personal development

တိုးတက်မှုစက်ဝန်း

သူများအတွက်တော့ မသိဘူး။ဒါလေးကတော့ ကျွန်တော့်အတွက်တိုးတက်မှုစက်ဝန်း။ ၁။ Struggle ရုန်းကန်မှု ဘဝမှာ ရုန်းကန်မှုတွေရှိမယ်။ ဒါကတော့ သဘာဝပဲ။ ကိုယ်ရည်မှန်းချက်တွေကလက်ရှိရှိနေတဲ့ အခြေအနေထက်ကြီးလေလေရုန်းကန်မှုရှိလေလေပဲ။ ဒါကတော့ ကောင်းတဲ့အချက်တစ်ခုလဲဖြစ်နိုင်တယ်။ပိုနေမြဲ ကျားနေမြဲ မနေချင်တာ၊ပြင်းပြတဲ့စိတ်ဆန္ဒရှိတာကောင်းတဲ့အချက်ဖြစ်တယ်။ ၂။ Search ရှာဖွေခြင်း လိုချင်တာတစ်ခုရဖို့ ဆုတောင်းတာအပြင်ရှာဖွေလို့ရတယ်။ မရှာရင် မတွေ့။ ရှာသောသူတွေ့တယ်။ ရုန်ကန်မှုတွေ ကျော်လွှားဖို့ အဖြေရှာ။အိုင်ဒီယာသစ်တွေ၊ လူတွေ၊ မသိသေးတဲ့ သတင်းအချက်အလက်တွေ၊ကျွမ်းကျင်သူတွေဆီက အဖြေရှာလို့ရတယ်။ ၃။ Solution ရှာတွေ့ခြင်း အဖြေရှာဖွေတွေ့ရှိတဲ့အခါစမ်းသပ်မယ်။ အဆင်ပြေရင် ဒါကိုဇွဲ၊ စဥ်ဆက်မပြတ်သင်ယူလေ့လာမှု၊အသုံးချမှုနဲ့ ဆက်သွယ်ရင်ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေကိုယ်သတ်မှတ်ထားတဲ့ အောင်မြင်မှုတွေရလာနိုင်မယ်။ 4. Success အောင်မြင်မှု တစ်တောင်ထက် တစ်တောင်ပိုမြင့်တယ်။ လူတိုင်းမှာ ငယ်ဘဝအိမ်မက်တွေရှိတယ်။ ဖြစ်ချင်ပြီးမဖြစ်သေးတဲ့အရာတွေရှိတယ်။ ဒါတွေ တစ်ခုချင်းအကောင်အထည်ဖော်နိုင်သလိုသံသရာထဲကထွက်ဖို့လဲ ရုန်းကန်မှု၊ ကိုယ်နဲ့အကိုက်ညီဆုံးဖြစ်တဲ့အဖြေရှာမှု၊အံဝင်ဂွင်ကျဖြစ်တဲ့အဖြေတွေ့မှုကတဆင့်လိုရာခရီးရောက်တဲ့ အောင်မြင်မှုဖြစ်လာနိုင်မယ်။ Phyo […]

တိုးတက်မှုစက်ဝန်း Read More »

Mastery အဆင့်ရောက်လေ
ပိုပျော်လေ ဖြစ်လာလိမ့်မယ်။

ဘဝနေပျော်ချင်ရင် Magic လိုတယ်။ ကိုယ်ကျွမ်းကျင်တဲ့အရာတစ်ခုကိုထုတ်ဖော်ပြသလိုက်တဲ့အခါWow ခနဲဖြစ်သွားတဲ့အခါခံစားချက်က ဘာနဲ့မှမလဲနိုင်ဘူး။ ဒီ Magic ကို အသံကောင်းသူတွေကို အသံနဲ့ ဖော်ပြကြတယ်။အနုပညာရှင်တွေက အနုပညာဖန်တီးမှုနဲ့ဖော်ပြကြတယ်။စကားပြောကောင်းသူတွေက အဟောအပြောနဲ့ ဖော်ပြတယ်။ ကိုယ့်ရဲ့ Magic က ဘာလဲသိဖို့လိုပြီးဒီ Magic ကို သေချာပြုစုပျိုးထောင်ဖန်တီး craft လုပ်ဖို့လိုတယ်။ တချိန် တစ်ဖက်ကမ်းခပ်ကျွမ်းကျင်သွားတဲ့Mastery အဆင့်ရောက်လေပိုပျော်လေ ဖြစ်လာလိမ့်မယ်။ Phyo Paing @ Derek

Mastery အဆင့်ရောက်လေ
ပိုပျော်လေ ဖြစ်လာလိမ့်မယ်။
Read More »

