Dr. Phyo Paing

https://yec.company

AI ခေတ်မှာ
အဖြေရှာနိုင်တာ အားသာချက်မဟုတ်တော့ဘူး။

ဉာဏ်ကောင်းတာနဲ့Strategic Intelligence ရှိတာ မတူဘူး။ ဉာဏ်ကောင်းတဲ့သူကပြဿနာကို မြန်မြန်ဖြေရှင်းနိုင်တယ်။ Strategic Intelligence ရှိတဲ့သူကဘယ်ပြဿနာကို ဖြေရှင်းရမလဲ ရွေးတတ်တယ်။ သာမန်လူကအခုဘာဖြစ်နေလဲ မြင်တယ်။ Strategic Intelligence ရှိတဲ့သူကနောက်ဘာဖြစ်လာနိုင်လဲ ကြိုမြင်တယ်။ သာမန်လူကအလုပ်များများလုပ်ဖို့ စဉ်းစားတယ်။ Strategic Intelligence ရှိတဲ့သူကဘယ်အလုပ်က ရလဒ်အများဆုံးပေးမလဲ စဉ်းစားတယ်။ သာမန်လူကပြိုင်ဘက်ဘာလုပ်နေလဲ လိုက်ကြည့်တယ်။ Strategic Intelligence ရှိတဲ့သူကပြိုင်ဘက်ဘာကြောင့်လုပ်နေလဲ နားလည်တယ်။ သာမန်လူကအခြေအနေဖြစ်လာမှ တုံ့ပြန်တယ်။ Strategic Intelligence ရှိတဲ့သူကမဖြစ်ခင် ကြိုပြင်ဆင်တယ်။ သာမန်လူကဆုံးဖြတ်ချက်တစ်ခုရဲ့ ချက်ချင်းရလဒ်ကို ကြည့်တယ်။ Strategic Intelligence ရှိတဲ့သူကနောက်ဆက်တွဲအကျိုးဆက်တွေကို ကြည့်တယ်။ သာမန်လူကအခွင့်အရေးတိုင်းကို လိုက်ဖမ်းတယ်။ Strategic Intelligence ရှိတဲ့သူကကိုယ့်အတွက်မဟုတ်တဲ့ အခွင့်အရေးကို ငြင်းတတ်တယ်။ AI ခေတ်မှာအဖြေရှာနိုင်တာ အားသာချက်မဟုတ်တော့ဘူး။ အဖြေမှန်မရခင်မေးခွန်းမှန်ကို ရွေးနိုင်တာကအားသာချက်ဖြစ်လာတယ်။

AI ခေတ်မှာ
အဖြေရှာနိုင်တာ အားသာချက်မဟုတ်တော့ဘူး။
Read More »

လူတိုင်းထားတဲ့ စံနှုန်းမတူကြဘူး။

လူတိုင်းထားတဲ့ စံနှုန်းမတူကြဘူး။ ကိုယ့်ရဲ့ ကျန်းမာကြံ့ခိုင်ရေးစံနှုန်း၊အလုပ်အကိုင်စံနှုန်း၊ငွေရေးကြေးရေးစံနှုန်း၊အချစ်ရေးစံနှုန်း၊မိသားစုစံနှုန်း၊အသိုင်းအဝိုင်းစံနှုန်း၊ တိုးတက်မှုစံနှုန်း၊ဘဝအရေအသွေးစံနှုန်း။ ဒီစံနှုန်းမတူဘဝနေထိုင်းမှု စည်းကမ်းတွေမတူ၊ရလဒ်တွေမတူကြဘူး။ ကိုယ့်ရဲ့ စံနှုန်းတွေမြင့်ရင်စည်းကမ်းလဲ မြင့်ဖို့လိုတယ်။ Phyo Paing @ Derek

လူတိုင်းထားတဲ့ စံနှုန်းမတူကြဘူး။ Read More »

