Advice

လူဖြစ်မရှုံးချင်ရင်

လူဖြစ်မရှုံးချင်ရင် ၁။ အချိန်မဖြုန်းနဲ့ သုံး၂။ ကိုယ့်ကိုကိုယ် လေ့လာ၃။ လူတွေကို လေ့လာ၄။ စျေးကွက်ကိုလေ့လာ၅။ လောကကိုလေ့လာ၆။ ကိုယ်ယုံကြည်တဲ့အရာ မှန်မမှန်စမ်းကြည့်၇။ ကိုယ်လိုချင်တဲ့ရလဒ်မရရင် ယုံကြည်မှုတွေကိုပြောင်း၈။ လုပ်ရပ်တွေကို ပြောင်း၉။ ကောင်းမွန်တဲ့ရလဒ်ရရင် ဆက်လုပ်၁၀။ သေမည့်အချိန် နောင်တရမည့်အရာတွေမလုပ်နဲ့၁၁။ ကိုယ့်ရဲ့ပါရမီကိုယ်နေ့စဉ်ဖြည့်၁၂။ ကိုယ့်ဘဝ ကိုယ်နဲ့ပဲဆိုင်တယ်ဆိုတဲ့စိတ်ထား။ Phyo Paing @ Derek

လူဖြစ်မရှုံးချင်ရင် Read More »

ဘဝဟာ ခဏပါ။

ဘဝဟာ ခဏပါ။ ဒီခဏတာဘဝကိုသာမညအဖြစ်နဲ့ဖြတ်သန်းသွားဖို့ကသဘာဝမကျဘူးလို့ ထင်တယ်။ လူတိုင်းမှာကိုယ်ပိုင် ပါရမီတစ်ခုခု ရှိတယ်။ အဲဒီပါရမီကိုအသုံးမချဘဲလောကထဲက ထွက်သွားတာကနှမြောစရာပဲ။ ကျွန်တော်ကတော့လူတစ်ယောက်ရဲ့ ဘဝကိုဒီအဆင့် (၃) ဆင့်နဲ့ ကြည့်တယ်။ ၁။ ကိုယ့်ပါရမီကို ကိုယ်တူးဖော်ပါ။ ကိုယ်ဘာကို သဘာဝကျကျ လုပ်နိုင်လဲ။ကိုယ်ဘာလုပ်ရင် အချိန်မေ့သွားလဲ။ကိုယ်ဘယ်လို တန်ဖိုးပေးနိုင်လဲ။ ၂။ ကိုယ့်ပါရမီကို နေ့စဉ် ဖြည့်တင်းပါ။ စာဖတ်ပါ။လေ့ကျင့်ပါ။စမ်းသပ်ပါ။အတွေ့အကြုံယူပါ။ ပါရမီကလေ့ကျင့်မှုနဲ့ပဲ ကြီးထွားတယ်။ ၃။ လူတွေအတွက် အသုံးဝင်အောင် လုပ်ပါ။ ပါရမီကကိုယ့်အတွက်ပဲ မဟုတ်ဘူး။ လူတွေရဲ့ ပြဿနာကိုဖြေရှင်းပေးနိုင်တဲ့အခါအဲဒီပါရမီကတန်ဖိုးဖြစ်လာတယ်။ ဘဝက ခဏပဲ။ ဒါကြောင့်ကိုယ့်ပါရမီကိုရှာဖွေပါ။ဖွံ့ဖြိုးအောင်လုပ်ပါ။လူတွေအတွက် အသုံးဝင်အောင် အသုံးချပါ။ ဒါမှဘဝက အဓိပ္ပာယ်ရှိလာမယ်။ Phyo Paing @ Derek

ဘဝဟာ ခဏပါ။ Read More »

