April 2026

ဒီနေ့ တစ်ခုခု စမ်းကြည့်ပါ။မနက်ဖြန် ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်လာလိမ့်မယ်။

စမ်းသပ်မှုမှ တွေ့ရှိမှုသို့ မှန်တာကို လုပ်ချင်လို့ဘာမှ မလုပ်ဘဲနေတဲ့သူ အများကြီးပဲ။ ဒါပေမယ့်မှန်တာဆိုတာစမ်းကြည့်မှ သိတာ။ ကလေးတစ်ယောက် လမ်းလျှောက်တတ်ဖို့ဘယ်နှစ်ကြိမ် လဲရသလဲ။ သူ လဲတိုင်းမှာ“ငါ လမ်းလျှောက်ဖို့ မဖြစ်နိုင်ဘူး” လို့တစ်ခါမှ မထင်ခဲ့ဘူး။ လဲတာက ရှုံးတာ မဟုတ်ဘူး။လဲတာက သင်ခန်းစာ။ စီးပွားရေးမှာလဲ အတူတူပဲ။ ပထမဆုံးအကြိမ် မှန်ဖို့ မလိုဘူး။ပထမဆုံးအကြိမ် စမ်းဖို့ပဲ လိုတယ်။ စမ်းတဲ့သူက အတွေ့အကြုံရတယ်။ထိုင်ကြည့်တဲ့သူက အထင်ပဲရတယ်။ ဘုရားရှင်ကိုယ်တိုင်တောင်နည်းလမ်းပေါင်းများစွာ စမ်းသပ်ခဲ့တယ်။ အစွန်းရောက်တဲ့ တပည့်ခံခြင်း။ဆင်းရဲဒုက္ခ ခံစားခြင်း။ အားလုံး ဖြတ်သန်းပြီးမှမဇ္ဈိမပဋိပဒါကို တွေ့ရှိခဲ့တာ။ စမ်းသပ်မှုမရှိဘဲတွေ့ရှိမှုဆိုတာ မရှိဘူး။ ဒါကြောင့် — မှားမှာ မကြောက်နဲ့။မစမ်းဘဲ နေတာကိုသာ ကြောက်ပါ။ ဒီနေ့ တစ်ခုခု စမ်းကြည့်ပါ။မနက်ဖြန် ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်လာလိမ့်မယ်။ Phyo Paing @ […]

ဒီနေ့ တစ်ခုခု စမ်းကြည့်ပါ။မနက်ဖြန် ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်လာလိမ့်မယ်။ Read More »

ဖတ်လေ သိလေ — ဒါ ပထမအဆင့်။လုပ်လေ တတ်လေ — ဒါ ဒုတိယအဆင့်။သင်ပေးလေ ကျွမ်းလေ — ဒါ တတိယအဆင့်။

တက်ကျမ်း Self-help ဖတ်တာ ရပ်ပါ။ စာအုပ် ဖတ်တာ မကောင်းဘူး မဟုတ်ဘူး။ဖတ်ပြီး ဘာမှ မလုပ်တာ မကောင်းတာ။ ကျွန်တော် ကိုယ်တိုင် တက်ကျမ်းself-help စာအုပ် ရာနဲ့ချီ ဖတ်ခဲ့တယ်။Atomic Habits ဖတ်တယ်။Think and Grow Rich ဖတ်တယ်။7 Habits ဖတ်တယ်။ ဖတ်ပြီးတိုင်း ခံစားချက်တစ်ခု ရတယ်။“အင်း — ဒီတစ်ခါတော့ ဘဝပြောင်းပြီ။” ဒါပေမယ့် ၂ ပတ်ကြာရင်နဂိုအတိုင်း ပြန်ဖြစ်နေတယ်။ ဒါ ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူး။လူအများစု ဒီလိုပဲ။ ဘာကြောင့်လဲ။ ဘာကြောင့်လဲ ဆိုတော့self-help တက်ကျမ်းဖတ်တာကဦးနှောက်ကို dopamine ဒိုပါမင်းပေးတယ်။ “ငါ တိုးတက်နေပြီ” ဆိုတဲ့ ခံစားမှု ရတယ်။ဒါပေမယ့် တကယ်တော့ ဘာမှ မပြောင်းသေးဘူး။ ဒါကို