လူ့စိတ်ရဲ့ ထူးခြားချက်တစ်ခုရှိတယ်။

ဘဝကို တကယ်ခံစားနေတာထက်ဘဝအကြောင်း ကိုယ့်ခေါင်းထဲက ဇာတ်လမ်းကိုခံစားနေရတာ ပိုများနေနိုင်တယ်။ လူ့စိတ်ရဲ့ ထူးခြားချက်တစ်ခုရှိတယ်။ ဖြစ်ရပ်တစ်ခု ဖြစ်လာတာနဲ့ဖြစ်ရပ်အတိုင်း မထားနိုင်ဘူး။ ချက်ချင်း အဓိပ္ပာယ်ဖွင့်တယ်။ မြင်တယ်။ကြားတယ်။ခံစားတယ်။ ဒီအထိက အတွေ့အကြုံ ပဲ။ ပြီးရင် အတွေးဝင်လာတယ်။ “ဒါဘာလဲ။”“ကောင်းလား၊ ဆိုးလား။”“ငါ့အတွက် ဘာအဓိပ္ပာယ်ရှိလဲ။”“ဘာကြောင့် ဒီလိုဖြစ်တာလဲ။”“နောက်ဘာဖြစ်မလဲ။” ဒီကနေ အတွေ့အကြုံ → အဓိပ္ပာယ်ဖွင့်မှု → ဇာတ်လမ်း → ဒုက္ခ ဖြစ်လာနိုင်တယ်။ ဥပမာ ကိုယ် စာပို့ထားတယ်။တစ်ဖက်က စာမပြန်သေးဘူး။ တကယ့်ဖြစ်ရပ်က ရိုးရိုးလေး။ “စာမပြန်သေးဘူး။” ဒါပါပဲ။ ဒါပေမယ့် စိတ်က ဒီအတိုင်းမထားဘူး။ “သူစိတ်ဆိုးနေတာလား။” “ငါတစ်ခုခု မှားပြောမိလား။” “သူငါ့ကို အရေးမထားတော့ဘူးလား။” “လူတွေက ငါ့ကို အမြဲဒီလိုပဲ။” ဖြစ်ရပ်တစ်ခုကနေဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားတယ်။ အခု ကိုယ်ခံစားနေရတာစာမပြန်တာကို မဟုတ်တော့ဘူး။ ကိုယ့်စိတ်က

လူ့စိတ်ရဲ့ ထူးခြားချက်တစ်ခုရှိတယ်။ Read More »

လွတ်လပ်ဖို့ အရေးအကြီးဆုံးက
လွတ်ချတတ်ဖို့။

အောင်မြင်ချင်ရင် အရေးအကြီးဆုံးက “ဆာလောင်မှု” Hunger ပဲ။ ပြင်းပြတဲ့စိတ်ဆန္ဒတွေအရေးကြီးတယ်။ တိုးတက်ချင်ရင်အရေးအကြီးဆုံးအရာက“ဒူပေဒါပေ”ခံဖို့ပဲ။ အင်္ဂလိပ်စာလေ့လာတယ်။ခက်လို့ လက်လျော့သွားတာမျိုးမဟုတ်ဘူး။ဆက်လက်သင်ယူနေတာ။ လွတ်လပ်ဖို့ အရေးအကြီးဆုံးကလွတ်ချတတ်ဖို့။ Phyo Paing @ Derek

လွတ်လပ်ဖို့ အရေးအကြီးဆုံးက
လွတ်ချတတ်ဖို့။
Read More »

နားမလည်ရင် မှားမယ်။

ဗုဒ္ဓရဲ့ အရေးအကြီးဆုံး သင်ကြားမှုက“ဘုရားကို ယုံပါ” ဆိုတာ မဟုတ်ဘူး။ထူးခြားပါတယ်။ဗုဒ္ဓဘာသာဆိုတာTeachings of Buddha ပါ။ “ကိုယ့်ဒုက္ခ ဘယ်ကလာသလဲ ကိုယ်တိုင် သိအောင်လုပ်ပါ” ဆိုတာပါ။ လူတိုင်း ဒုက္ခက လွတ်ချင်တယ်။ ငွေမရှိလို့ ဒုက္ခရောက်တယ်။ငွေရှိတော့ ဆုံးရှုံးမှာကြောက်တယ်။ ချစ်သူမရှိလို့ ဒုက္ခရောက်တယ်။ချစ်သူရှိတော့ ဆုံးရှုံးမှာကြောက်တယ်။ အောင်မြင်ချင်လို့ ပူလောင်တယ်။အောင်မြင်ပြီးတော့ ကျသွားမှာကြောက်တယ်။ ဒီတော့ ပြဿနာက“မရသေးတာ” တစ်ခုတည်း မဟုတ်ဘူး။ ရပြီးသားကို မပျောက်ချင်တာလည်း ဒုက္ခ။မကြိုက်တာကို မကြုံချင်တာလည်း ဒုက္ခ။ကြိုက်တာကို ထာဝရဖြစ်စေချင်တာလည်း ဒုက္ခ။ ဒီနေရာမှာ ဗုဒ္ဓရဲ့ သင်ကြားမှုက အရမ်းနက်တယ်။ ဗုဒ္ဓက ဒုက္ခရှိတယ်လို့ပဲ မပြောခဲ့ဘူး။ ဒုက္ခ ဘာကြောင့်ဖြစ်တယ်။ဒုက္ခ ချုပ်ငြိမ်းနိုင်တယ်။ချုပ်ငြိမ်းဖို့ ဘယ်လိုကျင့်ရမယ်။ ဆိုတာအထိ စနစ်တကျ သင်ပေးခဲ့တယ်။ ဒါက သစ္စာလေးပါး။ ၁။ ဒုက္ခသစ္စာ

