သင်၊ မြင်၊ ပြင်
သင်၊ မြင်၊ ပြင် ပညာသင်တဲ့ ရည်ရွယ်ချက်က ဒီသုံးလုံးပဲ။ သင် — မသိတာကို သိအောင်လုပ်တာ။မြင် — မမြင်ဖူးတာကို မြင်လာအောင်လုပ်တာ။ပြင် — မှားနေတာကို ပြင်တာ။ သင်ပြီး မမြင်ရင် — အချိန်ဖြုန်းတာ။မြင်ပြီး မပြင်ရင် — အသိဖြုန်းတာ။ပြင်မှ — တကယ် သင်တာ။ ကိုယ့်ဘဝမှာ ဘာသင်နေလဲ မေးပါ။ဘာမြင်လာလဲ မေးပါ။ဘာပြင်ပြီးလဲ မေးပါ။ အဲဒီသုံးခုကို မဖြေနိုင်ရင် — သင်နေတာ မဟုတ်ဘူး။နားပဲထောင်နေတာ။ Phyo Paing @ Derek
