personal development

စည်းကမ်းရှိဖို့လိုတယ်။

တခြားသူတွေကို ကျ ပြင်ပေးချင်တယ်။ကိုယ့်ကိုယ်ကိုယ်ကျ မပြင်နိုင်ဘူး။ဒီလိုဘဝ ကျော်ဖို့ကိုယ့်ကိုယ်ကိုယ်အတွက်စည်းကမ်းရှိဖို့လိုတယ်။ Phyo Paing @ Derek

စည်းကမ်းရှိဖို့လိုတယ်။ Read More »

အရေးမပါတာကို အရာမပေးဖို့

မနက်ထလာလို့ မှန်ထဲကြည့်ရင်ကိုယ်တည်ဆောက်ဖန်တီးလာတဲ့ဂုဏ်အယူဆုံးသူကို တွေ့ရဖို့အရေးမပါတာကို အရာမပေးဖို့စိတ်ဓာတ်ရေးရာ နေ့စဉ်လေ့ကျင့်ဖို့လိုနိုင်တယ်။ Phyo Paing @ Derek

အရေးမပါတာကို အရာမပေးဖို့ Read More »

ပျော်တဲ့အရာတွေကိုနေ့တိုင်း လုပ်နိုင်လာမယ်

လုပ်နေတဲ့အရာတွေကိုပျော်အောင်အရင်လေ့ကျင့်၊ဒါမှနောက်ပိုင်းပျော်တဲ့အရာတွေကိုနေ့တိုင်း လုပ်နိုင်လာမယ်။ Gym စသွားတဲ့အချိန်တိုင်းပင်ပန်းလို့ မပျော်ဘူး။စာစဖတ်တိုင်း ခေါင်းပူလို့မပျော်ဘူး။ ဘဝက အဲ့လိုပဲ။ပျော်တဲ့အရာတွေ လုပ်ခွင့်မရခင်၊လုပ်တဲ့အရာတွေကို အရင်ပျော်အောင်လုပ်။ Phyo Paing @ Derek

ပျော်တဲ့အရာတွေကိုနေ့တိုင်း လုပ်နိုင်လာမယ် Read More »

အပေါ်ယံဆန်တဲ့ စကားဝိုင်းတွေ

အပေါ်ယံဆန်တဲ့ စကားဝိုင်းတွေနဲ့အချိန်ကုန်ရတာဟာအချိန်ဖြုန်းတာပဲ။ Relationship တစ်ခုရဲ့ အတိမ်အနက်ကလဲဒီ စကားပြောဆိုမှု conversation တွေကလာတယ်။အလုပ်၊ အချစ်၊ ဘဝPersonal, Professional နဲ့Business relationship တိုင်းအဲ့လိုပဲ။​ တချို့ သူငယ်ချင်းတွေ အရမ်းခင်တယ်။ရင်ဘတ်ချင်းမနီးတော့ဘူး။သမီးရည်းစား လင်မယားဖြစ်ပြီးဘဝက အထီးကျန်ဆန်နေတယ်။​လုပ်ငန်းတူတူလုပ်တဲ့သူချင်းစဥ်းစားတဲ့ အတိမ်အနက်မတူဘူး။​ဒါမျိုး relationship တိုင်းမှာ ဖြစ်တတ်တယ်။ ဒါကြောင့် အပေါ်ယံတွေရှောင်ပြီးအဓိပ္ပာယ်ရှိ deep ဖြစ်တဲ့ စကားတွေပြောနိုင်တဲ့သူတွေနဲ့ တွေ့ဆုံကြုံကြိုက် ဘဝကိုဖြတ်သန်းမှအဓိပ္ပာယ်ရှိမှာ။ Phyo Paing @ Derek

အပေါ်ယံဆန်တဲ့ စကားဝိုင်းတွေ Read More »

