personal development

လူတွေရဲ့ တိုးတက်မှုဟာ

တစ်ခါ တိုးတက်တဲ့အခါ ခုံပျံကျော်လွှားဖြစ်သလို ထင်ရတတ်တယ်။တကယ်တမ်း ငါးနှစ်၊ ဆယ်နှစ် လောက်ကြိတ်ပြီး ကြိုးစားခဲ့တာ တစ်ချိန်မှ ဘွားကနည်းထပေါ်တာမျိုး။ဒါကြောင့် တစ်ခုခုဆိုငါးနှစ်အနည်းဆုံးဆိုတဲ့ စိတ်ကို ပြင်ဆင်ထားတယ်။ Phyo Paing @ Derek

လူတွေရဲ့ တိုးတက်မှုဟာ Read More »

ကိုယ့်ရဲ့ အကောင်းဆုံး version တည်ဆောက်ဖို့

ဘဝကို နောက်ပြန်ကြည့်ရင်နောင်တရလို့ ပြန်ပြင်ချင်စရာတစ်ခုမှ မရှိဘူး။ဘာကြောင့်လဲဆိုတော့ လုပ်ချင်တဲ့အရာ၊ ရချင်တဲ့အရာသွားချင်တဲ့နေရာ၊ ရှိချင်တဲ့ကျွမ်းကျင်မှုအတွက်ဘယ်တော့မှ ထိိုင်စောင့်မနေဘူး။ တခြားသူပေးမှရမည့် အဖြစ်မျိုးဘယ်တော့မှ အရောက်မခံခဲ့ဘူး။ဘဝမှာ God Mode နဲ့နေဖို့အိမ်မက်တွေချရေးထားတဲ့ Dream list လိုတယ်။စမ်းသပ်မှုတွေလုပ်ခဲ့တဲ့ Experiment list နဲ့ သင်ခန်းစာ rules တွေကို ချရေးထားတယ်။ ကိုယ့်ရဲ့ အကောင်းဆုံး version တည်ဆောက်ဖို့Rule No.1 က ဘူကောင်တွေ ရှောင်တာပဲ။Rule No. 2 ကကိုယ့်ကိုကိုယ် ဂုဏ်ယူရတဲ့အလုပ်တွေလုပ်။ Phyo Paing @ Derek

ကိုယ့်ရဲ့ အကောင်းဆုံး version တည်ဆောက်ဖို့ Read More »

Easy life မလိုဘူး။
Good life ပဲလိုတာ။

လွန်ခဲ့တဲ့ ဆယ်နှစ်ကဘဝမှာ အဲ့လိုအချိန်တွေရှိခဲ့ဖူးတယ်။ ဘဝဆိုတာ $ပြဿနာတွေကိုအပြုံးမပျက် fix လုပ်တဲ့နေရာ။ ကိုယ်က ကိုယ့်ပြဿနာထက်ပိုကြီးပြီး ဆရာကျနေဖို့နေ့စဉ် တိုးတက်နေဖို့လိုတယ်။ Easy life မလိုဘူး။Good life ပဲလိုတာ။ ဒါကြောင့် စိတ်ဓာတ်ကျစရာမလိုဘူးအမျိုးတို့။ နေ့စဉ် နည်းနည်းစီ တိုးတက်နေဖို့ပဲလိုတာ။ Phyo Paing @ Derek

Easy life မလိုဘူး။
Good life ပဲလိုတာ။
Read More »

အကောင်းဆုံး version
တည်ဆောက်ဖို့က ကိုယ့်ရဲ့တာဝန်ပဲ။

အသက်ရှင်နေတုန်း ကိုယ့်ရဲ့အကောင်းဆုံး version တည်ဆောက်ဖို့က ကိုယ့်ရဲ့တာဝန်ပဲ။ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်ဖို့လိုတယ်။ ကိုယ့်နဲ့ အကောင်းဆုံးတွေပဲထိုက်တန်တယ်ဆိုတာ သိဖို့လိုတယ်။ဒီအသိနဲ့ အလုပ်ကို သေချာလုပ်ဖို့လိုတယ်။ Phyo Paing @ Derek

