Dr. Phyo Paing

https://yec.company

မပြစ်မှားမိသင့်တဲ့သူကို
သွားမပြစ်မှားနဲ့

အသက်ကြီးလာတော့ လက်ကိုင်ထားတာPower ဥပဒေသပဲ။သူ့ကကိုယ့်ကို လိုတာထက်ကိုယ်က သူ့ကိုပိုလိုရင်ကိုယ်က အလျော့ပေးရမှာပဲ။သူက ကိုယ့်ကို ဒုက္ခပေးနိုင်တာကကိုယ်က သူ့ကို ဒုက္ခပေးနိုင်တာထက်နည်းနေရင် နောက်ဆုံး ကိုယ်ပိုဒုက္ခရောက်မှာပဲ။Power law 19 မှာလိုမပြစ်မှားမိသင့်တဲ့သူကိုသွားမပြစ်မှားနဲ့။ ℙ𝕙𝕪𝕠 Paing @ Derek

မပြစ်မှားမိသင့်တဲ့သူကို
သွားမပြစ်မှားနဲ့
Read More »

ဘဝကို အကြည်ဓာတ်အပြည့်နဲ့ဖြတ်သန်းဖို့

၁။ တစ်ခုခုဆို တည့်ဒိုးပြော။ အဆင်ပြေရင် ပြေတယ်။မပြေရင်မပြေဘူး။အိညောင်၊ အိညောင်မလုပ်နဲ့။ ၂။ ဘူကောင်တွေကို ရှောင်။ ပျော်လဲမပျော်၊ အမြဲလဲစိတ်တိုင်းမကျ၊မလိုချင်တာတွေပဲမြင်တဲ့ ဘူပိတ်နေတဲ့သူ။ ၃။ ကိုယ့် personal နဲ့ အလုပ်ကိုခွဲထား။ကိုယ့် personal ကို ဝင်ရောက်အစွက်ဖက်မခံနဲ့။ ၄။ ကိုယ့်အလုပ်ကို သေချာ design လုပ်။ ၅။ ကိုယ်နဲ့အလုပ်လုပ်တဲ့သူတွေကိုသေချာ ဂရုပြု။ အဖြစ်လုပ်ပြီး အလုပ်မဖြစ်တဲ့သူတွေကိုရှောင်။ ၆။ ကိုယ်သွားနေတဲ့ ရည်မှန်းချက်ပန်းတိုင်ကိုလာမေးခွန်းထုတ်တာမျိုးမလုပ်ခိုင်းနဲ့။ ၇။ ဘာလုပ်လုပ် အကန့်ခြားထား။Boundaries လိုတယ်။မဟုတ်ရင် လူမလေး၊ ခွေးမခန့်။ ℙ𝕙𝕪𝕠 Paing @ Derek

ဘဝကို အကြည်ဓာတ်အပြည့်နဲ့ဖြတ်သန်းဖို့ Read More »

သောက်တလွဲလာပြောရင်
BTA ပဲ

Social Media မှာ blogging လုပ်ပြီးဘာကြောင့် အကြည်ဓာတ်အပြည့်နေနိုင်သလဲဆိုBTA ဆိုတဲ့ ဥပဒေသကို လက်ကိုင်ထားလို့။​ သောက်တလွဲလာပြောရင်BTA ပဲ။ Ban them all 😂 .ဒါကြောင့် ဘူကောင်ကင်းစင်ရေးနယ်မြေလို့cover photo မှာရေးထားတာ။ တချို့က creator တွေလဲ​ ဒီအယူအဆကိုသုံးပြီးအရမ်းသဘောကျနေတယ်။ဘူနေတဲ့သူရဲ့အမှိုက်ထုတ်ကိုတော့ ကိုယ့်ဆီမှာလာအပြစ်မခံနဲ့။ လူတွေက ကိုယ့်ကို စိတ်တိုင်းမကျတာမဟုတ်ဘူး။သူတို့ဘဝကို သူတို့ စိတ်တိုင်းမကျတာ။ဒါကြောင့် မြင်မြင်သမျှလောကကြီးကိုစိတ်တိုင်းမကျဘူးဖြစ်နေတာ။ ကိုယ်က social media မှာစီးပွားရေးလုပ်နေတာလာဘူနေရင် BTA သာလုပ်လိုက်။လေကုန်ခံပြီးရှင်းပြမနေနဲ့။ ကျွန်တော့်အတွက်တော့အလုပ်ဖြစ်တယ်။တခြားသူတွေအတွက်တော့အလုပ်ဖြစ်မလား မသိဘူး။ Phyo Paing @ Derek