အိန္ဒြေရှိရှိ အိုမင်းပြီး သေဆုံးနိုင်ဖို့ပဲ။

စျာန်ဝင်စားတဲ့အလုပ်ဆိုတာ ဒီနေ့ခေတ် လူတချို့လောက်ပဲလုပ်နေမိတာမျိုး။ ဘာကြောင့်လဲဆိုတော့ နေ့စဥ် လူမှုကွန်ယက်ရဲ့သတင်းနဲ့ အတင်းတွေကြားမှာအလုပ်ကို deep work စူးစိုက်မှု အပြည့်နဲ့ အလုပ်လုပ်ဖို့ဆိုတာစည်းကမ်းတစ်ခုလိုတယ်။ နေ့စဥ် deep work ကိုသာ နှစ်နာရီ၊ သုံးနာရီလောက်လုပ်ကြည့်ဦးနှောက်က မြန်နှုန်းတွေ ပြောင်းသွားလိမ့်မယ်။ ကျွန်တော့်အတွက် deep work ကတော့နေ့စဥ် မနက်ထတာနဲ့ ၁။ journaling လုပ်တယ်။ Template လိုချင်ရင် derekmethod.com မှာ သွားကြည့်ပြီးနေ့စဥ် ဖြည့်လို့ရပါတယ်။ ၂။ စာအုပ်တစ်အုပ်က အဓိက အိုင်ဒီယာတွေရှာတယ်။စိတ်ဝင်စားရင် ဒါကို ဖတ်တယ်။ ၃။ ကိုယ်မျှဝေချင်တဲ့ အကြောင်းအရာနှစ်ခု Tik Tok အတွက် ၁၅ မိနစ်ပေး ဗီဒီယိုလုပ်တယ်။ ၇ ရက်တစ်ခါ ယူကျု video တင်တယ်။ စာကတော့

အိန္ဒြေရှိရှိ အိုမင်းပြီး သေဆုံးနိုင်ဖို့ပဲ။ Read More »

လူ၊ နေရာ၊ အိုင်ဒီယာ အရေးကြီးတယ်။

ကျွန်တော့်ဘဝက ကံမကောင်းခဲ့ဘူး။ ကိုယ့်ကိုကိုယ် ဥာဏ်ကောင်းတယ်လို့တော့ထင်တယ်။ ဒီတော့ ကံကြမ္မာဆိုတာကို hack လုပ်ဖို့စဉ်းစားမိတယ်။ ပထမဆုံးလုပ်ဖြစ်တာကကံကောင်းတဲ့သူတွေကို လေ့လာတာပဲ။ ဒါကိုလေ့လာဖို့ မင်းသိင်္ခခြံထိလဲရောက်ဖူးသလိုဗေဒင်ဆရာနဲ့ ယဩာချေတာတွေဂဏန်းဗေဒင်နဲ့ပတ်သက်လို့ လေ့လာလိုက်ကာဆီနိုမှာ Russian Roulette ကစားလိုက်၊ ဘောလုံးပွဲလောင်းလိုက်၊ အခါတော်ပေးအချိန်နဲ့ အပြောင်းအလဲကိုကြည့်လိုက်နဲ့၂၀၀၅ ကတည်းက ၂၀၀၉ ထိလုပ်ခဲ့တယ်။ ဒါနဲ့အတူ new thought movement ဆိုတာကိုလဲလေ့လာခဲ့တယ်။ နောက်ပိုင်း သိပ္ပံနည်းကျစာအုပ်တွေဖတ်တယ်။ မြန်မာစာနဲ့ရေးထားတဲ့ ကံအကြောင်းမှာဆို အာမခံက ဒေါက်တာမောင်မောင်သိန်းရေးခဲ့တဲ့ ကံကောင်းအောင်လုပ်နည်းဆိုတဲ့ စာအုပ်ရှိတယ်။နိုင်ငံတကာမှာလဲ luck နဲ့ ပတ်သက်လို့ လိုက်လေ့လာကြည့်တယ်။ ထီပေါက်ပြီး ပြန်မွဲသွားတဲ့လူတွေအကြောင်းလေ့လာကြည့်တယ်။ တရုတ် ဖုန်းဆွေကိုလဲ လေ့လာကြည့်တယ်။ နှစ်ပေါင်း ၃၀၀၀ ကြာမျက်နှာဖတ်နည်း အင်္ဂါဝိဇ္ဇာ Face-reading (面相)  လေ့လာကြည့်တယ်။ နောက်ပိုင်း လက်တွေ့ပိုကျတဲ့ ကံကောင်းတဲ့သူတွေကို

လူ၊ နေရာ၊ အိုင်ဒီယာ အရေးကြီးတယ်။ Read More »