ဖတ်လေ သိလေ — ဒါ ပထမအဆင့်။လုပ်လေ တတ်လေ — ဒါ ဒုတိယအဆင့်။သင်ပေးလေ ကျွမ်းလေ — ဒါ တတိယအဆင့်။ Read More »

တကယ်ပြောင်းတဲ့သူတွေက”ပြောင်းချင်တယ်” လို့ မပြောဘူး။တကယ်ပြောင်းတယ်။ဒါပါပဲ။

ပြောင်းချင်တာနဲ့ ပြောင်းတာ မတူဘူး။ ပြောင်းချင်တယ်ဆိုတာ ခံစားချက်။ပြောင်းတယ်ဆိုတာ ဆုံးဖြတ်ချက်။ ခံစားချက်က လာလဲလာမယ်။သွားလဲသွားမယ်။မိုးခါးရေလို ယုံလို့မရဘူး။ ဆုံးဖြတ်ချက်က မတူဘူး။ဆုံးဖြတ်ချက်ချရင်ခံစားချက်ကောင်းကောင်း မကောင်းကောင်းရှေ့ဆက်တယ်။ တကယ်ပြောင်းတဲ့သူတွေက“ပြောင်းချင်တယ်” လို့ မပြောဘူး။တကယ်ပြောင်းတယ်။ဒါပါပဲ။ Phyo Paing @ Derek

တကယ်ပြောင်းတဲ့သူတွေက”ပြောင်းချင်တယ်” လို့ မပြောဘူး။တကယ်ပြောင်းတယ်။ဒါပါပဲ။ Read More »

အချိန်နဲ့အမျှ ပြောင်းပါ။ဒါမှ ကိုယ့်ဘဝက ကိုယ့်ကို အံ့အားသင့်စေမယ်။

ကိုယ်က ကိုယ်မဟုတ်ဘူး။အဲဒါကို ကြားရင် ထိတ်လန့်စရာကြီးလို့ ထင်ရမယ်။ ဒါပေမယ့် တကယ်တော့ —ဒါဟာ လူ့ဘဝရဲ့ အလှပဆုံး အရာတစ်ခုပဲ။ ငယ်ငယ်တုန်းက ကိုယ်ယုံကြည်ခဲ့တဲ့ အရာတွေအခု ကိုယ်မယုံတော့ဘူး။ ငယ်ငယ်တုန်းက ကိုယ်ကြောက်ခဲ့တဲ့ အရာတွေအခု ကိုယ်မကြောက်တော့ဘူး။ ငယ်ငယ်တုန်းက ကိုယ်လိုချင်ခဲ့တဲ့ အရာတွေအခု ကိုယ်မလိုချင်တော့ဘူး။ ဒါက ပျက်စီးတာ မဟုတ်ဘူး။ဒါက တိုးတက်မှု Growth ဖြစ်တာပါ။ စိတ်ပညာမှာ ငါဘယ်သူလဲဆိုတဲ့အပြောင်းအလဲ “Identity Shift” လို့ ခေါ်တယ်။ ကိုယ့်ရဲ့ identity ငါဘယ်သူလဲဆိုတာကျောက်တုံးကြီးလို အမြဲတမ်းခိုင်မြဲနေတဲ့ အရာ မဟုတ်ဘူး။မြစ်ရေလို အချိန်နဲ့အမျှစီးဆင်းပြောင်းလဲနေတဲ့ process တစ်ခုပါ။ နောက်တစ်ခုကကိုယ်တွေ့တဲ့လူ၊ကိုယ်နေတဲ့နေရာ၊ကိုယ့်ခေါင်းထဲထည့်တဲ့ အိုင်ဒီယာတွေကကိုယ့်ကို ပြောင်းလဲစေတတ်တယ်။ Environment ပတ်ဝန်းကျင် ပြောင်းရင်Identity ငါဘယ်သူလဲလည်း ပြောင်းတတ်တယ်။ ပြဿနာကလူအများစုက မနေ့က ဗားရှင်း

