ နားထောင်မလဲ၊ဘာတွေ အာရုံထားမလဲဆိုတာကိုယ့်ဘဝရဲ့ ဓာတ်ကိုနေ့တိုင်းရွေးချယ်နေတာပဲ။ အကြည်ဓာတ်များလာလေဘူဓာတ်နဲ့ ဝေးလာလေ။ Phyo Paing @ Derek

အကြည်ဓာတ်များလာလေ
ဘူဓာတ်နဲ့ ဝေးလာလေ။
Read More »

လိုချင်တာရအောင်ယူနိုင်ဖို့
ဥာဏ်လိုတယ်။

လိုချင်တာရအောင်ယူနိုင်ဖို့ဥာဏ်လိုတယ်။ ရထားတာလိုချင်ဖို့ကပညာလိုတယ်။ လိုချင်တာလဲရ၊ရထားတာလဲလိုချင်ရင်တော့ဥာဏ်ပညာရှိပြီ။ တချို့က ဥာဏ်ရှိတယ်ပညာမရှိတော့ မအေးချမ်းဘူး။ တချို့က ပညာရှိတယ်။ဥာဏ်မရှိတော့ကိုယ့်နောက်မျိုးဆက်တွေဂုဏ်ယူနိုင်လောက်တဲ့အရာမချန်ခဲ့နိုင်ဘူး။ Phyo Paing @ Derek

လိုချင်တာရအောင်ယူနိုင်ဖို့
ဥာဏ်လိုတယ်။
Read More »

မကျေနပ်ချက်တွေနဲ့ကြီးလာတဲ့လူတွေက
လူတောမတိုးဘူး။

မကျေနပ်ချက်တွေနဲ့ကြီးလာတဲ့လူတွေကလူတောမတိုးဘူး။ ဥပမာ ငယ်ငယ်က ကိုယ်တိုင်ပဲဖြစ်ခဲ့တယ်။ အိမ်မှာ ညှင်းဆဲမှုတွေကြားမကျေနပ်ချက်တွေများတဲ့အခါကျောင်းမှာလဲ ဒါကလာသက်ရောက်မှုရှိတယ်။  လူတွေနဲ့ အဆင်မပြေဘူး။ antisocial လိုဖြစ်လာတယ်။ ကျောင်းပြေး၊ ရန်ဖြစ်၊ လူတွေနဲ့ အဆင်မပြေ။ ခင်တဲ့သူငယ်ချင်း တစ်ယောက်၊ နှစ်ယောက်ပဲရှိ။ လောကကြီးလည်ပတ်နေတာကြီးကဟုတ်မနေဘူးလို့စဥ်းစား။ အဲ့လိုလူတွေက အသက်ကြီးလာတဲ့အခါInstitution အဖွဲ့အစည်းတွေကို မယုံတာ၊ စနစ်နဲ့ အစဥ်အလာတွေကိုလိုက်နာရမှာမလုပ်ချင်ဘူး။ သမရိုးမကျမဟုတ်တဲ့ဘဝ၊ အလုပ်ဖြတ်သန်းချင်တယ်။ အတွေးအခေါ်ကလဲ အများနဲ့မတူတဲ့အခါနည်းနည်းအံဝင်ဖို့ ခက်တတ်တယ်။ လူအများစုလုပ်နေတာကို အပိုလို့ထင်နေတတ်သလိုလူတွေကလဲ ကိုယ်ဘာလုပ်နေလဲမသိဘူး။ Hacker လိုမျိုး စနစ်ယိုပေါက်ကိုကြည့်ဒါကို အသုံးချ အဲ့လိုလူတွေဖြစ်လာတတ်တယ်။ လူတွေရဲ့လောကအမြင်က မိဘဘိုးဘေးရဲ့ မျိုးရိုးဗီဇ၊ဘဝဖြတ်သန်းလာမှု၊ သင်ယူလေ့လာမှု၊ အပေါင်းအသင်းအသိုင်းအဝိုင်းဒီပေါ်မူတည်ပြီးဖြစ်လာတယ်။ ဒီ program ပရိုဂရမ်ကိုပြောင်းလို့ရတယ်။ ဖက်တွယ်ပြီး အကောင်းဆုံးသုံးလို့ရတယ်။ တခါတလေ အရာရာပိုကောင်းဖို့ဖြစ်လာတာလို့ကြည့်ရင်ဘဝရဲ့ပေးထားချက်တွေကို တွေ့လာမယ်။ Phyo Paing @ Derek

