personal development

ဆယ်နှစ် အဆ ၁၀၀။

တစ်နှစ်အတွင်း ၁၀ ဆတိုးတက်အောင်လုပ်ဖို့ အင်မတန်ခက်နိုင်တယ်။ ဆယ်နှစ်အတွင်း အဆ ၁၀၀ ကျတော့ဖြစ်နိုင်ခြေများတယ်။ ဒါကြောင့် ဆယ်နှစ်ရဲ့စွမ်းပကားကို လျော့မတွက်လိုက်နဲ့။ ဒီနေ့ထိပ်ဆုံးရောက်နေတဲ့ကုမ္ပဏီတွေကို ကြည့်လိုက်။အရင်ဆယ်နှစ်က ဘယ်အခြေအနေလဲ။ ဆယ်နှစ် အဆ ၁၀၀။ Phyo Paing @ Derek

ဆယ်နှစ် အဆ ၁၀၀။ Read More »

လူတွေအမြဲချစ်တဲ့ ဆရာဒဲရစ်ရဲ့
ဒီနေ့တွေးမိတဲ့ အတွေးတချို့

လူတွေအမြဲချစ်တဲ့ ဆရာဒဲရစ်ရဲ့ဒီနေ့တွေးမိတဲ့ အတွေးတချို့ 😆 ၁။ အရေးကြီးတာ အရင်လုပ်။ ၂။ နည်းလမ်းသိမှ စည်းကမ်းရှိမှာ။ ၃။ ဆွတ်ခူးချင်တဲ့ ရလဒ်ကောင်းထီးနန်းအတွက် စည်းကမ်းလိုတယ်။ ၄။ အတွေးတိမ်ရင် စျေးနှိမ်တာအမြဲခံရလိမ့်မယ်။ ၅။ အချိန်ဖြုန်းတာ တချိန်လောကရဲ့ကြိမ်လုံးစာ မိလိမ့်မယ်။ ၆။ ရှေးထုံးလည်း ပယ်သင့်တာပယ်။ဈေးသုံးလည်း လွယ်သင့်တာလွယ်။ ၇။ အတွေးအခေါ်ဘေးချော်ရင်အရေးပေါ်ပြင်။ ၈။ အချင်းများတာ မစဥ်းစားတတ်လို့။ ၉။ ဒင်္ဂါးက သူတပါးနင်းပြားအောက်လုပ်နေသမျှပွားများလာဖို့ မလွယ်ဘူး။ ၁၀။ လောကကို အရှင်းသားမြင်ဖို့ဦးနှောက်မှာ ရင်းထားမှရမယ်။ ၁၁။ အလုပ်တွေရှုပ်နေတာလား၊အရှုပ်တွေ လုပ်နေတာလား ပြန်ပေးရမယ်။busyness or business လို့လဲ ခေါ်တယ်။ ၁၂။ အရေးမပါတာတွေကို အရာမပေးနဲ့။ Phyo Paing @ Derek drphyopaing

လူတွေအမြဲချစ်တဲ့ ဆရာဒဲရစ်ရဲ့
ဒီနေ့တွေးမိတဲ့ အတွေးတချို့
Read More »

တစ်ရက်တစ်ရက် ကိုယ့်ကိုကိုယ်
တိုင်းတာတဲ့ metrics က

တစ်ရက်တစ်ရက် ကိုယ့်ကိုကိုယ်တိုင်းတာတဲ့ metrics က ၁။ ဒီနေ့ အသစ်လေ့လာပြီးပြီလား?၂။ ဒီနေ့ ကျန်းမာရေးတိုးတက်အောင်လုပ်လား?၃။ ဒီနေ့ဝင်ငွေရအောင်လုပ်လား?၄။ အနာဂတ်ဝင်ငွေရဖို့ လုပ်လိုက်လား?၅။ ကိုယ့်ကိုကိုယ် ပိုနားလည်လာလား?၆။ ဒီနေ့အချိန်ကို အကောင်းဆုံးအသုံးချခဲ့လား?၇။ ဒီနေ့ အိမ်ပြန်ပြီးပြီလား (စိတ်နဲ့ကိုယ်ကပ်)? Phyo Paing @ Derek