ကိုယ့်အတွက်ကိုယ် အချိန်ပေးပါ။

လေ့ကျင့်ခန်းလုပ်ဖို့ မိနစ် ၃၀၊တရားထိုင် ရေချိုး ၃၀ မိနစ်ဂျာနယ်ရေး၊ ကိုယ့်အသက်မွေးဝမ်းကြောင်းအတွက်လေ့လာ ၁ နာရီ။ တစ်ရက်ကို ကိုယ့်အတွက်၂ နာရီ ပေးမယ်ဆိုကျန်တဲ့ ၂၂ နာရီက အလုပ်၊ အိမ်၊ အစား၊ အပျော်လုပ်လို့ရနိုင်တယ်။ သူများအတွက်ပဲ ဖြစ်နေတဲ့ဘဝမှာ ကိုယ့်အတွက်ကိုယ် အချိန်ပေးပါ။ Phyo Paing @ Derek

ကိုယ့်အတွက်ကိုယ် အချိန်ပေးပါ။ Read More »

နေ့စဥ် ကိုယ့်ဦးနှောက်ကို
လေ့ကျင့်နေဖို့လိုတယ်။

ဒါသိပြီးသားဖြစ်မှာပါ။ ဦးနှောက်က ခန္ဓာကိုယ်ရဲ့ ၂ ရာခိုင်နှုန်းပဲရှိတယ်ခန္ဓာကိုယ်တစ်ခုလုံးရဲ့ စွမ်းအင် ၂၀ ရာခိုင်နှုန်းကို သုံးတယ်။ ဒါတောင် နားနေတဲ့အချိန်မှာ။ လူတွေမှာ ပိုင်ဆိုင်ထားတဲ့အရာတစ်ခုက“အချိန်” ပဲ။ ငွေဆိုတာ ကံကောင်းရင်မြန်မြန် ပြန်ရှာရလွယ်တယ်။ ဘာသာစကား၊ နည်းပညာ၊ အရသာရှိတဲ့ ဥာဏစွမ်းအားလှုံ့ဆောင်စေတဲ့အဆင့်မြင့်အာရုံခံစာပေ၊ အတွေးအခေါ်ကို ရသာရုံခံနိုင်စွမ်း တွေကို ခံစား အသုံးချနိုင်ဖို့ နေ့စဥ် ကိုယ့်ဦးနှောက်ကို လေ့ကျင့်နေဖို့လိုတယ်။ ကိုယ့်ဘဝမှာ ဘယ်တော့မှ နောင်တမရတဲ့ အရာတစ်ခုကတစ်ရက်တာကို ဘယ်တော့မှဖြစ်သလို မဖြတ်သန်းခဲ့တာလဲဖြစ်နိုင်တာပဲ။ Phyo Paing @ Derek

နေ့စဥ် ကိုယ့်ဦးနှောက်ကို
လေ့ကျင့်နေဖို့လိုတယ်။
Read More »

ကိုယ်နဲ့ မထိုက်တန်ရင်
ဘယ်အရာမှ ကြာကြာမခံတတ်ဘူး။

အခွင့်အလမ်းပေးလဲအရည်အချင်းရှိမနေရင်ဖမ်းယူလို့မရဘူး။ကိုယ်နဲ့ မထိုက်တန်ရင် ဘယ်အရာမှ ကြာကြာမခံတတ်ဘူး။နေ့တိုင်း အခွင့်အလမ်းလာရင်ဖမ်းယူနိုင်တဲ့ထိုက်တန်တဲ့ ကျွမ်းကျင်မှုရှိဖို့သင်ယူ လေ့ကျင့်ချိန်တစ်ခုတော့ ပေးဖို့လိုနိုင်တယ်။ Phyo Paing @ Derek

ကိုယ်နဲ့ မထိုက်တန်ရင်
ဘယ်အရာမှ ကြာကြာမခံတတ်ဘူး။
Read More »

ရုံးပိတ်ရက်ရောက်ရင်ပျော်လိုက်မယ်

ပျော်ရွင်မှုကို အနာဂတ်မှာမရှာနဲ့။ငါတခြား အလုပ်လုပ်ရင်၊တခြားနိုင်ငံရောက်ရင်၊ရုံးပိတ်ရက်ရောက်ရင်ပျော်လိုက်မယ်။ ပျော်ရွင်မှုက အဲ့လိုမလုပ်ဘူး။​ ကြည်နူးမှုရချင်ရင်ဖြစ်ခဲ့တဲ့ အတိတ်မှတ်ဥာဏ်တွေကိုခဏခဏ တူးဆွခံစား။ပျော်ရွင်မှုရချင်ရင်ပစ္စုပ္ပာန်မှာ ကိုယ့်ရဲ့နှာသီးဖျားကဝင်လေထွက်လေကို သတိလေးကပ်ကြည့်။လုပ်နေတဲ့အလုပ်တွေကို သတိလေးကပ်ကြည့်။ငြိမ်းချမ်းမှု၊ ပျော်ရွင်မှုကိုတွေ့လိမ့်မယ်။ရင်ခုန်ချင်ရင် အနာဂတ်ရဲ့အိမ်မက်တွေကို စဥ်းစားကြည့်။ လက်ရှိနဲ့ အနာဂတ်နှိုင်းယှဥ်ရင်စိတ်ညစ်မှုကိုပဲရမယ်။ကိုယ်အကောင်းဆုံး ဖြစ်သင့်တာနဲ့ဖြစ်နေတာနဲ့ကို နှိုင်းယှဥ်ပြီးကိုယ့်ကိုယ်ကိုယ် မပြစ်မတင်နဲ့။အဆိုးဆုံးဖြစ်နိုင်တာနဲ့လက်ရှိကိုယ်လုပ်ခဲ့တာနဲ့ကိုနှိုင်းယှဥ်ကြည့်။မဆိုးဘူးဆို ဒါ အိုကေပြီ။ Phyo Paing @ Derek