သောက်တလွဲလာပြောရင်
BTA ပဲ
Read More »

ကိုယ့်ကိုငွေရှာပေးတဲ့အရာတွေမှာ
ငွေသုံးရမှာ မနှမြောနဲ့။

ကိုယ့် formula နဲ့ ကိုယ်။ပိန်ချင်ရင်အိပ်။ဘာလုပ်လုပ်တင်။အလုပ်ဖြစ်တာလုပ်။ကိုယ့်ကိုငွေရှာပေးတဲ့အရာတွေမှာငွေသုံးဖို့ မနှမြောနဲ့။သက်သေပြခိုင်း။အစရှိတဲ့ formula သုံးတယ်။ ပိန်ချင် ဝိတ်ကျချင်ရင်အရင်က gym သွားတယ်။ကယ်လိုရီ ၁၀၀ လောင်ကျွမ်းဖို့သေမလောက်လုပ်ရတယ်။ဒီတော့ TRE လို့ခေါ်တဲ့Time-restricted eating လုပ်၊အဲ့လို ၁၆ နာရီလောက် အစာမစားတော့insulin ကျသွားတယ်။Craving ဗိုက်ခဏခဏမဆာအောင်ကာဗိုဟိုက်ဒရိတ်ကို တတ်နိုင်သမျှရှောင်၊သကြားရှောင်၊ရေရေလည်လည်အိပ်။အိပ်ရင် leptin ထွက်ပြီးအစားစားချင်စိတ်ကို နည်းစေတယ်။နောက် grehlin hormone နည်းစေပြီကွိကွိကွိဗိုက်ဆာတာနည်းစေတယ်။ဒါကြောင့် ကိုယ့်ကိုကိုယ် ဥပဒေသတစ်ခုထုတ်တယ်။ပိန်ချင်ရင် အိပ်။ Social media မှာ ဘယ်အချိန်မှာဘယ်လို content တွေတင်ရင်လူကြည့်ပိုများတယ်ဆိုပြီးအချိန်တွေစောင့်ဆိုင်းနေကြတယ်။အဲ့အရာက ပြီးပြည့်စုံမှတင်မယ်ဆိုတဲ့အတွေးကို ဖြစ်ပေါ်စေတယ်။ဒါကြောင့် social media မှာကိုယ့် content တွေ ပေါက်ချင်ရင်ဘာလုပ်လုပ်တင်ဆိုတဲ့ အယူအဆထုတ်ထားတယ်။တင်ပြီး သောက်တလွဲဖြစ်ရင်ဘယ်လိုလုပ်မလဲဆိုရင်Post now, edit later ပဲ။သတင်းစာ၊ journal တွေလိုပေါ့သတင်းတစ်ခုထွက်လာရင်မြန်မြန်ဆန်ဆန်တင်ပြီးမှားမှ မှားကြောင်းပြန်ပြောတဲ့ဒီနေ့ခေတ်

ကိုယ့်ကိုငွေရှာပေးတဲ့အရာတွေမှာ
ငွေသုံးရမှာ မနှမြောနဲ့။
Read More »