အချိန်နဲ့အမျှ ပြောင်းပါ။ဒါမှ ကိုယ့်ဘဝက ကိုယ့်ကို အံ့အားသင့်စေမယ်။ Read More »

ငွေက ပြဿနာ မဟုတ်ဘူး။ငွေအကြောင်း မသိတာက ပြဿနာ။

ငွေက ပြဿနာ မဟုတ်ဘူး။ငွေအကြောင်း မသိတာက ပြဿနာ။ လူတော်တော်များများ ပြောတယ် —“ပိုက်ဆံ မရှိလို့ ဒုက္ခရောက်တယ်” လို့။ ဒါ တစ်ဝက်တစ်ပျက် မှန်ပါတယ်။ဒါပေမယ့် တကယ့် ပြဿနာကပိုက်ဆံ မရှိတာ မဟုတ်ဘူး။ပိုက်ဆံအကြောင်း မသိတာ။ လစာတိုးတယ်။ဒါပေမယ့် သုံးတာက ပိုတိုးတယ်။ ဝင်ငွေ တက်လာတယ်။ဒါပေမယ့် စုငွေ မတိုးဘူး။ ဒါ ဝင်ငွေပြဿနာ မဟုတ်ဘူး။ဒါ financial literacy ပြဿနာ။ Warren Buffett ပြောခဲ့တယ် — “Do not save what is left after spending,but spend what is left after saving.” သုံးပြီးမှ စုတာ မဟုတ်ဘူး။စုပြီးမှ သုံးတာ။ လူတွေ

ငွေက ပြဿနာ မဟုတ်ဘူး။ငွေအကြောင်း မသိတာက ပြဿနာ။ Read More »

အခက်အခဲတိုင်းရဲ့ တစ်ဖက်ခြမ်းမှာအခွင့်အလမ်းတွေ ရှိတယ်။

အခက်အခဲတိုင်းရဲ့ တစ်ဖက်ခြမ်းမှာအခွင့်အလမ်းတွေ ရှိတယ်။ လူတိုင်း အခက်အခဲကြုံရတယ်။ဒါ ရှောင်လို့ မရဘူး။ ဒါပေမယ့် အခက်အခဲကို ဘယ်လိုမြင်သလဲ —ဒါက ကိုယ့်ဘဝကို ဆုံးဖြတ်တယ်။ တချို့က အခက်အခဲကြုံရင်“ငါ့ဘဝက ဒီလိုပဲ” လို့ ပြောတယ်။ရပ်သွားတယ်။ လက်လျှော့တယ်။ တချို့က အခက်အခဲကြုံရင်“ဒီထဲမှာ ငါ ဘာသင်ခန်းစာရနိုင်သလဲ” လို့ မေးတယ်။ရှာတယ်။ ပြင်တယ်။ ရှေ့ဆက်တယ်။ တူတဲ့ အခြေအနေ။မတူတဲ့ အဖြေ။ ဘာကြောင့်လဲ —Perspective မတူလို့။ Psychologist Carol Dweck ရဲ့ သုတေသနအရလူတွေမှာ mindset ၂ မျိုးရှိတယ်။ Fixed mindset —“ငါ့စွမ်းရည်က ဒီလောက်ပဲ။”“ငါ မတတ်နိုင်ဘူး။”“ဒါ ငါနဲ့ မဆိုင်ဘူး။” Growth mindset —“ငါ အခုတော့ မတတ်သေးဘူး။ ဒါပေမယ့် သင်ယူနိုင်တယ်။”“ဒီအမှားက

အခက်အခဲတိုင်းရဲ့ တစ်ဖက်ခြမ်းမှာအခွင့်အလမ်းတွေ ရှိတယ်။ Read More »