တစ်ရက်တစ်ရက် ကိုယ့်ကိုကိုယ်
တိုင်းတာတဲ့ metrics က
Read More »

ကိုယ့်ကိုကိုယ် နားလည်ချင်ရင်
တီးမိခေါက်မိတော့ရှိဖို့လိုတယ်။

လောကမှာ အခက်ဆုံးအလုပ်တစ်ခုက“ကိုယ့်ကိုကိုယ် နားလည်အောင်” လုပ်တာပဲ။ ကိုယ့်ကိုကိုယ် နားလည်အောင်“စိတ်” နဲ့ “ခန္ဓာ” ကိုလေ့လာကြတယ်။ စိတ်ကိုလေ့လာဖို့ တချို့က အဘိဓမ္မာကိုလေ့လာကြတယ်။တချို့က သိပ္ပံစိတ်ပညာကိုလေ့လာတယ်။တချို့က နှစ်ခုစလုံးကို အမြင်ကျယ်ကျယ်ထားပြီးလေ့လာတယ်။အတွေ့အကြုံရအောင် လုပ်ကြည့်တယ်။ နောက်တစ်ခုက ခန္ဓာ။ သေချာစဥ်းစားကြည့် ကိုယ်ကလူသာဖြစ်နေသာကိုယ့်ခန္ဓာကိုယ်မှာ အရိုးဘယ်နှစ်ချောင်းရှိလဲ၊ဘယ်ကြွက်သားက ဘာအလုပ်လုပ်လဲ၊ဘာအင်္ဂါတွေရှိလဲ၊တစ်မိနစ်ကို ပုံမှန် အသက်ဘယ်လောက်ရှူသလဲ၊တစ်မိနစ်နှလုံးခုန်နှုန်းဘယ်လောက်ရှိသလဲ၊ခန္ဓာကိုယ်ကြီး ဘယ်လိုလည်ပတ်နေလဲ၊သိထားဖို့လိုသလား။ ကိုယ့်ကိုကိုယ် နားလည်ချင်ရင်တီးမိခေါက်မိတော့ရှိဖို့လိုတယ်။ တကယ်တမ်းက လောကမှာကိုယ့်ကိုကိုယ်တောင် သေချာနားမလည်သေးတာ၊သူများဘဝအခြေအနေတွေကိုအပေါ်ယံအမြင်နဲ့ အကဲခတ်ဆုံးဖြတ်လောက်တဲ့ဥာဏ်ရှိဖို့ အများကြီး ကြိုးစားရအုံးမယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် နားလည်ချင်ရင်
တီးမိခေါက်မိတော့ရှိဖို့လိုတယ်။
Read More »

ကိုယ့်ဘဝရဲ့ မဟာဗျူဟာကတော့

ကိုယ့်ဘဝရဲ့ မဟာဗျူဟာကတော့”ကိုယ်စိတ်ချမ်းသာရေး” ပဲ။ဒါထက် ဘာမှ အရေးမကြီးဘူး။ ကိုယ်ဘယ်မချိန် စိတ်ချမ်းသာလဲစဉ်းစားကြည့်ရင် “တိုးတက်”နေရင်စိတ်ချမ်းသာတယ်။ကျန်းမာရေး၊ အလုပ်အကိုင်၊ ဝင်ငွေ၊စိတ်ငြိမ်းချမ်းမှု၊ ဥာဏ်ပညာ၊အသစ်တွေ စွန့်စားမှု ဒီအပိုင်းတွေတိုးတက်နေရင် စိတ်ချမ်းသာတယ်။ ဒီတော့ တိုးတက်နေဖို့ ဘာလိုလဲ။ဥာဏ်ရှိရှိနဲ့ အလုပ်လုပ်နေဖို့လိုတယ်။အလုပ်လုပ်လေလေ အင်အားပိုကြီးလေ။ဘဝရဲ့ ပြဿနာလေးတွေသေးသွားလေ။ ဥာဏ်မပါရင် ကံကြမ္မာက ရန်ရှာတဲ့အခါဒဏ်ရာတွေပဲ ကျန်နေမယ်။ ဥာဏ်ပါတဲ့ အလုပ်တွေလုပ်ရမယ်။ဒါမှ တိုးတက်မယ်။ဒါမှ စိတ်ချမ်းသာမယ်။ Phyo Paing @ Derek

