personal development

အလုပ်ဆိုတာ လုပ်ချင်တိုင်း
လုပ်လို့ မရဘူး

အချိန်ဆိုတာရှိတယ်။ အဲ့ဒီအချိန်ကောင်းမှာ ကြိုးစားအားထုတ်မှု တစ်လ၊ နှစ်လကတစ်နှစ်၊ နှစ်နှစ်နဲ့ ညီနိုင်တယ်။ ဒါကို “အချိန်ကောင်း” ကြုံဖူးသူတိုင်းသိကြတယ်။ ဒီ “Timing အချိန်ကောင်း” ဟာ လူတိုင်းရဲ့ ဘဝကို အပြောင်းအလဲဖြစ်စေတဲ့ အချိန်ပဲ။အဲ့ဒီအချိန်မှာ ယောင်နေလို့မရဘူး။အလုပ်ကို ဖိလုပ်ရတဲ့ အချိန်ဖြစ်တယ်။ တခြားအချိန်တွေက ကိစ္စမရှိပေမယ့်အချိန်ကောင်းမှာ တခြားကိစ္စတွေနဲ့အာရုံထွေပြားခြင်းဟာ အခွင့်အလမ်းကို အလဟဿဖြုန်းလိုက်သလိုပဲ။ ဘာနဲ့ တူသလဲဆို တစ်နှစ်လုံးစာကြိုးစားခဲ့ပြီး စာမေးပွဲနီးတဲ့အခါစိတ်လေတာမျိုးနဲ့ တူနိုင်တယ်။ ဒါဆို အချိန်ကောင်းပဲ စောင့်ပြီးအလုပ် လုပ်ဖို့ မရဘူးလား။ မရသလောက်လို့ ဆိုရမယ်။ဘာကြောင့်လဲဆိုတော့ စီးပွားရေးမှာ အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်ခြင်း“anticipation” ဟာ သေမတတ်အရေးကြီးတယ်။ လုပ်ငန်းနယ်ပယ်တစ်ခုမှာ ဆယ်စုနှစ်တစ်ခု လုပ်လာသူတွေဟာ ဒီလုပ်ငန်းရဲ့အပြောင်းအလဲကို အခုမှ ဝင်လာတဲ့ လုပ်သက်နုသူတွေထက်အများကြီးပိုခန့်မှန်းနိုင်တတ်ကြတယ်။ ဒါကြောင့် game တစ်ခုထဲမှာ ရေရှည်နေထားဖို့ အရေးကြီးတယ်။ […]

အလုပ်ဆိုတာ လုပ်ချင်တိုင်း
လုပ်လို့ မရဘူး
Read More »

ထီမထိုးထားရင်တော့ မပေါက်နိုင်ဘူး

ကိုယ်မရောက်ဖူးတဲ့နေရာရောက်ဖို့၊ကိုယ်မတွေ့ကြုံဖူးတဲ့ အတွေ့အကြုံရဖို့ကြိုးစားအားထုတ်မှုလိုတယ်။ စဥ်းစားကြည့်ကြည့် ဘာသာစကားသုံးလေးမျိုးလောက်ကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ပြီးလူပေါင်းထောင်ချီရှေ့မှာ ကြွေအောင်ပြောနိုင်တာမျိုး။ ခန္ဓာကိုယ်က Sရမ်းမိုက်ပြီးအသက် ၇၀၊ ၈၀ လောက်ထိကျန်းမာကြံ့ခိုင်နေတာမျိုး။ ကိုယ့်အသက်မွေးဝမ်းကြောင်းပြုတဲ့အလုပ်နဲ့ပတ်သက်လို့ ဘာမေးလိုက်မေးလိုက် အကုန်သိနေတာမျိုး။ အပြောပဲ မဟုတ် တကယ်လက်တွေ့ဖြစ်အောင်လုပ်တာမျိုး။ ကိုယ်သွားချင်တဲ့နေရာကို သွားချင်တဲ့သူနဲ့ သွားချင်တဲ့အချိန် သွားနိုင်တာမျိုး။ ကိုယ်ခေါင်းထဲမှာပေါ်တဲ့ idea ကိုစာသုံးလေးကြောင်းရောက်ရေးလိုက်တာနဲ့ဝင်ငွေတွေ သောက်သောက်လဲရလာတာမျိုး။ ဒါမျိုးတွေဖြစ်လာဖို့က အလိုလို ဖြစ်မလားဘူး။ ကိုယ်တိုင် ကြိုးစားအားထုတ်ရတယ်။ အလိုလိုပေါက်တာ မြက်ပင်တွေပဲများတယ်လေ။ ပန်းကောင်းပန်ချင်ရင် သေချာစိုက်ရတယ်မဟုတ်လား။ Phyo Paing @ Derek