စနစ်ဆိုတာ ချရခက်တယ်ဆိုတာ
စနစ်ကို နားမလည်သေးလို့လို့ ယူဆတယ်။

လုပ်ပြီးသားအရာတွေ အသစ်ကပြန်စဥ်းစားပြီးထပ်ခါထပ်ခါ လုပ်စရာမလိုအောင်စနစ်ဆိုတာ ဖြစ်လာတာ အားတီ၊ အားမေတို့။ နိုင်ငံတစ်နိုင်ငံလည်ပတ်ဖို့ political system လိုတယ်။နိုင်ငံစီးပွားရေးလည်ပတ်ဖို့ economic system လိုတယ်။ လုပ်ငန်းတစ်ခုလည်ပတ်ဖို့ business system လိုတယ်။ လူတစ်ယောက် စာဖတ်မြန်ဖို့ reading system လိုတယ်။ လုပ်ငန်းတစ်ခုဆိုတာ လုပ်ငန်းဆောင်တာတွေအများကြီးနဲ့ ဖွဲ့စည်းထားတာ။ ဖောက်သည်တွေကိုဆွဲဆောင်ဖို့ Marketing Systemစုံစမ်းမှုတွေကို ရောင်းဖို့ Sales System ဖောက်သည်တွေ စိတ်ကျေနပ်ဖို့ Service Delivery System ငွေကြေးစီမံခန့်ခွဲဖို့ Financial Planning System လူသားရေးရာစီမံခန့်ခွဲဖို့ HR System လိုတယ်။ စနစ်ဆိုတာ ချရခက်တယ်ဆိုတာ စနစ်ကို နားမလည်သေးလို့လို့ ယူဆတယ်။ စနစ်ဆိုတာ ထပ်ခါထပ်ခါ လည်ပတ်လို့ရတဲ့repeatable process ကိုပြောတာ။ ဥပမာ

စနစ်ဆိုတာ ချရခက်တယ်ဆိုတာ
စနစ်ကို နားမလည်သေးလို့လို့ ယူဆတယ်။
Read More »

ဘဝမှာအသက်ရှင်တုန်း
နေ့တိုင်းပျော်ပြီး လတ်ဆတ်နေဖို့လိုတယ်။

ကိုယ်ကြိုက်တဲ့အလုပ် လုပ်တယ်။ကြိုက်တဲ့နေရာကို ကြိုက်တဲ့အချိန်သွားတယ်။ကိုယ်စိတ်ကြိုက်ဘဝနေထိုင်မှုပုံစံနေထိုင်လို့ရမယ်။ဘဝတိုးတက်နေပြီး ကိုယ့်ရဲ့ best version ကိုတည်ဆောက်နေမယ်။ဒါက အောင်မြင်မှုပဲလို့ထင်တယ်။ဘဝမှာအသက်ရှင်တုန်းနေ့တိုင်းပျော်ပြီး လတ်ဆတ်နေဖို့လိုတယ်။ Phyo Laing @ Derek

ဘဝမှာအသက်ရှင်တုန်း
နေ့တိုင်းပျော်ပြီး လတ်ဆတ်နေဖို့လိုတယ်။
Read More »

ကိုယ်လိုချင်တဲ့ ဘဝဖန်တီးပါ။

ကိုယ်လိုချင်တဲ့ ဘဝဖန်တီးပါ။ ကိုယ့်လိုချင်တဲ့ ဘဝနေထိုင်မှုပုံစံကိုပုံဖော်ပေးမည့် business model နဲ့လုပ်ငန်းကိုလည်ပတ်ပါ။ ကိုယ်အားသာချက်ကို အခြေပြုတဲ့လုပ်ငန်းကို အဓိကလုပ်ပါ။ ဖောက်သည်တွေကို သေချာရွေးချယ်ပါ။ဒီလိုရွေးချယ်နိုင်အောင် ကိုယ့်လုပ်ငန်းကို လူသိများအောင်လုပ်ပါ။ ကိုယ့်လုပ်ငန်းရဲ့ လည်ပတ်မှုထဲမှာကိုယ်မပါပဲ လည်အောင်လုပ်ပါ။လုပ်ငန်းထဲဝင်နေတာကနေ လူနဲ့ စနစ်ကိုသေချာနေရာချပြီး အပြင်ကို တဖြည်းဖြည်းထွက်ပါ။ ဆိုင်သွားစရာမလိုပဲ လည်ပတ်ပြီးအမြတ်ငွေသောက်သောက်လဲရနေတဲ့လုပ်ငန်းရှင်တွေ အများကြီး။လုပ်ငန်းလုပ်ပြီး အထာကျကျဘဝမှာ ပျော်ရွင်နေတဲ့လုပ်ငန်းရှင်အများကြီး။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ကိုယ်လိုချင်တဲ့ ဘဝဖန်တီးပါ။ Read More »