ကိုယ့်ဘဝရဲ့ မဟာဗျူဟာကတော့ Read More »

ကိုယ့်ကိုကိုယ် နားလည်ချင်တော့

ကိုယ့်ကိုကိုယ် နားလည်ချင်တော့အတိတ်ကို ပြန်ကြည့်တယ်။ တရားရှာတော့ ပစ္စုပ္ပာန်ကိုကြည့်တယ်။တိုးတက်မှုကိုရှာတော့ အနာဂတ်ကို ကြည့်တယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် နားလည်ချင်တော့ Read More »

Stop, Slow down, Start

ကိုယ့်ကိုယ်ကို ဖျက်စီးနေတဲ့သူက မှန်ထဲမှာ မြင်တဲ့ ကိုယ်တိုင်ပဲ။ လူတွေက ဆန္ဒတွေရှိနေလို့ လောကီမှာ နေနေကြတာပေါ့။ ကိုယ့်ဆန္ဒ ရည်မှန်းချက်ပန်းတိုင်တွေပြည့်ဖို့၁။ ဘယ်အရာတွေက ရပ်တန်းကရပ်ရမယ်။Stop လုပ်ရမည့်အရာတွေကို သိရမယ်။ ၂။ ဘယ်အရာတွေကို လျော့ရမယ်။ Slow down လုပ်ရမည့်အရာတွေကိုသိရမယ်။ ၃။ ဘယ်အရာတွေကို စတင်လုပ်ဆောင်ရမယ်။Start ရမည့်အရာတွေကို သိဖို့လိုတယ်။ Phyo Paing @ Derek

Stop, Slow down, Start Read More »

ဘဝမှာ အရေးအကြီးဆုံးက

မွေးကတည်းက တစ်ယောက်နဲ့တစ်ယောက်ဘဝပေးထားချက် မတူကြဘူး။ဘဝမှာ အရေးအကြီးဆုံးက”ကိုယ့်ရဲ့အကောင်းဆုံးပုံစံBest Version ဖြစ်အောင် တည်ဆောက်ဖို့ပဲ။” Phyo Paing @ Derek

ဘဝမှာ အရေးအကြီးဆုံးက Read More »

ကိုယ့်ရဲ့အကောင်းဆုံး version ကို
တည်ဆောက်ဖို့ အချိန်တန်ပြီ။

လမ်းပျောက်နေတာတွေ။ စိတ်ခဏခဏ ညစ်နေတာတွေ။တွေဝေနေတာတွေ။ ကိုယ့်ကိုကိုယ် စိတ်တိုင်းမကျတာတွေ။ အချိန်ဆွဲတတ်တာတွေ။ဒါတွေကို နှုတ်ဆက်ဖို့ အချိန်တန်ပြီ။ နောက်ပြီး ကိုယ့်ရဲ့အကောင်းဆုံး version ကိုတည်ဆောက်ဖို့ အချိန်တန်ပြီ။ လူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲဖို့ အချိန်တန်ပြီ။ ဘာတွေစလုပ်ရမလဲ?၁။ ကိုယ့်ကိုကိုယ် သေချာလေ့လာဖို့အချိန်တန်ပြီ။ Find your flow၂။ ကိုယ်ဘဝကိုယ် သေချာ ဒီဇိုင်းလုပ်ဖို့ အချိန်တန်ပြီ။ Design your destiny၃။ ဘဝကို အထာကျဖို့ စနစ်တစ်ခုထည့်ဖို့ အချိန်တန်ပြီTWR စနစ်ဆိုတာ တစ်ရက်တာကို သုံးပိုင်းခွဲပြီးမနက်ကို Train နေ့လည်ကို Work ညနေကို Recharge လုပ်တဲ့စနစ်။

ကိုယ့်ရဲ့အကောင်းဆုံး version ကို
တည်ဆောက်ဖို့ အချိန်တန်ပြီ။
Read More »