အကောင်းဆုံး version
တည်ဆောက်ဖို့က ကိုယ့်ရဲ့တာဝန်ပဲ။
Read More »

ကိုယ့်ကိုကိုယ် နေ့စဥ် train ပါ။

တစ်ရက်တစ်ရက် content idea တွေအများကြီး ဘယ်လိုစဉ်းစားသလဲ။ ဒီလိုမေးလာတိုင်းI trained myself လို့ပြန်ပြောမိတယ်။ စာမြန်မြန်ဘယ်လိုဖတ်မလဲ။ စိတ်ဓာတ်အမြဲ နိုးကြားပြီးစွမ်းအားအပြည့်နဲ့ ဘယ်လိုအလုပ်လုပ်မလဲ။မြန်မြန်ဆန်ဆန် ဦးနှောက်အသုံးပြုစဉ်းစားနိုင်ဖို့ ဘယ်လိုလုပ်မလဲ။ မှတ်ဥာဏ်ကောင်းဖို့ ဘယ်လိုလုပ်မလဲ။ ဒါတွေ အကုန်လုံးက train လုပ်လို့ရတယ်။ နေ့စဉ်တော့ train ရမယ်။ computer keyboard မှာ လက်တင်လိုက်တာနဲ့idea တွေက အလိုလိုထွက်လာတာ၊ ဘာပြောမယ် မစဉ်းစားပဲCamera ချိန်လိုက်တာနဲ့ Content တွေ ထွက်လာဖို့က နေ့စဉ် train နေရတယ်။ Motivation ဆိုတာ ရေချိုးသလိုပဲတဲ့။နေ့စဉ်ချိုးပေးနေရတယ်ဆိုတဲ့ စကားကြားဖူးလိမ့်မယ်။ Skill တစ်ခုဆိုတာလဲ အဲ့လိုပဲ။နေ့စဉ် train နေမှ skill level ကျမသွားမှာ။ ဘာသာစကားတစ်ခုတောင် မသုံးတာကြာရင် language loss

ကိုယ့်ကိုကိုယ် နေ့စဥ် train ပါ။ Read More »

အခုလိုချိန်မှာ ကိုယ့်ကိုကိုယ် ပိုပြီးဂရုစိုက်ပါ။

အခုချိန်မှာ လူတွေစိတ်ဓာတ်ကျတာကိုပိုဆိုးစေတဲ့အချက်သုံးချက်က ၁။ အလုပ် ၂။ ဝင်ငွေ ၃။ တိုးတက်မှု အလုပ်နဲ့လက်နဲ့ မပျက်ရင် စိတ်ညစ်တာတွေ စဥ်းစားဖို့သိပ်အချိန်မရဘူး။ အဓိပ္ပာယ်ရှိတဲ့ အလုပ်လုပ်နေရရင်စိတ်ညစ်စရာသိပ်စဥ်းစားမိမှာမဟုတ်ဘူး။ ဝင်ငွေမရှိရင် အော်တိုမစ်တစ် စိတ်ညစ်လိမ့်မယ်။ဝင်ငွေပိုတိုးအောင်လုပ်မလား၊ သေချာစီစစ်ပြီး သုံးစွဲမလား၊ နှစ်ခု စလုံးလုပ်မှာလား စဥ်းစားရမယ်။ တတိယတစ်ချက်မှ တိုးတက်မှုလာတယ်။ပထမနှစ်ခုမရှိရင် တတိယလဲမရှိဘူး။ တတိယမရှိရင် မပျော်ဘူး။ အနာဂတ်က စိတ်ဓာတ်ကျစရာပိုကောင်းလာမယ်။တိုးတက်နေဖို့ သင်တန်းပဲတက်နေလို့မရဘူး။ အလုပ်နဲ့ ဝင်ငွေရှိနေဖို့လဲ လိုတယ်။ ကိုယ့်ကိုကိုယ် ကယ်တင်ပြီးမှ တခြားသူတွေကို ကယ်တင်နိုင်မှာဖြစ်တဲ့အတွက်အခုလိုချိန်မှာ ကိုယ့်ကိုကိုယ် ပိုပြီးဂရုစိုက်ပါ။ Phyo Paing @ Derek