ထီမထိုးထားရင်တော့ မပေါက်နိုင်ဘူး Read More »

ဘဝကို တိုင်းတာတဲ့ metrics ကိုးခု

ဘဝကို တိုင်းတာက ၁။ ဘာတွေ ဖန်တီးဖူးလဲ? ၂။ ကိုယ့်ဖန်တီးမှုက လူဘယ်လောက်ကို အကျိုးပြုလဲ? ၃။ ကိုယ့်အစွမ်းအစ စစ်စစ် နဲ့ ကိုယ်ဘယ်လောက် ပိုက်ဆံရှာဖူးလဲ? ၄။ ကိုယ်သေသွားခဲ့ရင် ကိုယ့်ရဲ့ industry မှာ အပြောင်းအလဲဖြစ်မလား? ၅။ ကိုယ်မွေးခဲ့ ကြီးပြင်းခဲ့တဲ့နေရာမှာပညာရေး၊ အလုပ်အကိုင်၊ ငွေရေးကြေးရေးသာမာန်ထက် ကျော်သလား? ၆။ ကိုယ့်ဘဝမှာ ရောက်ချင်တဲ့နေရာတွေသွားဖူးပြီလား။ ၇။ လိုချင်တဲ့ experience တွေ ရပြီးပြီလား။ ၈။ ကိုယ်ဖြစ်ချင်တဲ့ စိတ်၊ ခန္ဓာဖြစ်ပြီလား။ ၉။ နိစ္စဓူဝ အသက်ရှင်ရတာ လတ်ဆတ်သလား။ ဒီ ကိုးခုက ဘဝကို တိုင်းတာတဲ့ metrics ပဲ။ Phyo Paing @ Derek

ဘဝကို တိုင်းတာတဲ့ metrics ကိုးခု Read More »

စဉ်းစားကြည့်ကြည့် တစ်ရက်တစ်ရက်
အချိန်အများစုက အလုပ်မှာကုန်တယ်။

ကိုယ့်အလုပ်က ကိုယ့်ကို နေ့စဉ် တိုးတက်နေစေမှ အကောင်းဆုံးကိုယ်တည်ဆောက်နိုင်မှာ။ သင်တန်းတွေတက်တာက ခဏပဲသင်ပေးလိုက်တာ။ တကယ် practitioner လုပ်လို့ရမယ်လို့စဉ်းစားလို့ မရဘူး။ So good they can’t ignore you စာအုပ်ထဲကလိုCareer Capital တည်ဆောက်ဖို့လိုတယ်။ရှားပါးပြီး အသုံးဝင်တဲ့ skills ပေါ့။ကိုယ်က ဂျွတ်ဆင်ကြီးဖြစ်နေမှကိုယ့်ကို အစားထိုးလို့မရမှာ။ ဒါက အဓိက အချက်ပဲ။ ကိုယ်လုပ်နေတဲ့အလုပ်မှာတော့တစ်ဖက် ကမ်းခတ်ကျွမ်းကျင်ဖို့လိုတယ်။နိုင်ငံပြောင်းပြီး အခြေချရင်တောင်ဒီ skill က အသုံးချလို့ရနေရမယ်။ ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာရာက ကံအကြောင်းတရားကြောင့် အကုန် ပြောင်သွားနိုင်တယ်။နေ့ချင်းညချင်း အပြောင်းအလဲဖြစ်သွားနိုင်တယ်။ ကိုယ်နဲ့ အမြဲကျန်နေမှာ ကိုယ့်ရဲ့ အရည်အချင်းပဲ။ ကိုယ့်အလုပ်က ကိုယ့်အရည်အချင်းကိုအမြဲတိုးတက်အောင် လုပ်ပေးတဲ့playground တစ်ခုဖြစ်ရမယ်။ Phyo Paing @ Derek