ကံကောင်းခြင်းဆိုတာ
စောင့်ရတဲ့အရာ မဟုတ်တော့ဘူး။

တရုတ်ရိုးရာ အတွေးအခေါ်မှာတော့ကံ (Luck) ကို အပိုင်း (၃) ပိုင်းနဲ့ ကြည့်တယ်။ ၁။ Heaven Luck (天运) – မွေးရာပါကံ ဒါက ကိုယ်မရွေးချယ်နိုင်တဲ့ အရာတွေ။ ဘယ်မိသားစုမှာ မွေးလာလဲ။မျိုးရိုးဗီဇ (Genetics)မွေးဖွားတဲ့ အချိန်နဲ့ ခေတ်ကာလ ဒီအရာတွေကို ပြောင်းလဲလို့ မရဘူး။လက်ခံပြီး အကောင်းဆုံး အသုံးချရတာပဲ။ ၂။ Earth Luck (地运) – ပတ်ဝန်းကျင်ကံ ဒါက ကိုယ်ပြောင်းလဲနိုင်တဲ့ အပိုင်း။ ကိုယ်နေတဲ့အိမ်၊ကိုယ်အလုပ်လုပ်တဲ့ရုံး၊ကိုယ်ပေါင်းတဲ့လူတွေ၊ကိုယ်နေ့တိုင်း ထိတွေ့နေတဲ့ နေရာတွေ။ Feng Shui က ဒီအပိုင်းကို အဓိက လေ့လာတယ်။ ပတ်ဝန်းကျင်ကောင်းရင်အာရုံစူးစိုက်မှု ကောင်းလာတယ်။စိတ်အခြေအနေ ကောင်းလာတယ်။လုပ်ဆောင်နိုင်စွမ်းလည်း ပိုကောင်းလာနိုင်တယ်။ ၃။ Human Luck (人运) – ကိုယ်တိုင်ဖန်တီးတဲ့ကံ

ကံကောင်းခြင်းဆိုတာ
စောင့်ရတဲ့အရာ မဟုတ်တော့ဘူး။
Read More »

ဘဝတစ်ခုမှာတော့
ကြိုးစားတိုင်း အကုန်မဖြစ်ဘူး။

ဘဝကံကြမ္မာတွေက မတူကြဘူး။ တချို့ကျတော့ မွေးကတည်းကရုန်းကန်ရတယ်။ ရုန်းကန်သလောက်လဲလာဘ်လာဘပေါများတာမဟုတ်သလို လူချစ်လူခင်ပေါတာလဲမဟုတ်ပြန်ဘူး။ တချို့တွေက ရှာစရာမလို သူ့အလိုလိုလာကြတယ်။ ဒါက ဥာဏ်နဲ့လဲဆိုင်တာမဟုတ်ဘူး။ မွေးရာပါ ကံနဲ့ဆိုင်တာ။ လူတိုင်းမွေးရာပါ ကံကြမ္မာလေးတွေပါလာတယ်။ တချို့သူတွေရောက်လာရင်တိုးတက်မှု၊ ရှင်သန်မှု၊ ကြီးထွားမှုတွေဖြစ်တတ်ကြတယ်။ တချို့က ဒီလူရောက်လာရင်ကို ဘူတတ်ကြတဲ့ pattern လေးတွေလဲရှိပြန်တယ်။ ဒီကံကြမ္မာတွေကို ပြင်ဖို့ထက်ကိုယ်ကံကြမ္မာကို မြင်ဖို့လိုတယ်။ ဥပမာ တချို့လူတွေဆို သူ့ဘဝမှာ ဖြစ်ချင်တာ ဘာတစ်ခုမှ ဖြစ်မလာဘူး။ဖြစ်လာပြန်တော့လဲ ခဏနဲ့ ပြန်ပြိုလဲတာမျိုး။ တချို့ကျတော့ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာဆိုသလိုပဲ။ တချို့က ကြိုးစားလုပ်ဆောင်ရင်ဇွဲနဲ့ကြိုးစားရင်တော့ဖြစ်လာတယ်။ တချို့က ကြိုးစားရင်ဖြစ်လာတယ်။ အဲ့ဖြစ်လာတဲ့အရာ ကိုယ့်အတွက် မဟုတ်တာဖြစ်တတ်တယ်။ကြိုးစားပြီး ငွေကြေးဥစ္စာရှာရလဲရရော သူတပါးအတွက်ဖြစ်။ တချို့တွေများ ရုန်းကန်တာထုံးစံဖြစ်နေတတ်တယ်။ တချို့တွေကျတော့ လူမြင်ရင်ချစ်ခင်ဖြစ်တတ်ကြတယ်။ ကိုယ်ကံကိုယ် မပြင်နိုင်ခင်မြင်နိုင်ဖို့လိုတယ်။ ဘဝတစ်ခုဆိုတာ တိုလွန်းတယ်။

ဘဝတစ်ခုမှာတော့
ကြိုးစားတိုင်း အကုန်မဖြစ်ဘူး။
Read More »

