advice

ကိုယ်ထိန်းချုပ်လို့ရတဲ့ဘဝကိုပဲ
အာရုံစိုက်မိတော့တယ်။

လောကဓံအကြောင်းနည်းနည်းနားလည်လာတော့လောကကြီးဘယ်လိုဖြစ်သင့်တယ်လို့ပြိုင်ငြင်းမနေတော့ဘူး။ ကိုယ့်ဘဝဘယ်လိုဖြစ်သင့်တယ်ဆိုတဲ့ကိုယ်ထိန်းချုပ်လို့ရတဲ့ဘဝကိုပဲအာရုံစိုက်မိတော့တယ်။ Phyo Paing @ Derek

ကိုယ်ထိန်းချုပ်လို့ရတဲ့ဘဝကိုပဲ
အာရုံစိုက်မိတော့တယ်။
Read More »

အကောင်းဆုံး အသက်ရှင်ခဲ့တယ်ဖြစ်ဖို့
နေ့စဉ်ကိုတော့ အကောင်းဆုံး
အကောင်းဆုံးနေထိုင်ဖို့လိုတယ်

နေ့စဉ် အိုမင်းရင့်ရော်နေတယ်။ဘဝက အမြဲ ဒီလို ငယ်မနေဘူး။ ဟော်မုန်းအပြောင်းအလဲဇရာရဲ့ ခြေရာကို ခန္ဓာမှာတွေ့လာရမယ်။ အမှန်တော့ တစ်နှစ်တစ်နှစ်ဆိုတာ ကုန်သွားတာ မြန်တယ်။ အသက် သုံးဆယ်၊ လေးဆယ်ဆိုရင်ကိုကိုယ့်အသိ၊ မိတ်ဆွေထဲမှာလောကထဲကထွက်ခွါသွားသူတွေမများရင်တောင် မနည်းတော့ဘူး။ ကွေကွင်းသွားလို့မရတဲ့ သေခြင်းတရားအတွက်နေထိုင်ရတဲ့ ဘဝခဏတာမှာ ဒီနေ့အတွက်ပဲ မဟုတ်ဘူးအသက်အရွယ်အပိုင်းအခြားတွေအတွက်ကြိုတင်ပြင်ဆင်ထားမှာပဲတော်ကာကျနိုင်မယ်။ ငယ်ငယ်တည်းက အနာဂတ်အတွက်ကြိုတင်ပြင်ဆင်တယ်။ နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလို နေလို့မရဘူးဆိုတာ အားကိုးရာမရှိတဲ့သူတစ်ယောက်အတွက်ကိုယ့်ကိုကိုယ်ပဲ အားကိုးရတယ်။ အသက် ၃၀ လောက်ထိကလူတွေ၊ ဘဝတွေ၊ ကိုယ့်ကိုကိုယ်အကြောင်းလေ့လာခဲ့တဲ့အချိန်ပေါ့။ ၃၀ – ၄၀ ကြားကျတော့၄၀-၆၀ အတွက်ပြင်ဆင်ရပြီ။ မတော်တဆနဲ့ မသေဆုံးခဲ့ရင်ဘဝကို အဓိပ္ပာယ်ရှိရှိနဲ့ဖြတ်သန်းရင်အိန္ဒြေရှိရှိ အိုမင်းရင့်ရော်ဖို့။ သေဆုံးဖို့ အသက်ငင်နေတဲ့တစ်နေ့ငါဒီဘဝကိုတော့ ငါနားလည်သလောက်အကောင်းဆုံး အသက်ရှင်ခဲ့တယ်ဖြစ်ဖို့ နေ့စဉ်ကိုတော့ အကောင်းဆုံးအကောင်းဆုံးနေထိုင်ဖို့လိုတယ်ဆိုတဲ့စိတ်နဲ့ဘဝကို optimize လုပ်နေမိတယ်။ Phyo Paing @ Derek

အကောင်းဆုံး အသက်ရှင်ခဲ့တယ်ဖြစ်ဖို့
နေ့စဉ်ကိုတော့ အကောင်းဆုံး
အကောင်းဆုံးနေထိုင်ဖို့လိုတယ်
Read More »

ထာဝရ တိုင်ပတ်သူတွေကိုကူညီချင်ရင်
စည်းလေးထား ပြီးကူညီပေး။

ထာဝရ တိုင်ပတ်နေတဲ့သူ၊ထာဝရ တိုင်ပတ်နေတဲ့ မိသားစု၊ထာဝရ တိုင်ပတ်နေတဲ့နေရာ၊ထာဝရ တိုင်ပတ်နေတဲ့ နိုင်ငံတော်။ ထာဝရ တိုင်ပတ်နေတဲ့သူတွေရှိတယ်။ မပြင်ချင်တဲ့သူကို ကူပြင်ပေးလို့မလွယ်ဘူး။ ထာဝရ တိုင်ပတ်သူတွေကိုကူညီချင်ရင်စည်းလေးထား ပြီးကူညီပေး။ မဟုတ်ရင် တိုင်ပတ်မှုကကိုယ့်ကိုပါ ကူးလာနိုင်တယ်။ တိုင်ပတ်မှုထဲက ရုန်းထွက်ဖို့ ၁။ အတွေးအခေါ်ပြောင်း၂။ အကြံအစည်ပြောင်း၃။ လုပ်ဆောင်မှုပြောင်း။ အများစုက ကိုယ့်အထင်အမြင်တိုင်း၊ အတွေးအခေါ်တိုင်းကို အမှန်လို့ထင်တဲ့အခါပြင်ဖို့ခက်တယ်။ Phyo Paing @ Derek