နေ့စဥ်ဘဝကို လတ်လတ်ဆတ်ဆတ်
ဖြတ်သန်း

လူတွေရဲ့ အထင်အမြင်မှာ အသက်မရှင်နဲ့။ကိုယ်ကြိုက်တာကိုယ်လုပ်။ ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့အလုပ်မဖြစ်တဲ့ ရှေးရိုးစွဲအယူအဆတွေကိုမလိုက်နာရဲတဲ့ သတ္တိလိုတယ်။ လူအများနဲ့ မတူတဲ့ လမ်းကိုလျှောက်ရဲဖို့မတူတဲ့ အလုပ်ကို လုပ်ရဲဖို့က သတ္တိအကြီးကြီးလိုတယ်။ ဒီလို ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်တဲ့လူတွေကို misfit လို့ခေါ်တယ်။ ဒီလို ပတ်ဝန်းကျင်ကချမှတ်ထားတဲ့ သိုးကလေးဖြစ်စေမည့် အလုပ်မဖြစ်တဲ့ စည်းကမ်းတွေကိုချိုးဖောက်ရဲတဲ့သူ misfit တွေက အပြောင်းအလဲကို အမှန်တကယ်ဖော်ဆောင်ပေးသူတွေဆိုတာကြားဖူးလိမ့်မယ်။ လောကကြီးနဲ့ အံဝင်ဂွင်ကျမဖြစ်လို့ လူတွေကိုယ့်ကို နားမလည်လို့ စိတ်မညစ်နဲ့။ လောကနဲ့ သဟဇာတမဖြစ်လဲကိုယ့်ရဲ့ နှလုံးသားက လုပ်သင့်တယ်လို့ပြောတဲ့အရာတွေကိုကိုယ်ကလုပ်ရမှာပဲ။ လူတွေက သူတို့နဲ့ မတူလို့ငါ့ကိုပြက်ရယ်ပြုကြတယ်။ ငါကလဲ သူတို့အားလုံးက အတူတူဖြစ်နေလို့ပြန်ရယ်မိတယ်ဆိုတာ ကြားဖူးလိမ့်မယ်။ မတူတာက ပြဿနာဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ Phyo Paing @ Derek

နေ့စဥ်ဘဝကို လတ်လတ်ဆတ်ဆတ်
ဖြတ်သန်း
Read More »

စနစ်တည်ဆောက်တဲ့အခါ စိတ်ရှည်ဖို့လိုတယ်

ဘဝမှာ နေပျော််ချင်ရင်ကိုယ်ငွေရှာတဲ့ပုံအရေးကြီးတယ်။ငွေရှာဖို့ စီးပွားရေးလုပ်ရတယ်။စီးပွားရေးလုပ်ဖို့ business modelစီးပွားရေးလုပ်တဲ့ပုံစံလိုတယ်။​ သမရိုးကျ စီးပွားရေးပုံစံကဆိုင်ဖွင့်ပြီး အရင်းကျေဖို့ဖောက်သည်ရှာနေရတာ။နေ့စဥ်ရင်မောနေရတယ်။​ ဒီလိုမဖြစ်အောင် ဖောက်သည်အလိုအလျောက်လာအောင်သူ့ဘာသာသူ ငွေဝင်နေဖို့ စနစ်တည်ဆောက်ဖို့လိုတယ်။စနစ်တည်ဆောက်တဲ့အခါ စိတ်ရှည်ဖို့လိုတယ်။ Business Model နဲ့ စနစ်ကိုသေချာ တည်ဆောက်နိုင်ရင်ကိုယ်လိုချင်တဲ့ ဘဝပုံစံကိုလဲတည်ဆောက်လို့လွယ်သွားပြီ။ လူအများစု ကိုယ်လိုချင်တဲ့ဘဝပုံစံမတည်ဆောက်နိုင်တာငွေရှာတဲ့ပုံစံကြောင့်ပဲ။ ဒါကြောင့် ငွေရှာရင်အလုပ်လုပ်လို့ဝင်ငွေ active incomeမလုပ်ပဲဝင်ဖို့ passive incomeကြားကျတဲ့ hybrid နဲ့ကိုယ့်လုပ်ငန်းပြန်ရောင်းရင်တောင်ရနိုင်တဲ့ Value of the companyဒီလေးခုကို စဥ်းစားဖို့လိုတယ်။ Phyo Paing @ Derek