နားမလည်ရင် မှားမယ်။ Read More »

Grok ဆိုတာ သိပ်အထင်မကြဘူး။

ပုံမှန်ဆို အေအိုင်လောကမှာအီလွန်မတ်ရဲ့ Xai က Grok ဆိုတာ သိပ်အထင်မကြဘူး။ Cursor ကို ၆၀ ဘီလီယံနဲ့ဝယ်ပြီးနောက်မှာအခုထွက်လာတဲ့ Grok Bot အေအိုင်ကတော့လုပ်ငန်းရှင်တွေအတွက်တော်တော်လေး အထောက်အကူပြုနိုင်တယ်။ အခုတော့ မဝယ်နဲ့အုံး။ ဘာကြောင့်လဲဆို beta version မိို့လို့။ နောက် သုံးလေးလလောက်ဆိုတော်တော်လေး အဆင်သင့်ဖြစ်လောက်ပြီ။ ဘာတွေ လုပ်လို့ရလဲသိချင်ရင်ယူကျု့မှာတော့ တင်ထားပေးပါတယ်။ Comment မှာ တင်ထားပေးပါတယ်။ Phyo Paing @ Derek

Grok ဆိုတာ သိပ်အထင်မကြဘူး။ Read More »

လူတော်တော်များများမှာ
အချစ်နဲ့ပတ်သက်တဲ့ ပြဿနာဖြေရှင်းပြီးရင်
ကျန်တာက အဲ့လောက်မခက်တော့ဘူး။

အချစ်က ပေးနိုင်တာတစ်ခုကHealing ကုသမှုပဲ။လူတော်တော်များများက ဒဏ်ရာတွေအနည်းနဲ့အများနဲ့ကြီးပြင်းလာကြတယ်။ အချစ်က အဲ့ကုသမှုကိုပေးတယ်။ တစ်ယောက်နဲ့ တစ်ယောက်လိုအပ်ချက် အပြန်အလှန်ဖြည့်ဆည်းရင်းနဲ့ပေါ့။ တည်ငြိမ်ပြီး stable ဖြစ်တဲ့မိသားစုမှာ ကြီးခဲ့သူတွေရဲ့အိမ်ထောင်ရေးက ပို stable ဖြစ်တတ်တယ်။ မိဘတွေ အမြဲရန်ဖြစ်ပြဿနာတွေဖြစ်အိမ်ဆူအိမ်ပူက ပြဿနာပိုများတတ်တယ်။ ဘာကြောင့်လဲဆို တချို့အိမ်ထောင်ရေးကလွတ်မြောက်ဖို့ ရည်ရွယ်ချက်ကြောင့်။ လွတ်မြောက်သွားလားဆိုတော့လဲမလွတ်မြောက်ပြန်ဘူး။ ကိုယ့်ဘဝကိုယ် မကျေနပ်တဲ့သူကိုကျေနပ်အောင်လုပ်ပေးဖို့အတော်ခက်တာ။ တကယ်လို့ ကိုယ့်ဒဏ်ရာကိုကုသနိုင်တဲ့သူနဲ့ဆိုအရာရာက အဆင်ပြေသွားနိုင်တယ်။ စိတ်ပညာမှာ attachment theory ဆိုတာရှိတယ်။Love avoidant အချစ်ကိုရှောင်ပြေးသူ။ဒီထက်ပိုကောင်းတာရနိုင်သေးတယ်။သူ့ကို အကုန်ချစ်လိုက်လို့တလွဲလုပ်သွားမှ ဒုက္ခဆိုတဲ့သူ။ဒါမဟုတ် ထားသွားဒုက္ခမရောက်အောင်ကြိုတင်ပြင်ဆင်မှဆိုတဲ့သူ။ငယ်ဘဝမှာ လိုအပ်ချက်တွေလျစ်လျူရှုခံရတဲ့သူ။ နောက်တစ်ခုက Cautious စိုးရိမ်စိတ်ကြီးသူ။ဖုန်းဆက်လို့မကိုင်သို့လော သို့လောဖြစ်တဲ့သူ။ပြဿနာဖြစ် ဟိုးလေးသကျော်။ငယ်ဘဝမှာ ထားသွားမှာကြောက်တဲ့စိုးရိမ်စိတ်နဲ့ကြီးလာသူ။ ငယ်ငယ်နဲ့မိသားစုတာဝန်တွေထမ်းခဲ့ရသူဖြစ်နိုင်တယ်။ နောက်တစ်မျိုးက secure ဖြစ်တဲ့သူ။တစ်ယောက်ဆိုတစ်ယောက်။အချစ်တွေပုံအပ်တဲ့သူ။ငယ်ငယ် မိဘတွေရဲ့အချစ်အပြည့်နဲ့ကြီးပြင်းလာတဲ့သူ။ Avoidant type နဲ့ Cautious type ဆိုတိုင်ပတ်။လူမှုကွန်ယက်မှာ