မကျေနပ်ချက်တွေနဲ့ကြီးလာတဲ့လူတွေက
လူတောမတိုးဘူး။
Read More »

Outer Game ကိုလည်း Level Up လုပ်။
Inner Game ကိုလည်း Level Up လုပ်။

တစ်ကမ္ဘာတည်းမှာ နေကြပေမယ့်နေထိုင်နေတဲ့ ကမ္ဘာတွေ မတူကြဘူး။ လူနှစ်ယောက်ကတစ်မြို့တည်းမှာ နေနိုင်တယ်။ ဒါပေမယ့်သူတို့မြင်နေရတဲ့ ကမ္ဘာက မတူဘူး။ တစ်ယောက်အတွက်ပိုက်ဆံ ၁၀ သိန်းက တစ်လစာဝင်ငွေဖြစ်နိုင်တယ်။ တစ်ယောက်အတွက်ညစာတစ်နပ်ဖိုး ဖြစ်နိုင်တယ်။ တစ်ယောက်အတွက်နိုင်ငံခြားသွားတာက ဘဝရဲ့အိပ်မက်။ တစ်ယောက်အတွက်တော့Weekend trip တစ်ခုပဲ။ ဒါက Economic Layer မတူတာ။ ဒါပေမယ့် ပိုစိတ်ဝင်စားစရာကပိုက်ဆံရှိတာ၊ မရှိတာထက် ပိုနက်တယ်။ Mental Layer တွေလည်း မတူကြဘူး။ အဖြစ်အပျက်တစ်ခုတည်းကိုလူနှစ်ယောက် ကြုံရတယ်။ တစ်ယောက်က ဒေါသထွက်တယ်။တစ်ယောက်က သင်ခန်းစာယူတယ်။ တစ်ယောက်က ပြိုင်ဆိုင်ချင်တယ်။တစ်ယောက်က ဂရုတောင်မစိုက်ဘူး။ တစ်ယောက်က လူတွေဘာပြောမလဲဆိုတာနဲ့တစ်နေ့လုံး စိတ်ပင်ပန်းနေတယ်။ တစ်ယောက်ကတော့ကိုယ်ထိန်းချုပ်လို့မရတဲ့အရာကိုလွှတ်ချလိုက်နိုင်တယ်။ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံ၊အရာတွေကို အဓိပ္ပာယ်ဖွင့်ဆိုပုံ၊ကိုယ့်စိတ်ကို ကိုယ်ထိန်းချုပ်နိုင်မှုအပေါ်မူတည်ပြီးပျော်ရွှင်မှု၊ ကျေနပ်မှုနဲ့ အေးချမ်းမှုတွေ မတူကြဘူး။ ဒါကြောင့် ဘဝမှာ Layer နှစ်ခုရှိတယ်လို့

Outer Game ကိုလည်း Level Up လုပ်။
Inner Game ကိုလည်း Level Up လုပ်။
Read More »