စနစ်တည်ဆောက်တဲ့အခါ စိတ်ရှည်ဖို့လိုတယ် Read More »

Pain & Pleasure Principle

ရည်မှန်းချက်ပန်းတိုင်ချတဲ့အခါဖြစ်ချင်တာပေါ်မူတည်ပြီးချတာရှိတယ်။​အကြောက်တရားပေါ်မူတည်ပြီးရည်မှန်းချက်ပန်းတိုင်ချတာရှိတယ်။​ ဖြစ်ချင်တာပေါ်မူတည်ပြီးချတာကတော့ရှင်းတယ်။နောက်လေးငါးဆယ်နှစ်မှာ ဘာဖြစ်ချင်သလဲ။ဒါကို personal, professional နဲ့ businessတိုးတက်ရေးအပိုင်းမှာ အသုံးပြုတယ်။ဒါက အများစုသိထားတဲ့ goal setting ပေါ့။ နောက်တစ်နည်းက အကြောက်တရားပေါ်မှာမူတည်ပြီး ရည်မှန်းချက်ပန်းတိုင်ချတာကတော့ကိုယ်မဖြစ်ချင်တဲ့အရာတွေကိုရှောင်ရှားဖို့ ချတဲ့နည်းပေါ့။ဒါကို Tim Ferriss က Fear setting ဆိုပြီးပြောတယ်။ ဖြစ်ချင်တာပေါ်မူတည်ပြီး ရည်မှန်းချက်ချတာကတော့ကိုယ်ဖြစ်ချင်တာတွေက အချိန်နဲ့အမျှပြောင်းလဲနေမှာ။ငယ်ငယ်တုန်းကဆို အလုပ်ရချင်တယ်၊မန်နေဂျာဖြစ်ချင်တယ်၊ လုပ်ငန်းဦးဆောင်သူဖြစ်ချင်တယ်၊ဖြစ်ချင်တာတွေက ပြောင်းနေမှာ။ ကိုယ်မဖြစ်ချင်တဲ့အရာအပေါ်မူတည်ပြီးရည်မှန်းချက်ချနည်းကျတော့ဥပမာ အသက်ကြီးတဲ့အခါ င weak မဖြစ်ချင်ဘူး။ဒီတော့ အသက်ငယ်တုန်းမှာ testosterone များအောင်ကြိုတင် လေ့ကျင့်ခန်းလုပ်ထားတာမျိုး။ဆီးချို၊ သွေးတိုးနဲ့ နာတာရှည်ရောဂါမဖြစ်ချင်ရင်အစားအသောက်နဲ့ လေ့ကျင့်ခန်းကိုဂရုစိုက်သေချာလုပ်ဆောင်တာမျိုး။ အသက်ကြီးမှ အထီးမကျန်ချင်ရင်အပေါင်းအသင်နဲ့ မိသားစုသေချာတည်ဆောက်တာမျိုး။ကိုယ့်ကိုကိုယ် တန်ဖိုးရှိတဲ့သူတစ်ယောက်လို့မခံစားရမှာဆိုးတဲ့အတွက်တစ်ဖက်ကမ်းခတ်ကျွမ်းကျင်မှုရှိအောင်လုပ်ဆောင်နေတာမျိုး။ ရည်မှန်းချက်ပန်းတိုင်ကို ဒီနှစ်နည်းနဲ့အကြမ်းဖျင်းချမှတ်လို့ရတယ်။ဒါကို Pain & Pleasure Principle လို့ခေါ်တယ်။လူတွေရဲ့ limbic system လို့ခေါ်တဲ့စိတ်ခံစားမှုအပိုင်း ဦးနှောက်ကဒီ

Pain & Pleasure Principle Read More »