ထာဝရ တိုင်ပတ်သူတွေကိုကူညီချင်ရင်
စည်းလေးထား ပြီးကူညီပေး။
Read More »

expired date တွေရှိတယ်။

လောကကြီးကပေးထားတဲ့လက်ဆောင်တွေမှာ expired date တွေရှိတယ်။ ကံကောင်းတာဖြစ်ဖြစ်၊ ကံဆိုးတာဖြစ်ဖြစ်ရထားတဲ့လက်ဆောင်ကို အကောင်းဆုံးအသုံးချမနက်ဖြန်ဆက်ရန်လက်ကျန်တွေရှိနေဖို့ ဘဝက ခက်ခဲမနေမှာ။ Phyo Paing @ Derek

expired date တွေရှိတယ်။ Read More »

တန်ဖိုးတစ်ခုရှိဖို့
အသုံးဝင်ရမယ်။

တစ်ခုတည်းက တခြားသူတွေလိုက်မမှီအောင်အကောင်းဆုံးလုပ်။ အဲ့တစ်ခုကကိုယ့်ကိုတန်ဖိုးတစ်ခုရှိစေရမယ်။ တန်ဖိုးတစ်ခုရှိဖို့အသုံးဝင်ရမယ်။ လူတွေ ပြဿနာဖြေရှင်းပေးနိုင်ရင်၊ လူတွေကို ပျော်စေရင်ဒါက အသုံးဝင်တာပဲ။ Phyo Paing @ Derek

တန်ဖိုးတစ်ခုရှိဖို့
အသုံးဝင်ရမယ်။
Read More »

ဘဝဆိုတာ ခဏပါ။

ဘဝမှာ အင်ဘာယာမတည်ဆောက်ချင်ဘူး။ လွတ်လပ်တဲ့ စူပါပါဝါရှိတဲ့ ကိုယ်ကြိုက်ရာကိုယ်လုပ်တဲ့သူပဲဖြစ်ချင်မိတယ်။ ဘဝမှာ လူကောင်းတစ်ယောက်အဖြစ်ဘယ်လိုနေမလဲ။ ကောင်းမွန်တဲ့ဘဝတစ်ခုဘယ်လိုဖြစ်သန်းမလဲ။ သေခြင်းတရားကို တည်တည်ငြိမ်ငြိမ်ဘယ်လိုရင်ဆိုင်မလဲ။ အရာရာကို အိန္ဒြေရရ ဘယ်လိုထားခဲ့မလဲ။ ဒီမေးခွန်းတွေအတွက် ကိုယ်ပိုင်အဖြေတွေနဲ့ဘဝကို လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်းနဲ့ကြိုက်ရာလုပ် လူတွေအတွက်အသုံးဝင်ဝင်နဲ့ပဲဖြတ်သန်းချင်တယ်။ ဘဝဆိုတာ ခဏပါ။ Phyo Paing @ Derek

ဘဝဆိုတာ ခဏပါ။ Read More »

လစာတစ်ခုတည်းကိုပဲ အားကိုးနေတာဟာ အခန်းတစ်ခန်းလုံးကို မီးအိမ်တစ်လုံးတည်းနဲ့ လင်းအောင်ထားသလိုပါပဲ။

မီးသီးကျွမ်းသွားတာနဲ့ အခန်းတစ်ခုလုံး မှောင်မိုက်သွားသလို၊ အလုပ်ပြုတ်သွားတာ ဒါမှမဟုတ် လုပ်ငန်းရပ်သွားတဲ့အခါ ဝင်ငွေတစ်ခုတည်းရှိသူတွေအတွက် အန္တရာယ်အရမ်းများပါတယ်။ အခုခေတ်မှာ ဝင်ငွေလမ်းကြောင်းများများ တည်ဆောက်တာဟာ ချမ်းသာဖို့သက်သက် မဟုတ်တော့ဘဲ ဘဝလုံခြုံမှုအတွက် ဖြစ်လာပါပြီ။ သန်းကြွယ်သူဌေးတွေကို လေ့လာကြည့်ရင်တောင် သူတို့မှာ ပျမ်းမျှအားဖြင့် ဝင်ငွေလမ်းကြောင်း (၇) ခုလောက် ရှိတတ်ကြပါတယ်။ ဒီဗီဒီယိုလေးမှာတော့ အရင်းအနှီးသိပ်မလိုဘဲ Skill နဲ့ အချိန်လေးပေးရုံနဲ့ အခုချက်ချင်း စတင်လို့ရမယ့် ဝင်ငွေလမ်းကြောင်း (၁၂) သွယ် ကို အသေးစိတ် မျှဝေပေးထားပါတယ်။ ✅ Freelancing စာရေးခြင်း၊ ဗီဒီယိုတည်းဖြတ်ခြင်း၊ ဘာသာပြန်ခြင်း စသည့် Skill များကို Upwork, Fiverr စသည်တို့တွင် ရောင်းချခြင်း။ ✅ Content Creation YouTube ကဲ့သို့သော Channel များမှတစ်ဆင့်

