လူတစ်ယောက်ဟာ
အတွေးအခေါ် အဆိပ်ခပ်ခံရရင်
ပြေဖို့ အတော်ခက်တယ်။
အာရုံထွေပြားအောင်သတင်းတုတွေနဲ့လုပ်တယ်။တစ်ခုတည်းပေါ်အာရုံမစိုက်နိုင်အောင် အပျော်အပါးတွေနဲ့ ဖြားယောင်းတယ်။ သမာဓိမရှိစူးစိုက်မှုတွေ ပျောက်အောင်ဒေါသတွေ နဲ့ နှိုးဆွတယ်။ တစ်ကမ္ဘာလုံးမှာဖြစ်နေတာ။ တန်ဖိုးရှိတဲ့သူတစ်ယောက်ဖြစ်ဖို့ ကိုယ့်ဘဝကိုယ်တာဝန်ယူနိုင်စွမ်းလိုတယ်။ ကိုယ့်မိသားစု ကိုယ်တာဝန်ယူနိုင်စွမ်းလိုတယ်။ ဒီနေ့လို လောကကြီးမှာ အကြည်ဓာတ်ပျောက်ဖို့လွယ်တယ်။အာရုံတွေထွေပြားဝေဝါးဖို့လွယ်တယ်။အာရုံစူးစိုက်အလုပ် လုပ်နိုင်ဖို့ ခက်တယ်။လက်လျော့လိုက်ဖို့လွယ်တယ်။အချိန်ဆွဲဖို့လွယ်တယ်။စည်းကမ်းရှိပြီး အခြေအနေဘယ်လိုဖြစ်နေပါစေနည်းလမ်းရှာပြီး စည်းကမ်းရှိရှိ ဆက်သွားဖို့ခက်တယ်။ အများဆုံးနေတဲ့နေရာကcomment ထဲက အပုပ်နံ့ပြင်းတဲ့နေရာမဖြစ်ဖို့လိုနိုင်တယ်။ ဒီနေ့ခေတ် ၁၀၀ ဘီလီယံဆဲလ်ရှိတဲ့ဦးနှောက်ကို မသုံးတတ်ရင်ပိုခက်မယ်။ အတွေးသိမ်၊ အမြင်သိမ်၊ မေးခွန်းမေးတာမှား၊ အယူအဆမှား၊ ယုံကြည်မှုမှား၊ အားကျစရာကို ဟားတိုက်၊ အားနေအပြစ်ပြော၊ အနာလို တိုက်ခိုက်နဲ့ကောင်းမွန်တဲ့ ဘဝ၊တန်ဖိုးရှိတဲ့ သူတစ်ယောက်အဖြစ်ဘဝတည်ဆောက်ဖို့ မလွယ်နိုင်ဘူး။ ဗုဒ္ဓအဆုံးအမ၊ ဆရာသမားတွေ ရဲ့အဆုံးအမ၊ပျက်စီးယိုယွင်းနေနဲ့ ပတ်ဝန်းကျင်မှာပတ်ဝန်းကျင်ထက်ပိုကြီးအောင်စဥ်းစားနိုင်ဖို့ အားဖြစ်စေတဲ့ အိုင်ဒီယာတွေ၊ ပညာရှင်တွေ၊ လူတော်တွေ၊ တန်ဖိုးရှိတဲ့သူတွေကို ကျေးဇူးတင်မိတယ်။ လူတစ်ယောက်ဟာအတွေးအခေါ် အဆိပ်ခပ်ခံရရင်ပြေဖို့ အတော်ခက်တယ်။ Phyo Paing
လူတစ်ယောက်ဟာ
အတွေးအခေါ် အဆိပ်ခပ်ခံရရင်
ပြေဖို့ အတော်ခက်တယ်။ Read More »