ပြဿနာ ကြီးလေကိုယ့် တန်ဖိုး မြင့်လေပါပဲ။

လူတစ်ယောက်ရဲ့ တန်ဖိုးကလူတစ်စုအတွက်ပြဿနာဖြေရှင်းနိုင်စွမ်းပဲ။ ဒါကတော့ အသုံးဝင်မှုအမြင်ပေါ့။ ဥပမာ ဝန်ထမ်းခန့်ထားတယ်ဗျာ။အလုပ်ဘယ်လောက်ကြိုးစားကြိုးစားboss ပြဿနာ မဖြေရှင်းပေးနိုင်ရင်ဒါ အသုံးမဝင်ပါဘူး။ ကြိုးစားတာနဲ့ အသုံးဝင်တာ မတူပါဘူး။ ကြိုးစားတာက input ပါ။အသုံးဝင်တာက output ပါ။ boss က output ကို ကြည့်ပါတယ်။customer က output ကို ကြည့်ပါတယ်။စျေးကွက်က output ကို ကြည့်ပါတယ်။ ဒါဆို ကိုယ့်ကိုကိုယ် မေးကြည့်ပါ။ ကိုယ် ဘယ်သူ့ ပြဿနာကို ဖြေရှင်းပေးနေလဲ။ကိုယ် ဖြေရှင်းပေးနေတဲ့ ပြဿနာကဘယ်လောက် ကြီးလဲ။ ပြဿနာ ကြီးလေကိုယ့် တန်ဖိုး မြင့်လေပါပဲ။ Phyo Paing @ Derek

ပြဿနာ ကြီးလေကိုယ့် တန်ဖိုး မြင့်လေပါပဲ။ Read More »

ငွေက လမ်းပါ။အဓိပ္ပါယ်က ဦးတည်ရာပါ။

ပထမ ငွေရှာပါ။ဒုတိယမှ အဓိပ္ပါယ်ရှာပါ။ Money နဲ့ Meaning ဒီနေ့လို အခြေအနေမျိုးမှာငွေမရှိဘဲ အဓိပ္ပါယ်ရှာဖို့ ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ဝမ်းစာ မဖြည့်ရသေးတဲ့သူကစိတ်စာ ဖြည့်ဖို့ အားမရှိလို့ပါ။ ကိုယ့်မိသားစုကို ကျွေးမွေးနိုင်ဖို့ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ဖို့ငွေ လိုပါတယ်။ရှက်စရာ မဟုတ်ပါဘူး။ ဒါပေမယ့်ငွေရှာရင်းနဲ့ ရပ်မသွားဖို့ အရေးကြီးပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတယ်ငွေရှိတယ်ဒါပေမယ့် မျက်နှာမှာ ပျော်ရွှင်မှု မရှိတဲ့လူတွေ။ ငွေက ပထမအဆင့်ပါ။ဒါပေမယ့် ပထမအဆင့်မှာ တစ်သက်လုံး ရပ်နေရင်ဒုတိယအဆင့်ကို ဘယ်တော့မှ မရောက်ပါဘူး။ ဒုတိယအဆင့်က“ဒီငွေနဲ့ ငါ ဘာလုပ်မလဲ” ဆိုတဲ့ မေးခွန်းပါ။ ငွေက လမ်းပါ။အဓိပ္ပါယ်က ဦးတည်ရာပါ။ ငွေ လုံလောက်စွာ ရှိပြီးသားဆိုရင်ကိုယ် ဘာလုပ်မလဲ။ အဲ့ဒီအဖြေဒါ ကိုယ့် Meaning ပါ။ Phyo Paing @ Derek

ငွေက လမ်းပါ။အဓိပ္ပါယ်က ဦးတည်ရာပါ။ Read More »