လစာတစ်ခုတည်းကိုပဲ အားကိုးနေတာဟာ အခန်းတစ်ခန်းလုံးကို မီးအိမ်တစ်လုံးတည်းနဲ့ လင်းအောင်ထားသလိုပါပဲ။ Read More »

စမ်းကြည့်၊ ထုတ်ကြည့်၊
တိုင်းတာကြည့်၊ ပြင်ကြည့်။

နေ့စဉ်တိုးတက်ချင်ရင်စာတွေနဲ့မရဘူး။ငါတွေ့လိုတယ်။ ငါတွေ့ရဖို့ စမ်းကြည့်ဖို့လိုတယ်။ စမ်းကြည့်တဲ့အခါမအောင်မြင်မှု၊ အလုပ်မဖြစ်မှုတွေရှိမယ်။တွေ့ရှိမှု discoveries တွေရှိမယ်။ မားကတ်တင်းစာအုပ်ဖတ်ရုံနဲ့ မားကတ်တင်းကျွမ်းကျင်လာမှာမဟုတ်ဘူး။Content တွေဖန်တီးကြည့်။ Copy တွေရေးကြည့်။ Ads တွေကြော်ငြာတွေ run ကြည့်။Campaign တွေဖန်တီး။ သင်ယူ။ ဒီလိုပဲသွားရမှာ။ Entrepreneurship စာအုပ်တွေဖတ်နေရုံနဲ့လဲအောင်မြင်ငွေရ သုံးသူရှိတဲ့ကုန်ပစ္စည်းတွေ စျေးကွက်ထဲမိတ်ဆက်နိုင်မှာမဟုတ်ဘူး။ စမ်းကြည့်၊ ထုတ်ကြည့်၊ တိုင်းတာကြည့်၊ ပြင်ကြည့်။ စာတွေ့နဲ့ မရ။ငါတွေ့လိုတယ်။ လူရှေ့သူရှေ့စကားပြောခြင်း၊ စျေးရောင်းခြင်း။ အတူတူပါပဲ။ Phyo Paing @ Derek

စမ်းကြည့်၊ ထုတ်ကြည့်၊
တိုင်းတာကြည့်၊ ပြင်ကြည့်။
Read More »

move on လုပ်နိုင်မှ
ပိုကောင်းတဲ့ဘဝတည်ဆောက်နိုင်မှာ။

လွတ်မြောက်ဖို့ လွတ်ချဖို့လိုတယ်။ အလုပ်မဖြစ်တော့တာ၊ ကိုယ့်အတွက် အကျိုးမရှိတော့တာ၊ အနာဂတ်အတွက် အရေးမပါတော့တာကို တာ့တာပြ move on လုပ်နိုင်မှပိုကောင်းတဲ့ဘဝတည်ဆောက်နိုင်မှာ။ Phyo Paing @ Derek

move on လုပ်နိုင်မှ
ပိုကောင်းတဲ့ဘဝတည်ဆောက်နိုင်မှာ။
Read More »

ကိုယ့်အတွက်
အရေးပါတာကို အရာပေးဖို့လိုတယ်။

လူဆိုတာ အကန့်အသတ်ရှိတယ်။ အချိန်၊ စွမ်းအင်၊ အာရုံ။ ဒါကြောင့် ကိုယ့်အချိန်၊ စွမ်းအင်၊ အာရုံကို ဘယ်မှာပဲသုံးမယ်ဆိုတာ ကပ်စေးနဲဖို့လိုတဘ်။ ဒါမှပဲ ကိုယ်တည်ဆောက်ချင်တဲ့ကြီးကျယ်ခမ်းနာတဲ့အရာတွေတည်ဆောက်လို့ရမှာ။ အုတ်ရောရောကျောက်ရောရောဘဝကကျော်လွှားချင်ရင်အချိန်၊ စွမ်းအင်၊ အာရုံကို ချွေတာပြီး ကိုယ့်အတွက်အရေးပါတာကို အရာပေးဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်အတွက်
အရေးပါတာကို အရာပေးဖို့လိုတယ်။
Read More »