ရုန်းကန်ရမည့် ဘဝကမတက်လာတာ Flow မမိလို့

ရုန်းကန်ရမည့် ဘဝကမတက်လာတာ Flow မမိလို့။ပြိုင်တိုင်း မနိုင်ဘူး။နိုင်လဲ မမြဲဘူး။မပြိုင်ပဲနိုင်အောင်လုပ်ဖို့ နည်းလိုတယ်။ဒါကတော့ Flow ပဲ။ ရုန်ကန်ရတယ်၊​ရေဆန်တက်ရတယ်ဆိုတာရေစီးကြောင်းနဲ့ သွားနေတဲ့လမ်းကြောင်းအတွေး၊ အကြံ၊ အလုပ်တစ်သားတည်းမကျလို့။ တစ်သားတည်းမကျရင်ငွေရှိကောင်းရှိမယ်​ ဒါပေမယ့်မနက်နိုးလာပြီး ဘာလုပ်ရမယ်မသိသူအများကြီး။ Phyo Paing @ Derek

ရုန်းကန်ရမည့် ဘဝကမတက်လာတာ Flow မမိလို့ Read More »

လုပ်ငန်းလုပ်တယ်ဆိုတာ

ပိုက်ဆံပဲ ရပြီးအနာဂတ် ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ကျွမ်းကျင်မှု၊ အရည်အချင်းမတိုးတက်စေတာ အချိန်ကိုအလဟသဖြုန်းတာပဲ။​ နေ့တိုင်း လုပ်တဲ့အလုပ်ကကိုယ်သွားနေတဲ့ အနာဂတ်အမြင်ကိုအကောင်အထည်ဖော်ဖို့အထောက်အကူပြုရမယ်။ ဘဝမှာ အကြီးမားဆုံးတည်ဆောက်ဂုဏ်ယူရတာ ကိုယ့်ရဲ့လုပ်ငန်းမဟုတ်ဘူး။ကိုယ့်ကိုယ်ကိုပဲ။​လုပ်ငန်းလုပ်တယ်ဆိုတာကိုယ်ဖြစ်ချင်တဲ့ ကိုယ်ဖြစ်လာဖို့အတွက်လှေကားထစ်တစ်ခုပဲ။​ လုပ်ငန်းလုပ်တယ်ဆိုတာကိုယ့်ကိုယ်ကို တိုးတက်ရေးလုပ်တာ။ ကိုယ့်လုပ်ငန်းကလဲကိုယ်ကြီးသလောက်ပဲ ကြီးတယ်။ Phyo Paing @ Derek

လုပ်ငန်းလုပ်တယ်ဆိုတာ Read More »

ဆွဲဆန့်ပါ

ဆွဲဆန့်ပါ။ ကိုယ်ကျွမ်းကျင်တာထက်နည်းနည်းပို ခက်တဲ့အလုပ်လုပ်ရရင်ကိုယ့်ရဲ့ အရည်အချင်းလုပ်ဆောင်နိုင်စွမ်းကို ဆွဲဆန့်ရပြီ။ဒီနေရာမှာ ဖိစီးမှု အနည်းငယ်ဖြစ်တယ်။ဒီဖိစီးမှုက ကိုယ့်ကို တိုးတက်စေတယ်။ဒီတိုးတက်မှုက ပျော်စေတယ်။​ ဒါကြောင့် လွယ်တဲ့အလုပ်တွေပဲထိုင်လုပ်မနေပါနဲ့။ကိုယ့်ကို စိန်ခေါ်တဲ့ အလုပ်တွေလဲလုပ်ကြည့်ပါ။​ ရေမကူးတတ်ပဲ ရေထဲခုန်ချတာမျိုးမဟုတ်ဘူး။ရေနက်တဲ့နေရာလေး တစ်လှမ်းချင်းသွားပြီးသွားလိုက် ပြန်ကူးလာလိုက်လေ့ကျင့်တာမျိုး။ Phyo Paing @ Derek

ဆွဲဆန့်ပါ Read More »