စဉ်းစားကြည့်ကြည့် တစ်ရက်တစ်ရက်
အချိန်အများစုက အလုပ်မှာကုန်တယ်။
Read More »

ကိုယ့်ကိုကိုယ် လက်သွေးနေရတာပဲ။

ကိုယ့်အရည်အချင်းထက် ပိုပြီးငွေပိုးစိုးပက်စက်ဝင်လို့ ကိုယ့် lifestyle ကလဲ တိုးတက်လာပြီးအကောင်းတွေကို သုံးတတ်၊ ဖြုန်းတက်ဖြစ်ပြီးအနာဂတ်မှာ အဲ့လိုမဝင်တော့ရင်ဒီလို စိတ်နဲ့ သောကတွေဝင််တတ်တယ်။ ငှက်ကလေးက သူ့အတောင်ပေါ်ယုံကြည်မှုက သစ်ကိုင်းပေါ်ယုံကြည်မှုထက်ပိုမှ ရမယ် မဟုတ်လား။ လူတိုင်း နေ့တိုင်း ပျံသန်းမှုကို လေ့ကျင့်နေရတာပဲ။ ကိုယ့်ကိုကိုယ် လက်သွေးနေရတာပဲ။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် လက်သွေးနေရတာပဲ။ Read More »

နေ့တိုင်း တိုက်ပွဲဝင်နေရတယ်။

ငါဆက်အိပ်လိုက်အုံးမယ်။ပျင်းတော့မယ်ကြံရင်ဒါအရေးကြီးတယ်။ ဒီတစ်ခေါက်ရှုံးရင်နောက်တစ်ခေါက်ရှုံးဖို့လွယ်တယ်။အကျင့်ပါတတ်တယ်။ ဒီနေ့တော့ ဒါလေးမလုပ်တော့ဘူး။အဲ့လို စဥ်းစားလိုက်ရင်အန္တရာယ်ရှိတယ်။ မနက်ဖြန်လဲ ဒီစဥ်းစားပုံမျိုးထပ်ခါထပ်ခါ ပြန်ဖြစ်နိုင်တယ်။ ဘဝဆိုတာ တိုတိုလေး။ တိုတိုလေးထဲမှာမှငယ်ဘဝက မိဘပေါ်မှီခိုရတယ်။နောက် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့တော်တော် ကြိုးစားရတယ်။ နောက်တစ်ဆင့် ကိုယ့်အပေါ်မှီခိုရတဲ့သူတွေရှိလာတဲ့အရွယ် ရောက်လာတယ်။ ဘဝဖြစ်စဥ်ကြီးမှာ ထွက်ပြေးမရသူကကိုယ်ပဲ။ဒါကြောင့် နေ့စဥ်ဖြတ်သန်းမှုတိုင်းမှာဘယ်လို အခြေအနေပဲဖြစ်နေနေအကောင်းဆုံးသင်ဖန်တီးဖို့က ကိုယ့်တာဝန်ပဲ။ Phyo Paing @ Derek

နေ့တိုင်း တိုက်ပွဲဝင်နေရတယ်။ Read More »

အသက်ရှင်နေသမျှ
ကိုယ်ရှောင်ဖယ်လို့မရတဲ့သူက
“ကိုယ်”ပဲ။

တစ်နေ့ သင့်လုပ်ငန်း ပျက်ရင်ပျက်မယ်။ ကိုယ်ချစ်တဲ့သူတွေနဲ့ ကွေကွင်းရတာဖြစ်ကောင်းဖြစ်မယ်။အသက်ရှင်နေသမျှ အမျိုးမျိုးဖြစ်နိုင်တယ်။ သေချာတာတစ်ခုက အသက်ရှင်နေသမျှ ကိုယ်ရှောင်ဖယ်လို့မရတဲ့သူက “ကိုယ်”ပဲ။ ဒီတော့ နေ့စဉ် ကိုယ့်ကိုကိုယ်အကောင်းဆုံးတည်ဆောက်နေတာဟာ အကောင်းဆုံး မဟာဗျူဟာတစ်ခုဆိုရင်မမှားနိုင်ဘူး။ Phyo Paing @ Derek