အခုလိုချိန်မှာ ကိုယ့်ကိုကိုယ် ပိုပြီးဂရုစိုက်ပါ။ Read More »

တကယ်တိုးတက်မှုအတွက်က
ကိုယ်တိုင် reflect လုပ်မှရတာ။

ငါလုပ်နေတာ မှားများမှားနေပြီလားလို့ဘယ်တော့မှ doubt ဖြစ်မနေနဲ့။ တခါတလေ ကိုယ့်ကိုဝေဖန်တဲ့သူကအနားမှာရှိပြီး ကိုယ်လုပ်တာဘယ်ဟာမကောင်းဘူး၊ ဘယ်ဟာပိုကောင်းအောင်လုပ်လို့ရတယ်ဆိုတဲ့ feedback ဆိုတာ စာအုပ်ထဲမှာပဲ နားထောင်လို့ကောင်းတာ။တကယ်တိုးတက်မှုအတွက်က ကိုယ်တိုင် reflect လုပ်မှရတာ။ ဒါကြောင့် ကျွန်တော်စဉ်းစားတဲ့philosophy က ရှင်းတယ်။သင်တန်းသင်ကတည်းက ဘယ်ဟာပိုကောင်းအောင်လုပ်လို့ရသလဲဘယ်တော့မှ မမေးဘူး။ သူတို့ပြောလဲ ကိုယ်လုပ်ချင်မှလုပ်မှာကိုး။ဘာအကြိုက်ဆုံးလဲပဲမေးတယ်။ဒီက အင်အားတွေပိုရတယ်။ ကိုယ့်ကိုအားသာချက်ပိုသိတယ်။ဒါကိုဖိလုပ် ပိုအောင်မြင်နိုင်တယ်။ Phyo Paing @ Derek

တကယ်တိုးတက်မှုအတွက်က
ကိုယ်တိုင် reflect လုပ်မှရတာ။
Read More »

လောကမှာ ကိုယ်ရှောင်ပြေးလို့
မရတဲ့သူက ကိုယ်တိုင်ပဲ။

နေ့တိုင်း Training ဆင်းနေတယ်လို့ခံယူထားတယ်။နေ့စဉ်လုပ်တဲ့အလုပ်တိုင်းက ပိုကောင်းတဲ့ကိုယ်ဖြစ်လာစေတယ်။လောကမှာ ကိုယ်ရှောင်ပြေးလို့မရတဲ့သူက ကိုယ်တိုင်ပဲ။ Phyo Paing @ Derek

လောကမှာ ကိုယ်ရှောင်ပြေးလို့
မရတဲ့သူက ကိုယ်တိုင်ပဲ။
Read More »