လူတော်တော်များများမှာ
အချစ်နဲ့ပတ်သက်တဲ့ ပြဿနာဖြေရှင်းပြီးရင်
ကျန်တာက အဲ့လောက်မခက်တော့ဘူး။
Read More »

အနာဂတ်အတွက်
ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်။

မွေးရာပါမိသားစုနဲ့အမျိုးကတချို့အတွက်က အထောက်အပံ့။တချို့အတွက်က ဝန်ထုတ်ဝန်ပိုး။ ကိုယ့်အလှည့် နောက်လူတွေအတွက်အထောက်အပံ့ဖြစ်ဖို့အတွက်ကိုယ့်ပြဿနာ ကိုယ်ဖြေရှင်းတတ်ဖို့လိုတယ်။ ဒီနေ့ပြဿနာအပြင်အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်။ Phyo Paing @ Derek

အနာဂတ်အတွက်
ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်။
Read More »

ကြိုးစားပြီး ရလာတဲ့ အရသာကို
လူတွေက ပိုစွဲလမ်းသွားကြတယ်။

ငွေများများရှာဖူးတဲ့သူကငွေပိုမက်တယ်။ စာတော်တဲ့သူက စာပိုတော်ချင်တယ်။ ပါဝါအရသာသိတဲ့သူကပါဝါကို ပိုရချင်တယ်။ ခန္ဓာကိုယ် ကြံ့ခိုင်သွားတဲ့သူကပိုကြံ့ခိုင်ချင်တယ်။ တိုးတက်တဲ့သူကပိုတိုးတက်ချင်တယ်။ မွေးရာပါမဟုတ်ကြိုးစားပြီး ရသွားတဲ့အရသာကိုလူတွေ စွဲလမ်းသွားတတ်တယ်။ မွေးရာပါ ချမ်းသာခဲ့တဲ့သူကစွဲလမ်းချင်မှ စွဲလမ်းလိမ့်မယ်။ ဒါပေမယ့် ကိုယ့်လက်ကိုယ့်ခြေနဲ့ကြိုးစားပြီး ရလာတဲ့ အရသာကိုလူတွေက ပိုစွဲလမ်းသွားကြတယ်။ Phyo Paing @ Derek

ကြိုးစားပြီး ရလာတဲ့ အရသာကို
လူတွေက ပိုစွဲလမ်းသွားကြတယ်။
Read More »

စေတနာနဲ့ မလည်
ပါဝါတွေနဲ့လည်နေတယ်။

စိတ်ရင်းစေတနာကောင်းတာမြန်မာ။စေတနာကောင်းရင်ကံကောင်းတယ်ဆိုတဲ့စကားကိုတော့ သိပ်မထောက်ခံချင်တော့ဘူး။စေတနာထား၊ ပေးဆပ်ပြီးကံမကောင်းသူတွေ အများကြီး။ နောက်ပိုင်း ကိုယ့်ကိုကိုယ်အရင်ကြည့်အဲ့လိုပြောရမလားပဲ။ တစ်ကမ္ဘာလုံးကလဲစေတနာနဲ့ မလည်ပါဝါတွေနဲ့လည်နေတယ်။ Phyo Paing @ Derek

စေတနာနဲ့ မလည်
ပါဝါတွေနဲ့လည်နေတယ်။
Read More »