အသက်ရှင်နေသမျှ
ကိုယ်ရှောင်ဖယ်လို့မရတဲ့သူက
“ကိုယ်”ပဲ။
Read More »

အကောင်းဆုံးသင် ဖန်တီးဖို့ အချက် ၆ ချက်

1. Self-analysis ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ရမယ်။ ကိုယ့်ကိုကိုယ်မှ မသုံးသပ် ၊ မဆန်းစစ်ရင် ပိုကောင်း၊ ပိုတော်အောင်လုပ်လို့ရမှာမဟုတ်ဘူး။ The unexamined life is not worth living. — Socretes ဘာတွေ ပြန်လည်ဆန်းစစ်ရမလဲ။ ကိုယ့်ရဲ့ အတိတ်ကို ပြန်လည်ဆန်းစစ်ရမယ်။ အတိတ်ဟာ ဖြစ်ခဲ့တဲ့ ဂုဏ်အယူဆုံးအရာတွေ၊ အောင်မြင်မှုတွေ၊ ပျော်ရွင်စရာ၊ ရင်ခုန်စရာတွေ ပါဝင်သလို ဒုက္ခတွေ၊ စိတ်ဆင်းရဲစရာတွေ ပါဝင်တယ်။ အရေးကြီးတဲ့အချက်က ပြဿနာကြုံလာတဲ့အခါ ဘယ်လို ဖြေရှင်းသလဲ၊ ပြဿနာကို ဘယ်လိုတုန့်ပြန်လဲဆိုတဲ့ အချက်တွေ အင်မတန်အရေးကြီးပါတယ်။ တချို့က ပြဿနာဖြစ်တဲ့အခါ စိတ်ဓာတ်ကျ ရှောင်ဖယ်တတ်တယ်။ တချို့က ဒီပြဿနာကို ကျော်လွှားဖို့ အဖြေရှာတယ်။ ပျော်ရွင်မှုဖြစ်ပြီဆိုရင်လဲ ဘယ်အချိန်မျိုးကျရင် ပျော်တတ်တယ်။ ဘယ်လိုအချိန်မျိုးကျရင် ဂုဏ်ယူတတ်တယ်။

အကောင်းဆုံးသင် ဖန်တီးဖို့ အချက် ၆ ချက် Read More »

ကျွန်တော်ဟာ အစမ်းသပ်ခံ လူသားသာ။

ကျေးဇူးအရမ်းတင်ရတဲ့ ဆရာကြီးရှိတယ်။လွန်ခဲ့တဲ့ နှစ်ပေါင်း 139 နှစ်5 Nov 1883 ပဲခူးတိုင် သုံးဆယ်မြို့မှာလူတစ်ယောက် မွေးဖွားလာတယ်။ အဲ့ဒီ စာရေးဆရာ အရေးအသားတွေကကျွန်တော့် ငယ်ဘဝကို လွမ်းမိုးခဲ့တယ်။ လောကအမြင်ကို ပြောင်းပေးခဲ့တယ်။အဲ့လိုပဲ တခြားသူတွေကို ပြန်လည်ကူညီပေးဖို့ ကိုယ့်မှာတာဝန်ရှိတယ်လို့အပြည့်အဝ ခံယူထားတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်က အစမ်းသပ်ခံပဲ။အစမ်းသပ်ခံ ကြွက်ကလေးလိုအစမ်းသပ်ခံ လူသားတစ်ယောက်ပဲ။အဲ့လို ပဲ ကိုယ့်ကိုကိုယ်ခံယူတယ်။ ကိုယ့်ရဲ့အကောင်းဆုံးပုံစံကိုဘယ်လိုတည်ဆောက်မလဲဆိုတာနည်းလမ်းမျိုးစုံနဲ့စမ်းသပ်တယ်။ဒီစမ်းသပ်မှုနာမည်က Best Version Project ဖြစ်တယ်။ အချိန်ကာလက အသက်မသေမချင်းပေါ့။ စမ်းသပ်မှုကာလမှာ တွေ့ရှိချက်တွေကိုကိုယ့်ရဲ့ Best Version ကိုတည်ဆောက်ချင်သူတွေကို မျှဝေမယ်။ဒီလောက်ပဲ စဉ်းစားထားတယ်။ စမ်းသပ်မှု ပြုလုပ်တဲ့နယ်ပယ်ကသုံးခု အဓိကထားတယ်။ Personal, Professional, Business တိုးတက်ရေးဆိုပါတော့။ အရာရာ ဆုပ်ယုတ်နေတဲ့ နေရာမှာတိုးတက်မှုဆိုတာက ဟာသလိုကြီးဖြစ်ကောင်းဖြစ်နေနိုင်တယ်။ ရိုက်ခတ်မှုပေါင်း များစွာထဲမှာစမ်းသပ်မှုကနေ