နောင်တတွေနည်းအောင် ကိုယ်ပိုင် ဥပဒေသထားပါ။

ဘဝမှာ နောင်တရစေတဲ့အရာတွေရှိတယ်။ အလုပ်ကို လုပ်သင့်သလောက်မလုပ်ပဲရေသာခိုလိုက်တဲ့အတွက် လိုချင်တဲ့ရလဒ် မရတဲ့အခါမျိုးမှာ နောင်တရတတ်တယ်။ ကိုယ်အားနာပြီး မပြောလိုက်တဲ့အတွက်လိုရာမရောက်ဖြစ်တဲ့အခါ နောက်တရတတ်တယ်။ အလုပ်မဖြစ်တာတွေကို လွတ်ချရမှာကြောက်ပြီးဖက်တွယ်မှုပြုလုပ်ထားတဲ့အတွက်အချိန်တွေကုန် နောင်တရတတ်တယ်။ တစ်ခုခု အိုင်ဒီယာပေါ်လာပြီးဒီအိုင်ဒီယာကို ကိုယ်အကောင်ထည်မဖော်နိုင်သေးရင် တခြားသူတစ်ယောက်လုပ်သွားတဲ့အခါနောင်တရတတ်တယ်။ လူတိုင်းကို ရောင်းပြီးလူတိုင်းအလို ဆန္ဒမဖြည့်ဆည်းပေးနိုင်တဲ့အခါနောင်တရတယ်။ တစ်ရက်တစ်ရက် တိုးတက်မှုမရှိအချိန်အလဟသ ကုန်သွားတဲ့အခါနောင်တရတယ်။ လုပ်ငန်းက ကိုယ့်အတွက်မဟုတ်ပဲကိုယ်က လုပ်ငန်းရဲ့လိုအပ်ချက်ကိုအမြဲဖြည့်ဆည်းနေရတဲ့အတွက် အချိန်ကုန် လူပန်းပြီး ကိုယ်မပါပဲ လည်မပတ်နိုင်တဲ့ လုပ်ငန်းတွေမှာကိုယ်မပျော်ပဲလုပ်နေရတဲ့အခါနောင်တရတတ်တယ်။ လုပ်မယ်လို့ သံဓိ ဌာန်ချပြီးမလုပ်ဖြစ်ရင် နောင်တရတတ်တယ်။ ကိုယ့်ဘဝ ကိုယ့်ထိန်းချုပ်မှုအောက်မရှိပဲ ရောက်တတ်ရာရာဖြစ်နေရင်နောင်တရတတ်တယ်။ ကိုယ်စုထားတဲ့ ငွေတွေ အတွေ့အကြုံအတွက် မသုံးလိုက်ပဲကိုယ်နားမလည်တဲ့အလုပ်မှာ ပုံအောသုံးလိုက်ပြီး ဆုံးရှုံးတဲ့အခါနောင်တရတတ်တယ်။ ဒီလို နောင်တရတဲ့အရာတွေကို နည်းနိုင်သမျှနည်းအောင် ဥပဒေသတွေထုတ်လိုက်တယ်။ ၁။ အလုပ်ကို ပိုးစိုးပက်စက်လုပ်ပါ။၂။ ကိုယ်လိုချင်တာကို တောင်းဆိုရမှာ အားမနာပါနဲ့။၃။ အလုပ်မဖြစ်တာတွေကို

နောင်တတွေနည်းအောင် ကိုယ်ပိုင် ဥပဒေသထားပါ။ Read More »

2012 Feb တိုင်စပတ်တဲ့အချိန်ပေါ့။

ဘွဲ့လဲရပြီ။ ဆေးလဲမကုဘူး။ ဒါက သေချာတယ်။ခြောက်နှစ်လောက်သင်ခဲ့တာနဲ့ အသက်မမွေးဘူးဆိုမှတော့ သုညက ပြန်စရမှာပေါ့။ အသက်ရှူတောင် သိပ်မဝချင်ဘူး။အဲ့အချိန်ကပေါ့။ သင်တန်းတွေ အစုံလဲ လိုက်တက်ကြည့်ဖူးတယ်။နောက်ဆုံး Business Management ကိုလေ့လာမယ်ဆိုပြီး Awarding Body တစ်ခုကပေးတဲ့ Ofqual Graduate Diploma ကို ရွေးလိုက်တယ်။ အဲ့တုန်းက ဘာသာရပ် ငါးခုပါတယ်။ငါးလလောက်အချိန်ပေးပြီးexam ဖြေဖို့လုပ်လိုက်တယ်။ကံကောင်းတာ တစ်ခုက စိတ်ဝင်စားတဲ့ textbook တွေဖတ်ပြီးရင်ဘယ်စာ ဘယ်နားပါတယ်ဆိုတာ မှတ်မိနေတတ်တယ်။ အဲ့ဒီ awarding body ကတော့ ABE (UK) ပဲ။ ABE စာအုပ်တွေက ဖွဲ့စည်းထားတာတော်တော်လေး structure ကျတယ်။ အဲ့ဒီ အခြေခံတွေက MBA တက်တဲ့အခါတော်တော်လေး အထောက်အကူပြုသလိုအောက်သက်ကြေစေတယ်။ အဲ့ဒီအချိန်ကတော့ ABE ပြီးရင် MBA ကို

2012 Feb တိုင်စပတ်တဲ့အချိန်ပေါ့။ Read More »