ဒီ M သုံးလုံးက ဘဝကိုဖြတ်သန်းရတာ
လွယ်ကူစေတယ်။

ဘာအလုပ် လုပ်လုပ်တစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှုမရှိရင်အောက်ကျနောက်ကျဖြစ်မှာပဲ။ ဒါကြောင့် Mastery ကိုယ်လုပ်တဲ့အလုပ်မှာ အထူးကျွမ်းကျင်ဆရာကျဖို့လိုတယ်။ ဒုတိယက အထူးကျွမ်းကျင်တဲ့အလုပ်ကိုလူတွေ ပိုက်ဆံပေးချင်အောင်Marketing လုပ်တတ်ဖို့လိုတယ်။ တတိယကတော့ လူနဲ့စနစ်အသုံးပြုပြီးကိုယ်အလုပ်မလုပ်ရင်တောင် ငွေဝင်နေတဲ့ စီမံခန့်ခွဲမှု Management လိုတယ်။ ဒီ M သုံးလုံးက ဘဝကိုဖြတ်သန်းရတာလွယ်ကူစေတယ်။ Phyo Paing @ Derek

ဒီ M သုံးလုံးက ဘဝကိုဖြတ်သန်းရတာ
လွယ်ကူစေတယ်။
Read More »

ဘဝမှာ မြန်မြန် Move On လုပ်ပြီး
လဲကျ မြန်မြန်ပြန်ထ

ဘာတွေဖြစ်ဖြစ် Move On လုပ်နိုင်ဖို့အရေးကြီးတယ်။ ဘဝမှာ အောင်မြင်မှုတွေရှိသလိုကျဆုံးမှုတွေလဲရှိမယ်။ အလုပ်မဖြစ်တာ၊ အရေးနိမ့်တာ၊ ထင်ထားသလိုမဖြစ်တာ၊ကြေကွဲစရာတွေကို သင်ခန်းစာယူပြီး ပိုကောင်းတဲ့အနာဂတ်တည်ဆောက်နိုင်ဖို့Move On လုပ်နိုင်ဖို့လိုတယ်။ ဘဝမှာ မြန်မြန် Move On လုပ်ပြီးလဲကျ မြန်မြန်ပြန်ထဘဝကို ပြန်စနိုင်သူကခရီးပိုရောက်သူပဲ။ Phyo Paing @ Derek

ဘဝမှာ မြန်မြန် Move On လုပ်ပြီး
လဲကျ မြန်မြန်ပြန်ထ
Read More »

ကျွန်တော့်ဘဝကိုအပြောင်းအလဲဖြစ်စေတာဆို
စိတ်ပညာ၊ စီးပွားရေးနဲ့ မားကတ်တင်းပညာ။

တိုးတက်ချင်တဲ့သူတွေအားလုံးကိုအေအိုင်ကို ကောင်းကောင်းအသုံးချတတ်စေချင်တယ်။ ဘာကြောင့်လဲဆို အေအိုင်က Force multiplier ဖြစ်ပါတယ်။ကျွန်တော်တို့ကို ဆပွားတိုးတက်စေမည့်နည်းပညာတစ်ခုပါ။ ဒါကြောင့်လဲ အကုန်လေ့လာလို့ရအောင် update ကအစယူကျု့မှာ ကျွမ်းတော်စမ်းသပ်ထားတဲ့ အရာတွေအကုန်လုံးကို အခမဲ့ မျှဝေထားပေးပါတယ်။ ကျွန်တော့်ဘဝကိုအပြောင်းအလဲဖြစ်စေတာဆို စိတ်ပညာ၊ စီးပွားရေးနဲ့ မားကတ်တင်းပညာ။ နောက်တစ်ခုက နည်းပညာ။ဒါကြောင့် အေအိုင်နဲ့ပတ်သက်လို့ သည်းခံလေ့လာနိုင်ရင်ကို အကုန်တင်ထားပေးပါတယ်။ Phyo Paing @ Derek

ကျွန်တော့်ဘဝကိုအပြောင်းအလဲဖြစ်စေတာဆို
စိတ်ပညာ၊ စီးပွားရေးနဲ့ မားကတ်တင်းပညာ။
Read More »

မနပ်ရင် ငတ်မယ်။

မနပ်ရင် ငတ်မယ်။လူကြောမနပ် လူတွေကြောင့်တိုင်ပတ်၊ဝန်းထမ်းကြောမနပ် ဝန်ထမ်းကြောင့်တိုင်ပတ်၊စီးပွါးရေးကြောမနပ် စီးပွါးရေးကြောင့်တိုင်ပတ်၊ငွေကြောမနပ် ငွေကြောင့်တိုင်ပတ်။ Phyo Paing @ Derek

မနပ်ရင် ငတ်မယ်။ Read More »