ကျွန်တော်ဟာ အစမ်းသပ်ခံ လူသားသာ။ Read More »

နေ့စဉ် ငါဘာတွေလုပ်မလဲ။
ဒီလုပ်တဲ့အရာကနေ
ငါဘယ်လိုလူဖြစ်လာမလဲ။

ကျွန်တော်ကတော့ ကိုယ့်ဘဝကိုယ်အရမ်းကြိုက်တယ်။ဘယ်သူနဲ့မှလဲ မလဲချင်ဘူး။နေ့တိုင်းဖြတ်သန်းရတာလဲအရသာ အပြည့်ရှိတယ်။ဘာကြောင့်လဲဆိုတော့ Have ဆိုတဲ့ ပိုင်ဆိုင်မှုတွေကိုအာရုံသိပ်မပြုဖြစ်ဘူး။ Do ဆိုတာတွေကို နေ့စဉ်အာရုံပြုဖြစ်တယ်။ နေ့စဉ် ငါဘာတွေလုပ်မလဲ။ဒီလုပ်တဲ့အရာကနေ ငါဘယ်လိုလူဖြစ်လာမလဲ။ Be ဆိုတာ အာရုံပြုဖြစ်တယ်။ဘာလုပ်မလဲဆိုတာနဲ့ ဘယ်လိုလူဖြစ်လာမလဲဆိုတာ ကိုယ့်ထိန်းချုပ်မှုအောက် အပြည့်ရှိတယ်။ ဘာတွေ ပိုင်ဆိုင်မလဲဆိုတာကတော့ကိုယ့်ထိန်းချုပ်မှုအောက်မှာမရှိဘူး။ မပြောင်းလဲချင်တဲ့ ကိုယ့်မိဘ၊ ညီအစ်ကိုမောင်နှမ၊ သားသမီးတောင်ပြောင်းလဲလို့မလွယ်တဲ့အချိန်မျိုးမှာမပြောင်းလဲချင်တဲ့ တခြားသူတွေကိုကြိုးစားပြီး သွားပြောင်းလဲတာ အပိုပဲဖြစ်နိုင်တယ်။ ကျွန်တော်ရဲ့ ဘဝ philosophy ကရှင်းရှင်းလေးပဲ။ ပိုက်ဆံတွေအများကြီးရှိပြီးဆုံးရှုံးမှာ ကြောက်နေတဲ့သူကျန်းမာရေးမကောင်းနဲ့သူအဖြစ်မနေချင်ဘူး။ ဘဝမှာ ကိုယ့်ရဲ့ personal development, Professional ပိုင်းမှာ mastery ဖြစ်ပြီး၊ကိုယ့်ထိန်းချုပ်မှုအောက်အပြည့်ရှိပြီးတိုးတက်နေတဲ့ Business ရှိပြီးကိုယ့်ကိုကိုယ် အကောင်းဆုံးတည်ဆောက်နေဖို့ပဲ။ ကိုယ့်ကိုကိုယ် ကောင်းအောင်မလုပ်ပဲသူများကို ကောင်းအောင်လုပ်ပေးဖို့မလွယ်ဘူး။ Phyo Paing @ Derek

နေ့စဉ် ငါဘာတွေလုပ်မလဲ။
ဒီလုပ်တဲ့အရာကနေ
ငါဘယ်လိုလူဖြစ်လာမလဲ။
Read More »