ပစ္စုပ္ပန်ကို အာရုံစိုက်နိုင်ရင်ငြိမ်းချမ်းမှုဆိုတာရှိတယ်

အသက်ကို ပြင်းပြင်းရှူသွင်းကြည့်။အာရုံလေးစိုက်ပြီး ပြန်ရှူထုတ်ကြည့်။ဝင်သက်ထွက်သက်တိုင်းမှာသတိလေးထားပြီး ပစ္စုပ္ပန်ကို အာရုံစိုက်နိုင်ရင်ငြိမ်းချမ်းမှုဆိုတာရှိတယ်။ တရုတ်အတွေးအခေါ်မှာ “သဟဇာတ” ကျဖို့Taoism ဆိုတာရှိတယ်။လောကမှာ အရာရာကို အဖိုနဲ့ အမYin and Yang ခွဲနှစ်ခုမျှဖို့လိုတယ်။ အသက်ရှူသွင်းတာရှိသလို၊အသက်ရှူထုတ်တာ ရှိတယ်။ဘဝမှာ အဆိုးတွေရှိသလိုအကောင်းတွေလဲ ရှိတယ်။ ဘဝကို အထာကျကျနဲ့ သဟဇာတရှိရှိဖြစ်သန်းဖို့ အတွေးအခေါ်တစ်ခုနဲ့ဘဝကို နေထိုင်ကြည့်တယ်။ ဒါကို Master Your Flow လို့နာမည်ပေးလိုက်တယ်။ သားရည်ကွင်းက ဆွဲလွန်းရင်လဲပြတ်တယ်။အလားတူပဲ​ စွမ်းဆောင်ရည်အမြင့်ဆုံးPeak Productivity သွားတဲ့အခါဇွတ်အတင်းလုပ်တဲ့အခါအရုပ်ကြိုးပြတ်သွားနိုင်တယ်။ အချစ်ရေးမှာလဲ အလားတူပဲ။ရူးသွပ်မှုကို အခြေခံရင်ကြေကွဲမှု နောက်ကလိုက်လာမယ်။ အရာရာကို ငြင်ငြင်သာသာFlow ရေစီးကြောင်းထဲ ဝင်အောင်လုပ်ဖို့လိုတယ်။ ဘဝရဲ့ ရေစီးကြောင်းကိုတွေ့တဲ့အခါရေဆန်ပြီး ရုန်းကန်နေရတာပျောက်သွားလိမ့်မယ်။အထာကျကျ ဆရာကျကျဘဝကို ထိန်းကျောင်းလာနိုင်မယ်။ သဟဇာတဖြစ်ဖြစ် ဘဝကိုတည်ဆောက်ပြီးPeak Productivity ကို ဖန်တီးဖို့၊​လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့ရုန်းကန်နေစရာမလိုဘူး။ ကိုယ့်ရဲ့ Flow

ပစ္စုပ္ပန်ကို အာရုံစိုက်နိုင်ရင်ငြိမ်းချမ်းမှုဆိုတာရှိတယ် Read More »

လူတွေ မမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲဖို့

လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့ နေ့စဥ် မပျက်မကွက်တကူးတက အချိန်ပေးလုပ်ဆောင်တဲ့လုပ်ငန်းဆောင်တာတွေရှိလား?တစ်ခု သာရှိခဲ့မယ်ဆို ဘာလေးဖြစ်နိုင်မလဲ?

လူတွေ မမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲဖို့
Read More »

ရည်မှန်းချက်ကြီးကြီးထား၊မျှော်မှန်းချက် သေးသေးထား

ရည်မှန်းချက်ကြီးကြီးထား၊မျှော်မှန်းချက် သေးသေးထား။ ရည်မှန်းချက် ကြီးကြီးထားတဲ့အခါမနက်မိုးလင်းမျက်လုံးဖွင့်တဲ့အခါရင်ခုန်စရာ ဒီနေ့အတွက်လုပ်စရာတွေနဲ့ အကောင်အထည်ဖော်စရာရည်မှန်းချက် ခပ်ကြီးကြီးတစ်ခုရှိမယ်။ မျှော်မှန်းချက် သေးသေးပဲထားတဲ့အခါတိုက်ရိုက်ထိန်းချုပ်လို့မရတဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့နည်းပညာအပြောင်းအလဲကြောင့်ဖြစ်လာတဲ့အရာတွေကြောင့်စိတ်ညစ်စရာ နည်းသွားမယ်။ Phyo Paing @ Derek drphyopaing

ရည်မှန်းချက်ကြီးကြီးထား၊မျှော်မှန်းချက် သေးသေးထား Read More »