ဘဝ ပြဿနာအများစုက
ကိုယ့်ကိုကိုယ် နားမလည်လို့ဖြစ်တာ။

လုပ်ငန်းတွေလုပ်ကြတယ်။ ကိုယ်က ဘယ်လိုစူပါပါဝါရှိလဲမလေ့လာကြဘူး။ ဘယ်လောက်တော်တဲ့သူပဲဖြစ်ဖြစ်ကိုယ်နဲ့ မကိုက်တဲ့အလုပ်ကိုလုပ်ရင်တိုင်ပတ်မှာပဲ။ တချို့က ဖန်တီးတာတော်တယ်။ လုပ်ငန်းအသစ်တွေလုပ်တယ်။တချို့က တောက်ပတာတော်တယ်။ စင်ပေါ်မှာပဲနေတယ်။တချို့က ထောက်ပံ့တာတော်တယ်။ ကိုယ်တိုင်လုပ်ငန်းမစဘူး။တချို့က ပွဲစား။ တချို့က ဝယ်တယ်၊ ရောင်းတယ်။ ကုန်သည်။ တချို့က ဖြေးဖြေးမှန်မှန် သေချာမှလုပ်တယ်။ စုဆောင်းသူ။တချို့က စနစ်နဲ့ တိတိကျကျအကုန်လုပ်တယ်။တချို့က တစ်ခုတည်းကို ကြီးအောင်လုပ်တယ်။ ဗျာမများဘူး။ ဒါကို wealth dynamics လို့ခေါ်တယ်။ ကိုယ့်အားသာချက်ကိုယ်သိရင်လုပ်ငန်းလုပ်ရတာလဲလွယ်သွားမယ်။ Phyo Paing @ Derek

ဘဝ ပြဿနာအများစုက
ကိုယ့်ကိုကိုယ် နားမလည်လို့ဖြစ်တာ။
Read More »

အခွင့်အလမ်းကို ဝယ်။

သူဌေးတွေက သူတို့သားသမီးတွေကိုစျေးကြီးတဲ့ကျောင်းတွေမှာထားတဲ့အခါမတန်ဘူးလို့ တချို့ကစဥ်းစားကောင်းစဥ်းစားလိမ့်မယ်။ အမှန်တော့ သူတို့ကကလေးတွေအတွက်အခွင့်အလမ်းကို ဝယ်ပေးတာ။ ဆရာ နဲ့ ထိတွေ့တဲ့ အသိုင်းအဝိုင်း။ တချို့ အခွင့်အလမ်းတွေကဝယ်ရတတ်တယ်။ Pay to Play ပေါ့။ ဒါကြောင့် ကိုယ့်ကို အသိပညာ၊ အတတ်ပညာ၊ငွေကြေး၊ လုပ်ဆောင်နိုင်စွမ်း၊ အခွင့်အလမ်းတွေဖွင့်ပေးရင်ဝယ်သင့်ဝယ်ရမှာပဲ။ အခုအချိန်မှာ တချို့သူတွေအတွက်အေအိုင်ကို လစဥ်ကြေးဝယ်တာကအကောင်းဆုံး အခွင့်အလမ်းဝယ်တာဖြစ်ရင်ဖြစ်မယ်။ တချို့အတွက်က ပညာရေး။ အရေးကြီးတာ ပိုက်ဆံရှာ၊ ရှာတဲ့ပိုက်ဆံနဲ့ တခြားသူတွေမမြင်တဲ့ဝယ်လို့ရတဲ့အခွင့်အလမ်းကိုဝယ်နောက်တစ်ဆင့်ပြန်သွား။ Phyo Paing @ Derek

အခွင့်အလမ်းကို ဝယ်။ Read More »