ရုံးပိတ်ရက်ရောက်ရင်ပျော်လိုက်မယ် Read More »

ပျော်ပျော်နေချင်ရင်

ပျော်ပျော်နေချင်ရင်လူတွေရဲ့ အထင်အမြင်ကို သိပ်ဂရုစိုက်ပြီးခံစားမနေနဲ့။လောကကြီး ကိုယ်ဖြစ်စေချင်သလိုမဖြစ်တဲ့ အတွက် စိတ်မညစ်နဲ့။သူ့မှာ ပိုကောင်းတဲ့ ပလန်ရှိနိုင်တယ်။အရာရာပိုကောင်းဖို့ ဖြစ်လာတာလဲဖြစ်နိုင်တာပဲ။ Phyo Paing @ Derek

ပျော်ပျော်နေချင်ရင် Read More »

နေသလို ဖြစ်တဲ့ဘဝမှာဖြစ်သလိုနေတာ အချိန်တစ်ခုထိပဲကောင်းတယ်

အာဖရိက ချမ်းသာတဲ့လယ်သမား အလီလိုပဲ။အာဖရိက စိန်တွင်းတွေအကြောင်းကြားပြီးရင်ခုန်လွန်းလို့ မအိပ်နိုင် မစားနိုင်အိမ်ကို ရောင်းပြီး စိန်သွားတူးတယ်။ သူ့အိမ်ဝယ်လိုက်တဲ့သူကတနေ့ မထင်မှတ်ပဲလက်လက်လက်လက်တွေတွေ့တော့မြေတူးကြည့်တယ်။အိမ်အောက်မှာစိန်တွင်းကြီးတွေ့တယ်။ ဘဝမှာလဲ အလားတူပဲတခြားသူတွေရဲ့ ပုံပြင်တွေကြားမှာမျောနေပြီးကိုယ့်ရဲ့ အစွမ်းအစတွေကိုတူးဖော်ထုတ်ယူဖို့ မေ့နေတတ်တယ်။ နေသလို ဖြစ်တဲ့ဘဝမှာဖြစ်သလိုနေတာ အချိန်တစ်ခုထိပဲကောင်းတယ်။ Phyo Paing @ Derek

နေသလို ဖြစ်တဲ့ဘဝမှာဖြစ်သလိုနေတာ အချိန်တစ်ခုထိပဲကောင်းတယ် Read More »

ဒီသုံးခုကို ပေါင်းစပ်ကြည့်ပါ

Work Hard မလုပ်ခင်Work Smart လုပ်Work Smart မလုပ်ခင်Work Wise. ရှင်းပြပါရစေ။ Work Hard ဆိုတာအလုပ်ကြိုးစားတာ။ Work Smart ဆိုတာရလဒ်ရဖို့ ဘယ်အရာက အရေးကြီးလဲဆိုတာသိပြီးအရေးကြီးတာကို အဓိကလုပ်တာ။ Work Wise ဆိုတာဘယ်အရာက ဒီနေ့နဲ့ အနာဂတ်အတွက်ကိုယ့်စိတ်ချမ်းသာဖို့အရေးပါသလဲ ကြည့်ပြီးအရေးမပါတာကို အရာမပေးပဲအရေးပါတာကိုပဲ အရာပေးတာ။ ဒါကြောင့် Work Wise, Work Smart,Work Hard ဒီသုံးခုကို ပေါင်းစပ်ကြည့်ပါအားတီ၊ အားမေတို့။ Phyo Paing @ Derek

ဒီသုံးခုကို ပေါင်းစပ်ကြည့်ပါ Read More »

ပညာပိုင်းဆိုင်ရာ အတွက်
ကိုယ့်အတွက်တော့ အသက်ပဲ။

ကိုယ်လုပ်တဲ့အလုပ်မှာ အစားထိုးလို့မရတဲ့သူဖြစ်အောင် နေ့တိုင်းလုပ်တယ်။ ကိုယ်ဖြေရှင်းနေတဲ့ပြဿနာမှာ ကိုယ်က အတော်ဆုံးဖြစ်ရမယ်။ အထူးချွန်ဆုံးဖြစ်ရမယ်။အဲ့လို စိတ်ပဲထားတယ်။ အဲ့နေရာမှာတော့ ပြိုင်ဆိုင်မှုပြင်းတယ်။ Competitive ဖြစ်တယ်။ ကျန်တဲ့ ဂုဏ်ရှိန်ဝါထက်ပညာပိုင်းဆိုင်ရာ အတွက်ကိုယ့်အတွက်တော့ အသက်ပဲ။ Phyo Paing @ Derek

ပညာပိုင်းဆိုင်ရာ အတွက်
ကိုယ့်အတွက်တော့ အသက်ပဲ။
Read More »