ကိုယ့်ကိုကိုယ် အကုန်လက်ခံနိုင်တဲ့နေ့အဲ့နေ့မှ ကိုယ် တကယ် လွတ်လပ်တာပါ။

အတိတ်ကြောင့် ဖြစ်လာတဲ့အရိပ်နဲ့ချစ်ကြည်ရေးယူပါ။ ကိုယ့်ထဲမှာ ကိုယ် မကြိုက်တဲ့အပိုင်း ရှိတယ်ဒါကို ဝှက်ထားလေအဲ့ဒါက ကိုယ့်ကို ပိုချုပ်ကိုင်လေပါပဲ Carl Jung က Shadow (အရိပ်) လို့ ခေါ်ပါတယ် Shadow ဆိုတာကိုယ် ဖျောက်ထားတဲ့ ကိုယ့်အစိတ်အပိုင်းပါ။ ဒေါသကြီးတာကို ဖျောက်ထားတယ်ငြူစူတာကို ဖျောက်ထားတယ်မာနကို ဖျောက်ထားတယ်“ငါက ဒီလိုလူ မဟုတ်ဘူး” ဆိုပြီးဟန်ဆောင်တယ်။ ဒါပေမယ့်ဖျောက်ထားတာနဲ့ ပျောက်သွားတာ မတူပါဘူး။ ကိုယ် ဒေါသကို ဖိထားရင်တစ်နေ့ မထိန်းနိုင်တော့ဘဲ ပေါက်ကွဲပါတယ်။ကိုယ် အားနည်းချက်ကို လက်မခံရင်တစ်ချိန်လုံး သူများ အပြစ်ပဲ ရှာနေမိပါတယ်။ Jung ပြောခဲ့တာ ရှိပါတယ်။ “Until you make the unconscious conscious,it will direct your life and you

ကိုယ့်ကိုကိုယ် အကုန်လက်ခံနိုင်တဲ့နေ့အဲ့နေ့မှ ကိုယ် တကယ် လွတ်လပ်တာပါ။ Read More »

နားမလည်ရင် မှားမယ်။ဒါ ကျိန်စာ မဟုတ်ပါဘူး။ဒါ ဖိတ်ခေါ်ချက်ပါ။

နားမလည်ရင် မှားမယ်။ဒါ ဘဝရဲ့ အရိုးရှင်းဆုံး ဥပဒေသပါ။ လူတွေအကြောင်း နားမလည်ရင်လူတွေကြောင့် မှားမယ်။ ဝန်ထမ်းကို နားမလည်ဘူး — ထွက်သွားတယ်။Client ကို နားမလည်ဘူး — ဆုံးရှုံးတယ်။Partner ကို နားမလည်ဘူး — ကွဲသွားတယ်။ ပြီးရင် “သူတို့ မကောင်းလို့” ထင်တယ်။တကယ်က ကိုယ် နားမလည်လို့ပါ။ လုပ်ငန်းအကြောင်း နားမလည်ရင်လုပ်ငန်းကြောင့် မှားမယ်။ ဈေးကွက်ကို နားမလည်ဘူးရောင်းလို့ မရဘူး။ငွေသား စီးဆင်းမှုကို နားမလည်ဘူးရောင်းရပေမယ့် ငွေ မကျန်ဘူး။စနစ်ကို နားမလည်ဘူးကိုယ် မပါရင် ရပ်သွားတယ်။ ပြီးရင် “ဈေးကွက် ဆိုးလို့” ထင်တယ်။တကယ်က ကိုယ် နားမလည်လို့ပါ။ ရင်းနှီးမြှုပ်နှံမှု အကြောင်း နားမလည်ရင်ရင်းနှီးမြှုပ်နှံမှု ကြောင့် မှားမယ်။ ဘယ်ဟာ ရင်းနှီးမြှုပ်နှံမှုဘယ်ဟာ ကုန်ကျစရိတ် ခွဲမရဘူးဆုံးရှုံးတယ်။ဘယ်အချိန် ဝင်ရမလဲ

နားမလည်ရင် မှားမယ်။ဒါ ကျိန်စာ မဟုတ်ပါဘူး။ဒါ ဖိတ်ခေါ်ချက်ပါ။ Read More »