ကိုယ်နဲ့မကိုက်တဲ့အလုပ်တွေကလုပ်နေရင်
တိုင်တွေပတ်နေမှာ။

ကျရှုံးတာတွေများရင်လူက ထုံလာတတ်တယ်။ အောင်မြင်နေရင်ထပ်အောင်မြင်ဖို့မခက်ဘူး။ ငွေဝင်နေရင် ထပ်ငွေဝင်ဖို့မခက်ဘူး။ ကျရှုံးတာတွေများ၊ ဘူတာတွေများရင် ဒူဒူ လာတတ်တယ်။ ဒါကို ကျော်လွှားဖို့ကလုပ်နေတာတွေရပ်ဖို့ပဲ။ ကိုယ်နဲ့မကိုက်တဲ့အလုပ်တွေကလုပ်နေရင်တိုင်တွေပတ်နေမှာ။ ဒါကို alignment အလိုင်းမန့်လို့ခေါ်တယ်။ မလိုအပ်တဲ့ ပြဿနာတွေ ဖြေရှင်းနေရမှာ။ လူတွေရဲ့ဘဝမှာ အလိုင်းမန့်တွေလွဲလုပ်တဲ့အလုပ်တွေမှားနေလို့တိုင်ပတ်မှု အပေါင်း သရဖူဆောင်းနေတတ်ကြတာ။ ကိုယ်ဘာအားသာလဲ၊ ကိုယ်ဘာလုပ်မလဲ၊ ကိုယ့်အသက်မွေးမှုနဲ့ ကိုယ့်အတွေး၊ အကြံနဲ့ ဒီအလုပ်ကွတ်တိကျရင် အရာရာလွယ်သွားပြီ။ Phyo Paing @ Derek

ကိုယ်နဲ့မကိုက်တဲ့အလုပ်တွေကလုပ်နေရင်
တိုင်တွေပတ်နေမှာ။
Read More »

အောင်မြင်မှု အဓိပ္ပာယ်ဖွင့်ဆိုချက်က
အချိန်နဲ့အမျှပြောင်းနေတယ်။

အသက် ၇၀ လောက်ရောက်ရင်ကျန်းကျန်းမာမာ အသက်ရှင်နေရတာကို အောင်မြင်မှုတစ်ခုဖြစ်နေနိုင်တယ်။ အောင်မြင်မှုအဓိပ္ပာယ်တွေကအချိန်နဲ့ အမျှပြောင်းသွားလိမ့်မယ်။ ကျောင်းတုန်းက ဆုတွေရတာ၊ ဂုဏ်ထူးတွေထွက်တာအောင်မြင်မှု။ တက္ကသိုလ်ရောက်တော့ကျောင်းကောင်းကောင်းတက်လို့ရတာအောင်မြင်မှု။ အလုပ်ခွင်ဝင်တော့ အလုပ်ကောင်းကောင်းရတာအောင်မြင်မှု။ ကိုယ်တိုင်လုပ်ငန်းစတော့အသိအမှတ်ပြု အမြတ်ငွေရ ကြီးထွားတာအောင်မြင်မှု။ အိမ်ထောင်ရေးသာယာ ကလေးနဲ့ ခွေးနဲ့ ကိုယ်ပိုင်မြေလေးနဲ့ကအောင်မြင်မှု။ အသက်ငါးဆယ်၊ ခြောက်ဆယ်လောက်ကျကိုယ့်သားသမီးတွေရဲ့အောင်မြင်မှုကကိုယ့်ရဲ့အောင်မြင်မှု။ အသက် ၇၀ လောက်ရောက်လာတော့ကျန်းကျန်းမာမာ အသက်ရှင်နေသေးတာကအောင်မြင်မှု။ အသက် ၈၀ ကျော်လာတော့ အသက်ရှင်ပြီး ဘုရား၊ တရားနဲ့နီးနေတာလေးကလဲအောင်မြင်မှုဖြစ်နေနိုင်တယ်။ အသက်ထွက်တဲ့အခါ ဘဝကိုပြန်ကြည့်လို့ နောင်တရစရာတွေနည်းနည်းနဲ့ ဂုဏ်ယူစရာတွေ များများကလဲအောင်မြင်မှုဖြစ်နိုင်တယ်။ အောင်မြင်မှု အဓိပ္ပာယ်ဖွင့်ဆိုချက်ကအချိန်နဲ့အမျှပြောင်းနေတယ်။ Phyo Paing @ Derek

အောင်မြင်မှု အဓိပ္ပာယ်ဖွင့်ဆိုချက်က
အချိန်နဲ့အမျှပြောင်းနေတယ်။
Read More »